Skip to main content

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၂၂

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး သဘောတူစာချုပ်ကို  နှစ်နိုင်ငံကိုယ်စားလှယ်များ ချုပ်ဆိုခဲ့ကြသည်။

ယင်းသို့ချုပ်ဆိုပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကိုယ်ရေးအချက်အလက်များ (၆) ကြိမ် မြောက်အထိ ပေးပို့ခဲ့ရာတွင် စိစစ်ပြီးသည့်အိမ်ထောင်စု (၁၀၃၅၆)စု၊ လူဦးရေ (၄၅၈၅၁)ဦးတို့ အနက် မြန်မာနိုင်ငံတွင်နေထိုင်ခဲ့ကြောင်း အထောက်အထားတွေ့ရှိသူ (၃၀၂၀၆)ဦး၊ ပြည်ထဲရေး ဝန်ကြီးဌာန၏ စိစစ်ချက်အရ အကြမ်းဖက်စာရင်းတွင်ပါဝင်နေသူ (၃၈၄)ဦး နှင့် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထားမတွေ့ရှိသူ (၁၅၂၆၁)ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

စိစစ်တွေ့ရှိမှုများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ပေးပို့၍ မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သည့် အထောက်အထားတွေ့ရှိသူများကို ပြန်လည်စေလွှတ်ပေးရန် အကြိမ်ကြိမ်အကြောင်းကြား ညှိနှိုင်းခဲ့သော်လည်း ဆောင်ရွက်မှုမရှိသေးကြောင်း စိစစ်တွေ့ရှိရသည်။

သို့ရာတွင် တစ်ဖက်နိုင်ငံတွင် ရောက်ရှိနေသော နေရပ်စွန့်ခွာသူများမှ အခက်အခဲ အမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်လိုသဖြင့် ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD/CHRD) ကော်မတီသို့ ဆက်သွယ်၍ မိမိအစီအစဉ်ဖြင့် မိသားစု အလိုက် ပြန်လည်ဝင်ရောက်လာခဲ့ရာ ယနေ့အထိ စုစုပေါင်း အင်အား (၇၉၀) စိစစ်လက်ခံခဲ့ပြီး တာဝန်ရှိသူများက နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) များ စိစစ်ထုတ်ပေး ခဲ့သည်။

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်စွန့်ခွာသူများသည် ၎င်းတို့ဆန္ဒအရ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေး နှင့် ၎င်းတို့၏ ရေရှည်ဘဝရပ်တည်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ စီမံချက် များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)