Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီးအတွင်း သစ်တောပျိုးခင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ မေ ၂၂ ရက် နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်နေသည့် တန့်ကြည့်တောင်အထူးစိမ်းလန်းစိုပြည်ရေး စီမံကိန်း ဧရိယာ အတွင်း နှစ်အလိုက်တည်ထောင်စိုက်ပျိုးခဲ့သော တစ်အုပ်တစ်မစိုက်ခင်းနှင့် အထူးစိမ်း စိုက်ခင်း များ၏ အောင်မြင်ရှင်သန်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ ၂၀၂၁ ခုနှစ် မိုးရာသီတွင်စိုက်ပျိုးမည့် အထူးစိမ်း စိုက်ခင်းများ၏ မြေကျင်းတူးပြီး စိုက်ရန်အသင့်ဖြစ်နေသည့်ခြေအနေများ၊ စိုက်ခင်းများအား ရေလောင်း စိုက်ပျိုးရန် ကွန်တိုမြောင်းများတွင် ရေပိုက်သွယ်တန်းထားရှိမှုနှင့် မြစ်ရေတင် ပြင်ဆင် ဆောင်ရွက် မှုများ၊ သဘာဝတောကျန် ထိန်းသိမ်းကာကွယ်ထားမှု အခြေအနေများ၊ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးရန် ပျိုးပင်များအား ယောချောင်းမှရေတင်၍ ပျိုးထောင်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်ပင် ကန် အမြဲတမ်းပျိုးဥယျာဉ်ရှိ ပျိုးပင် ၁၃၀,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုကို ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချောက်မြို့နယ်၊ သံဘိုကျေးရွာ အုပ်စု၊ သံဘိုကျေးရွာရှိ အိမ်ခြေ ၁၀၅ အိမ်အတွက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာနက တစ်အိမ်လျှင် ဂါလန် ၂၀၀ ဆန့် ကွန်ကရစ်မိုးရေစုကန်နှင့်ရေတံလျှောက် တည် ဆောက် တပ်ဆင်ပံ့ပိုးထားမှုနှင့် သုံးစွဲနေမှုများ၊ စွမ်းအားမြှင့်မီးဖို ဖြန့်ဝေပေးထားမှုများကို ကြည့်ရှု စစ်ဆေးပြီး ကျေးရွာရပ်မိရပ်ဖ၊ ကျေးရွာသူ/ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)