နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း
ယမန်နေ့ မှအဆက်
Myanmar Public Pressမှတာဝန်ခံ အယ်ဒီတာနှင့် လွှတ်တော်ပြင်ပ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ ဘဝမြှင့်တင်ရေးအဖွဲ့မှ ဗဟိုဥက္ကဋ္ဌ ဒေါက်တာ စိုးမြင့်ဦးက ကျောင်းသားများ လုံခြုံရေးအတွက် အဖွဲ့အစည်း တွေက ပူးပေါင်းပါဝင်၍ရသည်ဟု ပြောကြားခဲ့ ကြောင်း၊ ဘယ်လို ဆက်သွယ်ရမလဲ၊ ဘယ်လို ချိတ်ဆက်ပြီး ပူးပေါင်းပါဝင်လို့ရ သလဲ သိလိုပါကြောင်း မေးမြန်းသည်။
ဝမ်းမြောက်ဝမ်းသာကြိုဆို
ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရမည်ဖြစ် ကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနသည် တာဝန်ခံဝန်ကြီးဌာနအနေဖြင့် ဆောင် ရွက်လျက်ရှိကြောင်း၊ မြို့နယ်အလိုက်၊ တိုင်းအလိုက် ဆက်သွယ်လိုလျှင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ တိုင်းစီမံအုပ်ချုပ် ရေးကောင်စီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးများနှင့် ဆက်သွယ်၍ရကြောင်း၊ ဆက်သွယ် ဆောင်ရွက်လာမှုများကိုလည်း ပြည်သူ လူထု၏ ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံ ၏ ပညာရေးစနစ်ကာကွယ်ရေး၊ လုံခြုံ ရေးကို ဆောင်ရွက်ပေး သည့်သူများဖြစ် သည့်အတွက် မိမိတို့အနေဖြင့် အထူး ဝမ်းမြောက်ဝမ်းသာကြိုဆိုပြီး ကျေးဇူး တင်ကြောင်းဖြေကြားသည်။
Myanmar Public Press တာဝန်ခံအယ်ဒီတာနှင့် လွှတ်တော်ပြင်ပ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူဘဝမြှင့်တင်ရေးအဖွဲ့မှ ဗဟို ဥက္ကဋ္ဌ ဒေါက်တာ စိုးမြင့်ဦး က နိုင်ငံတော် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပြည်သူများ အတွေးအခေါ် မှန်ကန်ပြီး မှန်ကန်သည့် မျိုးချစ်စိတ် သို့မဟုတ် နိုင်ငံချစ်စိတ်ရှိရန် အရေးကြီး သည်ဟုထင်ပါကြောင်း၊ ထိုသို့ဖြစ်ပေါ်ရန် အတွက် နိုင်ငံအကျိုးပြုမီဒီယာများ၊ လူမှုအဖွဲ့အစည်းများ၊ ၎င်းတို့၏ အခန်း ကဏ္ဍကလည်း အရေးကြီးသည်ဟု ထင်ပါကြောင်း၊ မိမိနိုင်ငံ၏ ခေတ် အဆက်ဆက်အစိုးရများသည် မီဒီယာ နှင့် အရပ်ဘက်အဖွဲ့အစည်းများကို အလေးပေးမှုအားနည်းခဲ့သည်ဟု ထင်ပါ ကြောင်း၊ ဂရုစိုက်မှု၊ စိတ်ဝင်စားမှုနည်း သည်ဟု ထင်ပါကြောင်း၊ ကာလများ ကြာလာသည့်အခါတွင် အချို့နိုင်ငံများ သည် ၎င်းတို့ အကျိုးစီးပွားအတွက် မီဒီယာနှင့် CSO များကို ကောင်းကောင်း အသုံးချပါကြောင်း၊ ထောက်ပံ့ပေးပြီး လိုရာပုံသွင်းပါကြောင်း၊ ၎င်းတို့၏ အကျိုးစီးပွားကို ဖြစ်ထွန်းအောင် လှည့်ပတ်ပြောဆို၊ နည်းမျိုးစုံဖြင့် မြှောက်ပင့်၊ သတင်းဆိုလျှင်လည်း ထုတ်လုပ်မှုအတတ်ပညာမျိုးစုံဖြင့် အတု နှစ်ခု သီအိုရီများ ၁၈+၂၀ သီအိုရီများ၊ ၎င်းတို့က သီအိုရီများဖြင့် လုပ်လာခြင်း ကြောင့် မိမိတို့ပြည်သူများသည် အတွေး အခေါ်များ လမ်းချော်လာသည်ဟု ထင်ပါကြောင်း၊ မိမိအနေဖြင့် မီဒီယာကို လျှော့မတွက်စေလိုပါကြောင်း၊ မီဒီယာ ဆိုသည်မှာ အင်အားအပြင်းဆုံး လက်နက်ဖြစ်ပါကြောင်း၊ မီဒီယာနှင့် ပတ်သက်၍ နိုင်ငံအကျိုးပြုမီဒီယာများ အားကောင်းလာရန်၊ နိုင်ငံအကျိုးပြု CSO များ အားကောင်းလာရန်နိုင်ငံတော်ဘက် မှ မည်သို့ဆောင်ရွက်ပေးနိုင် မည်ကို သိလိုပါကြောင်း မေးမြန်းသည်။
မီဒီယာဖွံ့ဖြိုးတိုးတက်ရေး
ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာ များနှင့်ပတ်သက်၍ဖြစ်စေ၊ လှုံ့ဆော်ဝါဒ ဖြန့်ချိမှုများနှင့် ပတ်သက်ပြီးဖြစ်စေ၊ မိမိအနေဖြင့် သင်ခဲ့ဖူးသည့်စစ်ပညာနှင့် ပတ်သက်ပြီးပြောရလျှင် Weapons of Mass Attractionဆိုခြင်းဖြစ်ပြီး၊ Weapons of Mass Destruction အစုလိုက် အပြုံလိုက်သေစေနိုင်သည့် လက်နက် များဖြစ်သည့် နျူကလီးယား၊ ဓာတု လက်နက်၊ ဇီဝလက်နက်များကို လူများ က အန္တရာယ်ရှိသည်ဟု ထင်ကြပါ ကြောင်း၊ အမှန်တကယ် ပိုပြီးအန္တရာယ် များသည်မှာ Weapons of Mass Attraction အစုလိုက်အပြုံလိုက် ဆွဲဆောင် သည့် လက်နက်ဖြစ်ပြီး ထိုလက်နက် ' သည် မီဒီယာဖြစ်ပါကြောင်း၊ ထိုအရာနှင့် ပတ်သက်ပြီး စစ်ပညာရှိများ၏ သက်မှတ်ချက် သည် ထိုအတိုင်း သတ် မှတ်ထားပါကြောင်း၊ မိမိတို့နိုင်ငံ၏ သတ်မှတ်ချက် မဟုတ်ပါကြောင်း၊ အခြားအယူအဆများဖြစ်ပါကြောင်း။
WMD-Weapons of Mass Destruction အနေဖြင့် သတ်ပစ်နိုင်သည်က မြို့တစ်မြို့၊ ခရိုင်တစ်ခု၊ တိုင်းပြည်တစ်ခု သတ်လျှင် သတ်နိုင်ပါကြောင်း၊ သို့သော် Weapons of Mass Attraction အနေဖြင့် လူများ၏ ဦးနှောက်၊ စိတ်ဓာတ်ကို Parallax ဖြစ်သွားရန် လုပ်ခြင်းဖြစ် ကြောင်း၊ လူသားမျိုးဆက် တစ်ဆက်၊ နှစ်ဆက်ထိ လုပ်နိုင်သည်ဟု အယူအဆ ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် မီဒီယာကို စတုတ္ထ မဏ္ဍိုင်အဖြစ် ယခင်ကတည်းက အသိ အမှတ်ပြုထားပြီး ဖြစ်ပါကြောင်း၊ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ မီဒီယာ များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ မီဒီယာများ အဆင့်မြင့်လာနိုင်ရန် မြဝတီ မီဒီယာစင်တာဖွင့်လှစ်ပြီး ဆောင်ရွက် လျက်ရှိပါကြောင်း၊ မီဒီယာများအနေဖြင့် လည်း သတင်းမီဒီယာသာမက၊ ရုပ်ရှင်ဆို လျှင်လည်း ရုပ်ရှင်သည် ပြည်သူ့အတွက်၊ စာပေဆိုလျှင် စာပေမြင့်မှလူမျိုးတင့်မည် ဆိုသည်များကိုလည်း လိုက်နာနိုင်ရန် လိုပါကြောင်း၊ မိမိပြောနိုင် သည်မှာ Media Development Group သို့မဟုတ် Media Development Organization အဖွဲ့မျိုးဖြစ် ပေါ်လာစေရန် လုပ်ဆောင် လျက်ရှိပါကြောင်း၊ လုပ်ဆောင်ချက်များတွင် ပြည်တွင်းမီဒီယာများ ဖွံ့ဖြိုး တိုးတက်လာရန်အတွက် အစိုးရအနေဖြင့် မည်သို့ကူညီရမည်နည်းဆိုသည့် အချက်မျိုးပါလာနိုင်စေရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုထက် ပိုမပြောနိုင် ပါကြောင်း၊ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အကောင်အ ထည်ပေါ်လာနိုင် သည်ဟု ပြောလိုပါကြောင်း ဖြေကြားသည်။
သူရိယနေ၀န်းဂျာနယ်မှ သတင်း ထောက်ဝေဖြိုးကျော်ကမတရားအသင်း ကြေညာခံထားရသည့် CRPH သည် ၂၀၂၁ ခုနှစ်၊ ဧပြီလ၁၆ရက်နေ့တွင် NUG ဟုခေါ်သည့် တရားမဝင် အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပါကြောင်း၊ NUG ဆိုသည့် တရားမဝင် အစိုးရက မေလ ၅ ရက်နေ့ တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို တရားမဝင် ဖွဲ့စည်းခဲ့ပြီး လက်ရှိ တရားဝင်အစိုးရဖြစ်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရနှင့် မြန်မာ့ တပ်မတော်ကို လက်နက်ကိုင် အကြမ်း ဖက် တိုက်ခိုက်သွားမည်ဟု ကြေညာခဲ့ ပါကြောင်း၊ NUG တရားမဝင်အစိုးရ၏ ထိပ်စီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို နိုင်ငံတော်အတိုင်ပင်ခံရာထူး၊ သမ္မတရာထူးတာဝန်များ ခန့် အပ်ထည့်သွင်းထားသည်ကို တွေ့ရပါ ကြောင်း၊ NUG တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးဝင်းမြင့်တို့ကို ထည့်သွင်း ထားခြင်းကြောင့် ထည့်သွင်းထားခြင်း ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့က ယင်းတို့ ထည့်သွင်းထား ခြင်းအပေါ် ကျေနပ်မှု ရှိနိုင်ပါသလား။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် တို့ကိုယ်တိုင်က NUG တွင် ပါဝင်ခြင်းကို သဘောတူခြင်း၊ ထို့အပြင် NUG တွင် လုပ်ဆောင်နေသည့် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ PDF၏လက်နက်ကိုင်အကြမ်း ဖက်လုပ်ရပ်များကို သဘောတူ ထောက် ခံသည့်အဓိပ္ပာယ်မျိုးပုံစံ ဖြစ်ပေါ်လာပါက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် တို့ နိုင်ငံရေး ဆက်လက်လုပ်ကိုင်နိုင်ခွင့် ရှိနိုင်ပါသလား။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ တာဝန်ယူထားသည့် NLD ပါတီ၊ CRPH နှင့် NUG တို့အား တိုက်ရိုက် ဆက်နွယ် ပတ်သက်နေသည့်အတွက် ကြောင့် တရားဝင်ရပ်တည် လှုပ်ရှားနိုင် သည့် နိုင်ငံရေးပါတီတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ခွင့် ရှိပါသလား ဆိုသည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သဘောထားကို သိလိုပါ ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထား သည်များလည်း ပြောပြီးဖြစ်ပါကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းများကို အားပေးကူညီလျှင်၊ ပါဝင်လျှင် ဥပဒေ နှင့်ငြိသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများကိုလည်း ပြောပြီးဖြစ်ပါ ကြောင်း၊ ထည့်သွင်းဖွဲ့စည်းထားခြင်းကို မိမိတို့တွေ့ရပါကြောင်း၊ ထည့်သွင်းထား ခြင်းနှင့်ပတ်သက်ပြီး ကာယကံရှင်များ ကိုယ်တိုင် သဘောတူညီမှုရှိ/မရှိ မသိရ ပါကြောင်း၊ သဘောတူညီ ချက်ရှိသည် ဟုလည်း ယူဆ၍မရပါကြောင်း၊ နိုင်ငံရေးပါတီများနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထား ပြီးဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် ပုဒ်မ ၄၁၇ (ခ) အရ နိုင်ငံတော်ကို လက်နက်စွဲကိုင်တော်လှန်နေသည့် သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက် လုပ်ရပ်များ ကို ကျူးလွန် သည်ဟု နိုင်ငံတော်က သတ်မှတ်ထား သည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသည့် အဖွဲ့များနှင့် ( တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ် ခြင်း၊ အားပေးကူညီခြင်း ရှိလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိ စေရဟု ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ တွင်လည်း အသေးစိတ် ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေအရ ငြိစွန်းမှုရှိလာလျှင် ဥပဒေအတိုင်း ဆောင် ရွက်ရမည်ဖြစ်သည်ဟု ပြန်လည်ဖြေ ကြားသည်။
မြန်မာသံတော်ဆင့် သတင်းစာမှ အတိုင်ပင်ခံအယ်ဒီတာ ဦးကိုကိုကြီးက ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် များသည် ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စားပြုကော်မတီနှင့် ပတ်သက်မှု မရှိရဟူ၍ ခရိုင်စီမံအုပ်ချုပ်ရေး ရုံးများ တွင် မတ်လနောက်ဆုံး လက်မှတ်ထိုးရန် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့ပါ ကြောင်း၊ ယနေ့အထိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် မည်မျှ လက်မှတ်ထိုးပြီးသည်ကို သိလိုပါ ကြောင်းနှင့် လက်မှတ်မထိုးသည့် လွှတ်တော်ကိုယ်စားလှယ်များကို မည်သို့ အရေးယူသည်ကို သိလိုပါကြောင်း၊ ထွက်ပြေးနေ သည့် လွှတ်တော်ကိုယ်စား လှယ်များကိုလည်း အိမ်နီးချင်းနိုင်ငံများ နှင့် ပူးပေါင်းပြီး အရေးယူရန် အစီအစဉ် ရှိ/ မရှိ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း က ပါတီ အသီးသီး၏လွှတ်တော်ကိုယ်စားလှယ် များသည် တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ဆက် သွယ်ပြီး CRPHနှင့်မပတ်သက်ကြောင်း လက်မှတ်ထိုးထားသည့်သူများ ရှိပါ ကြောင်း၊ လက်မှတ်ထိုးထားသည့် အရေ အတွက်ကို ၎င်းတို့၏ လုံခြုံရေးအခြေ အနေအရ ပြော၍မရပါကြောင်း၊ ၎င်းတို့ အနေဖြင့် ငြိမ်းချမ်းစွာ နေထိုင်လျက်ရှိ ပါကြောင်း၊ CRPHနှင့် ပတ်သက်သူများ၊ CRPH နှင့် ဆက်နွယ်ပြီး အခြားနိုင်ငံ များတွင် ရောက်နေသူများလည်း ရှိပါ ကြောင်း၊ ဤနိုင်ငံအတွင်း ရှိနေသူများ လည်း ရှိပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် ကြေညာထားပြီး ဖြစ်သည့်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ အရသာ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မူဝါဒ ကိုလည်း ပြောပြီးဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၏မူဝါဒသည် မိမိတို့နိုင်ငံအတွင်း၌ နေပြီး အိမ်နီးချင်းနိုင်ငံများကို ဆန့်ကျင် ပြီးလုပ်နေသည့်သူများကို လက်ခံမည် မဟုတ်ကြောင်း၊ ထို့အတူ မိတ်ဆွေနိုင်ငံ များကလည်း ၎င်းတို့နိုင်ငံထဲ၌နေပြီး မိမိတို့ကို ဆန့်ကျင်ဘက်လုပ်နေသည့် အဖွဲ့ အစည်းများကို လက်ခံနိုင်လိမ့် မည်မဟုတ်ဟု မြင်ပါကြောင်း ပြန်လည် ဖြေကြားသည်။
မြန်မာသံတော်ဆင့် သတင်းစာမှ အတိုင်ပင်ခံအယ်ဒီတာ ဦးကိုကိုကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့် ပန်းခင်းစီမံ ချက်ဆိုပြီး မေလ ၃ ရက်နေ့မှစ၍ အကောင်အထည် ဖော်နေပါကြောင်း၊ ယခင်အစိုးရအဆက်ဆက်တွင်သွေးနှော ဆိုပါက မြို့နယ်၊ ခရိုင်၊ တိုင်း စသဖြင့် တင်ရပါကြောင်း၊ တင်ပြီး အနည်းဆုံး တစ်နှစ်ခန့်ကြာပြီးမှ မှတ်ပုံတင်ရရှိ ကြောင်း၊ ယခု စီမံချက်အသစ်တွင် မည်သို့သော ဖြေလျှော့မှု များနှင့် ဆောင် ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
တစ်နိုင်ငံလုံးဆောင်ရွက်ရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သွေးနှောများနှင့်ပတ်သက်၍ ပန်းခင်းလမ်းစီမံချက် နှစ်မျိုးဆောင်ရွက် ပါကြောင်း၊ တစ်ခုမှာ မွေးရာပါနိုင်ငံသား ဖြစ်သည့် တိုင်းရင်းသားများကို ဆောင်ရွက်ပြီး နောက်တစ်ခုမှာ ဥပဒေ အရ နိုင်ငံသားဖြစ်ကြောင်း၊ ဥပဒေအရ နိုင်ငံသားသည်၎င်းတို့၏ အချက်အလက် များအပေါ် မူတည်၍ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားအက်ဥပဒေအရ ဆောင်ရွက်ရ ခြင်းဖြစ်ကြောင်း၊ အချက်အလက်စုံ သည်ဆိုပါက မြို့နယ်ကတင်ပြပြီး ခရိုင် တွင် လုပ်ငန်းပြီးပြတ်ကြောင်း၊ အချက် အလက်မစုံလင်၊ အထောက်အထား မရှိ ပါက ဗဟိုအဆင့် ဝန်ကြီးငါးဦးနှင့် ဆုံးဖြတ်သည့် ဗဟိုဘုတ်ကိုတင်ပြပါ ကြောင်း၊ ထိုအဆုံးအဖြတ်ကို ရယူပြီးမှ ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးဆောင်ရွက်ရသည့်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရ မည်ဖြစ်ကြောင်း ဖြေကြား သည်။
လူထုကလောင် သတင်းဂျာနယ်မှ သတင်းထောက် ဦးနန္ဒကျော်စွာက အကြံ ပြုပြောကြားရာတွင် အသေးစားချေးငွေ နှင့် ပတ်သက်ပြီး အနည်းငယ်တင်ပြလိုပါ ကြောင်း၊ ချေးငွေနှင့် ပတ်သက်ပြီး အသေးစားငွေရေးကြေးရေးကြီးကြပ်မှု လုပ်ငန်းကော်မတီက ကြီးကြပ်ပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၄ရက် နေ့က တစ်ကြိမ်၊ ဖြည့်စွက်အမိန့် ၆/၂၀၂၀ ဆိုပြီး အောက်တိုဘာလတွင် ထပ်ထုတ်ပါကြောင်း၊ ထိုအထဲတွင် အသင်းဝင်များကို အတင်းအကျပ် မကောက်ခံရန်ဟူ၍ ပါရှိကြောင်း၊ သို့သော် အောက်ခြေသို့ ယင်းညွှန်ကြား စာများ မရောက်သည့်အတွက် ဝန်ထမ်း များက ပြည်သူများကို အတင်းအကျပ် ပြန်ကောက်ခံကြောင်း၊ ထို့ကြောင့် ပြည်သူများကအတိုးကြီးကြီးနှင့် အပြင် ကယူကြကြောင်း၊ ယူပြီး အတိုးကြီးကြီး နှင့် ပြန်ဆပ်ရသည့်အခါအချို့ ကငွေကျ သွားပြီး ၎င်းတို့အလှည့်တွင် ငွေကိုပြန် မချသည့်အခါ အောက်ခြေတွင် ဒုက္ခဖြစ် နေကြောင်း၊ ထို့ကြောင့် ချေးငွေနှင့် ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းချေးငွေကို စက်တင်ဘာလတွင် နောက်ဆုတ်ပေးခဲ့ ကြောင်း၊ အသေးစားချေးငွေလုပ်ငန်းမှ ကိုဗစ်ကာလက စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအတွက် ချေး ထားသည့် ချေးငွေများကို ခြောက်လ နောက်ဆုတ်ပေးသကဲ့သို့ ပြည်သူလူထု ကို အသေးစားချေးငွေများကိုလည်း ကာလတစ်ခုသတ်မှတ်ပြီး နောက်ဆုတ် ပေးရန် မြို့နယ်ကောင်စီအဆင့်ဆင့်မှ ကြီးကြပ်သွားမည်ဆိုပါက အခက်အခဲ တစ်ခုဖြေရှင်းနိုင်မည်ဟု ထင်မြင်ကြောင်း ပြောကြားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အကြံပြု ချက်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူလူထုချေးငွေနှင့် ပတ်သက်ပြီး ဖြစ်ပျက်နေမှုများကို သိရသည့်အတွက် လည်း ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားသည်။
Myanmar Nation သတင်းဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ပြန်ကြားရေးနှင့် ပတ်သက်သည့် သတင်း များကို အချိန်နှင့်တစ်ပြေးညီ update မြှင့်တင်ပေးနိုင်အောင် ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်း၊ အဘယ် ကြောင့်ဆိုသော် မိမိတို့နိုင်ငံသည် Fake News များကိုအလွန်ယုံကြည်နေကြသည့် ပြည်သူလူထုက ပိုများပြားပါကြောင်း၊ နိုင်ငံပိုင်သတင်းဌာနအနေဖြင့် MWD, MRTVကဲ့သို့ သတင်းဌာနများကို ပိုင်ဆိုင် ထားပါလျက် ထို Fake News များကို ပြန်လည် မချေဖျက်နိုင်ခြင်းမှာ အဘယ် ကြောင့်ဆိုသည်ကို သိလိုပါကြောင်း၊ တမင်မချေဖျက်ခြင်း ဆိုပါကလည်း အစိုးရအနေဖြင့် အကြောင်းကိစ္စမရှိ သော်လည်း ထို Fake News များကို ယုံကြည်နေရသည့် ပြည်သူများသည် ၇၀ ရာခိုင်နှုန်းမကရှိပါကြောင်း၊ ဥပမာချင်းပြည်နယ် မင်းတပ်မြို့ ဖြစ်စဉ်ကဲ့သို့ မင်းတပ်မြို့ ကျသွားပြီဆိုသည့် သတင်း မျိုးသည် PSI စလောင်းများ ဖြုတ်ထား သည်ဖြစ်စေ၊ အင်တာနက်များ ပိတ်ထား သည်ဖြစ်စေ Fake News များက ရအောင်လွှမ်းမိုးနေပါကြောင်း၊ သတင်း မှန်များကို နိုင်ငံပိုင်သတင်းဌာနများက အချိန်နှင့်တစ်ပြေးညီ မကြေညာပေး သည့်အတွက် ပြည်သူများက Fake News များကို ယုံကြည်နေရပါကြောင်း၊ နိုင်ငံပိုင်မီဒီယာများသည် ကိုရီးယားကား များနှင့် ပြီးဆုံးနေကြောင်း၊ သတင်းများ နှင့်ပတ်သက်၍ update ဖြစ်နိုင်အောင် ဗိုလ်ချုပ်တို့အနေဖြင့် ပြုလုပ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံပိုင် မီဒီယာများနှင့် ပတ်သက်ပြီး ထောက်ပြ သည့်အချက်ကို မိမိတို့လက်ခံ ပါကြောင်း၊ မှန်လည်းမှန်ကန်ပါကြောင်း၊ အခက်အခဲ အားဖြင့် မိမိတို့ လုပ်ဆောင်နေသည့် လက်တွေ့ လုပ်ငန်းနှင့်သာ ပြောလိုပါ ကြောင်း၊ ယခင်ကလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ MRTV ဘက်ကလည်း ပြန်ကြားရေး၏ Facebook စသည်ဖြင့်ရှိကြောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာနရှိ သတင်းအဖွဲ့များက Online မှ သတင်းတင်ခြင်းသည် အမြန် ဆုံး ဖြစ်ကြောင်း၊ Online မှလည်း တင်ခဲ့ကြောင်း၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သည်လည်း သတင်း များကို နာရီပိုင်းအတွင်း တင်ခဲ့ကြောင်း၊ သို့သော် Facebook မှ တစ်ဖက်သတ် မိမိတို့၏ သတင်း page များ အားလုံးကို ပိတ်လိုက်ကြောင်း၊ ယင်းသည်လည်း သူ့ လုပ်ငန်းနှင့် သူပင်ဖြစ်၍ မိမိတို့အနေဖြင့် သွားပြောနေ၍မရကြောင်း၊ သတင်း လွှမ်းမိုးမှုဆိုသည့်အပိုင်းတွင် ပြည်သူ လူထုက အင်တာနက်နှင့် ပတ်သက်၍ အများအားဖြင့် အသုံးပြုနေသည်မှာ Facebook ဖြစ်ကြောင်း၊ ထိုသို့ဖြစ်အောင် လည်း အခြေအနေများက ဖန်တီးနေ ကြောင်း၊ ယင်းအပေါ်ကိုမူ လွှမ်းမိုး၍ မရပါကြောင်း၊ သူများ platform အပေါ် တွင်လည်း မိမိတို့လည်း ရပ်တည်၍ မရပါကြောင်း၊ အပြစ်ပြော၍လည်းမရပါကြောင်း။
သတင်းမှန် ပြန်ကြားရေးကဏ္ဍ
စတင်ဆောင်ရွက်နေ သို့သော် မိမိတို့ပိုင်သည့် မီဒီယာများ ထဲတွင် MWD ဆိုလျှင်လည်း နာရီစဉ် သတင်းလွှင့်နေ ကြောင်း နာရီစဉ်သတင်း ဆိုသည်မှာ တစ်နာရီတစ်ကြိမ် သတင်း လွှင့်သည့် လုပ်ငန်းများကို စတင်ဆောင် ရွက်နေကြောင်း၊ ယင်းသည်လည်း ပြည်သူလူထု ချက်ချင်းသိလိုသည့် update သတင်းမဟုတ်သေးပါကြောင်း၊ သို့သော် နိုင်ငံပိုင်သတင်းဌာနများ ဖြစ် သည့်အတွက် သတင်းမှန်ရမည်၊ မြန်ရ မည်ဟုဆိုရာတွင် မှန်ရမည်ဆိုသည့် အချက်သည် အဓိကလွှမ်းမိုးနေကြောင်း၊ မှန်ရမည်ဆိုသည့်အတွက် အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် စစ်ဆေး သည့်အခါ သတင်းသည် မြန်သင့် သလောက်မမြန်သည်ကို တွေ့ရှိရပါ ကြောင်း၊ နောက်ပိုင်းတွင် သတင်းမှန် ပြန်ကြားရေးကဏ္ဍဆိုပြီး စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်း၊ သတင်းမှန် ပြန်ကြားရေးကဏ္ဍဆို သည်မှာ လူမှုကွန် ရက်ပေါ်တွင်ဖြစ်စေ၊ အခြားကဏ္ဍများ တွင်ဖြစ်စေ သတင်းများ ဖြစ်ပေါ်လာ သည်နှင့်တစ်ပြိုင်နက် မေးနိုင်အောင် စီစဉ်ဆောင်ရွက်ပြီး အမေးအဖြေနှင့် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင်လည်း ချွတ်ယွင်းချက်တစ်ခုရှိနေဦး မည်ဖြစ်ကြောင်း။
ယင်းတို့သည် မိမိတို့၏ TV Platform, သတင်းစာ Platform ပေါ်တွင် ရှိနေသည်ဖြစ်သည့်အတွက် Online ပေါ် တွင် ပျံ့ရန်ခက်ခဲမည်ဖြစ်ကြောင်း၊ ဥပမာ အားဖြင့် သတင်းစာရှင်းလင်းပွဲကို ပြောရ မည်ဆိုလျှင် MRTV, MWD, MITV စသည် တို့မှ Live လွှင့်နေပါကြောင်း၊ ထို့အပြင် လူမှုကွန်ရက် စာမျက်နှာများတွင် ဖြန့်ချိ သူအချို့ လည်းရှိကြောင်း၊ ယင်းသည် လည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေ စဉ်အတွင်း မိနစ် ၃၀ ခန့်ရောက်လျှင်ပင် ပြန်ပြုတ်ကျသွားကြောင်း၊ ယင်းသည် လက်တွေ့ဖြစ်စဉ်များ ဖြစ်ကြောင်း၊ သတင်းထောက်ကြီး ပြောသွားသည့် ထောက်ပြ ပြောဆိုချက်များအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအနေနှင့်ရော MWD အနေနှင့် ပါ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဟု ပြောလိုကြောင်း ဖြေကြားသည်။
Myanmar Nation သတင်းဌာနမှ သတင်းထောက်ဒေါ်ဆွေဇင်ဦးက မိမိတို့ ဒကာ၊ ဒကာမများက ဆရာတော် ဦးဝီရသူနှင့်ပတ်သက်၍သွေးမအေးသေး ပါကြောင်း၊ စိုးရိမ်ပူပန်မှုများလည်း များစွာရှိနေပါကြောင်း၊ ဆရာတော်နှင့် ပုဒ်မအတူတူ တပ်ခံရသည့်သူများ လွတ်လာပြီဖြစ်ကြောင်း၊ ဆရာတော်မှာ ယခုအချိန်အထိ လွတ်မြောက်ခြင်းမရှိ သေးပါကြောင်း၊ ဆရာတော်ကို ကြေညာ ထားသည့် ပုဒ်မများတင်မကဘဲ အခြား ပုဒ်မများ ဆက်တိုးနေခြင်း ရှိ/ မရှိ သို့မဟုတ် ဆရာတော်သည် ထောင်ထဲ တွင် ထပ်မံတိုးနိုင်လောက်သည့် ပုဒ်မ များရှိနေခြင်းဟုတ်/မဟုတ်၊ သို့မဟုတ် ဆရာတော်ကို ပြန်လွှတ်ပေးလိုက်သည် ကို ဆရာတော်၏ လုံခြုံရေးအရ သတင်း မထုတ်ပြန်သေးခြင်းလား ဆိုသည်ကို တိတိကျကျ သိလိုကြောင်း မေးမြန်း သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆရာတော်၏ ကိစ္စနှင့်ပတ်သက်၍ စုံစမ်းမေး မြန်းပြီးလျှင် ပြန်လည်ပြောကြားပေး မည်ဖြစ်ကြောင်း ဖြေကြားသည်။ ခေတ်ပုံရိပ် သတင်းဂျာနယ်မှ သတင်းထောက် ဦးရဲရင့် (မိုးမိတ်)က တရားစီရင်ရေး မဏ္ဍိုင်နှင့် ပတ်သက်၍ တရားစီရင်မှုများတွင် မတရားမှုများ မဖြစ်ရအောင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် တရားရေးကို ဖြောင့်မတ်သွားအောင် အမြန်ဆုံး လုပ်ပေးနိုင်ခွင့်ရှိ/မရှိဆိုသည်ကို သိလိုပါ ကြောင်း မေးမြန်းသည်။
ချွတ်ယွင်းချက်များရှိပါကတိုင်ကြားနိုင်
ဗိုလ်ချုပ် ဇော်မင်းထွန်းက တရား စီရင်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ချွတ်ယွင်း ချက်များရှိပါကလည်း တိုင်ကြားနိုင် သည့် နေရာများရှိပါကြောင်း၊ နိုင်ငံသားတိုင်းက လည်း တိုင်နိုင်ခွင့်ရှိကြောင်း၊ နိုင်ငံသား များ၏ အခွင့်အရေးနှင့် ပတ်သက်ပြီး နိုင်ငံသား တစ်ဦးချင်းတွင် နိုင်ငံများနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်အခန်းတွင် လည်း ပါပြီးဖြစ် ကြောင်း၊ သတင်းထောက်ကြီး ပြောခဲ့ သည့် မြို့နယ်အဆင့်၊ တိုင်းအဆင့်တွင် ဖြစ်သည့်ကိစ္စများ ရှိကောင်းရှိနိုင်ပါကြောင်း၊ ယင်းသည်လည်း ယခင်တရား စီရင်ရေးမဏ္ဍိုင်တွင် ယခင်အစဉ်အဆက်က ပြုပြင်လာ သည့်အချက်များလည်း ရှိကြောင်း၊ သို့သော် ယခုအချိန်အထိ လည်း ပြုပြင်၍ မပြီးသေးပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတည်းတွင် မဟုတ် ကြောင်း၊ တစ်ဦးချင်း နစ်နာမှုများရှိပါက နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်တွင် ပြန်ပြီးလုပ်ပိုင်ခွင့်ရှိသည့် အကြောင်းကိုလည်း ပြောပြီးဖြစ် ကြောင်း၊ ပုဒ်မ ၃၇၈ အရလည်း ဆောင် ရွက်ရမည့်ပုံစံကို ပြောပြီးဖြစ်၍ ယင်း အတိုင်း ဆောင်ရွက်ရန် လိုပါကြောင်း ပြန်လည်ဖြေကြားသည်။
လူထုရင်ဖွင့်သံ သတင်းဌာနမှ အယ်ဒီတာ ဦးမင်းဂေါင်က လုံခြုံရေး ကိစ္စနှင့် ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်သံများကို နေ့စဉ်နှင့်အမျှကြားနေ ရပါကြောင်း၊ လုံခြုံရေးကိစ္စဆိုလျှင် နံပါတ်တစ် ရဲတပ်ဖွဲ့နှင့် တပ်မတော်ကို လူတွေပြေးမြင်ကြကြောင်း၊ တကယ် ဆိုလျှင် အုပ်ချုပ်ရေး၏ အခြေခံယန္တရား မှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးများသည် လည်း အဓိကပါဝင်ကြကြောင်း၊ အခြေခံ ကျသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ သည် တရားဥပဒေစိုးမိုးရေးနှင့် ဒေသ အတွင်း လုံခြုံရေးတွင် အဓိကတာဝန် ရှိသည့်အတွက် အုပ်ချုပ်ရေးမှူးများကို ပြောင်းလဲပြီး ရွေးချယ်ခန့်အပ်လိုက်သည့် အခါ အချို့ ကိစ္စများမှာ မိမိတို့ထံသို့ ပြည်သူများမှတက်လာသည့် အသံများလည်းရှိကြောင်း CRPHI NUG PDF စသည့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီးသား အဖွဲ့အစည်းများ နှင့်ဆက်စပ်နေသည့်အုပ်ချုပ်ရေးမှူးများ တက်လာသည်ကိုလည်း တွေ့ရှိရသည့် အတွက် ရပ်ကျေး၏အခြေခံအုပ်ချုပ်ရေး ယန္တရားအတွက် လိုအပ်သည့် အုပ်ချုပ် ရေးမှူးများကို စနစ်တကျ ပြန်လည် စိစစ်ပြီးရွေးချယ်ရန် ရှိ/မရှိနှင့် စနစ်တကျ မှန်ကန်စွာနှင့် တကယ်ပူးပေါင်း ဆောင်ရွက်လာသည့် အုပ်ချုပ်ရေးမှူး များ၏ မိသားစုဘဝလုံခြုံရေးကိုလည်း ဘယ်လိုတာဝန်ယူမလဲဆိုသည်ကို သိလို ကြောင်း မေးမြန်းသည်။
(ဆက်လက်ဖော်ပြပါမည်)