Skip to main content

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော် ဆီ၊ ဆား၊ ပဲ ၊ အမယ်လေးမျိုး၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

 

နေပြည်တော် မေ ၂၁

 

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့ နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများ တွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်ရှိ ကျောင်းတိုက်များမှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရခိုင် ပြည်နယ် အမ်းမြို့ရှိ ကျောင်းတိုက်များမှ သံဃာတော် များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်၍ ဆက်ကပ် လှူဒါန်းကြ သည်။

 

ထို့အပြင် မွန်ပြည်နယ် မော်လမြိုင်မြို့ ကျိုက္ခမီ ကျောင်းတိုက်ရှိ သံဃာတော်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ရှိ နယ်လှည့်ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်