Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်း စစ်ချုပ်ရုံးများ၊ မြန်မာနိုင်ငံ စာရင်းကောင်စီရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ

 

ရန်ကုန် မေ ၂၁

 

ြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စာရင်းကောင်စီရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများ၊ မြန်မာနိုင်ငံ စာရင်းကောင်စီရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ အမြဲတမ်း အတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (စီမံ/လေ့သု)၊ ရန်ကုန် ၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်း အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ် အဆင့် စာရင်းစစ်ရုံးများမှ အရာ ထမ်းများ၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ အရာထမ်းများ တက်ရောက်ကြသည်။

ဥပဒေနှင့်အညီ ဆောင်ရွက်

တွေ့ဆုံပွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ကနိုင်ငံတော်၏ တိုးတက်ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများကို ရှင်းလင်းကာစာရင်းစစ်များ၏ တာဝန်များမှာ ပြည်သူ့ဘဏ္ဍာငွေများကိုစည်းမျဉ်း -စည်းကမ်း၊ ညွှန်ကြားချက်များ နှင့်အညီ စနစ်တကျသုံးစွဲကာ ပြည်သူ့အကျိုးစီးပွားရရှိစေရန် အဓိကထား ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ် ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စစ် ဆေးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် နိုင်ငံတကာစာရင်းစစ် စံများနှင့်အညီ စစ်ဆေးဆောင် ရွက်နိုင်ရန် မိမိတို့၏ လုပ်ငန်းခွင် စွမ်းဆောင်ရည် မြင့်တက်လာ စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

လမ်းညွှန်မှာကြား

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီရုံး ညွှန်ကြားရေး မှူးတို့က ဖွဲ့စည်းပုံနှင့် ဝန်ထမ်း အင်အားအခြေအနေ၊ လက်ရှိ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ များနှင့် ရသုံးမှန်းခြေငွေစာရင်း (အကောင်အထည်ဖော်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် က ဝန်ထမ်းပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာ ထပ်မံဖြည့်စွက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စု စာရင်းစစ်ချုပ်က လိုအပ်သည် များကို လမ်းညွှန်မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်သည် ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံး အစည်းအဝေး ခန်းမ၌ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ကို ညှိနှိုင်းဆွေးနွေးပြီး တင်ပြသည့် အခက်အခဲများကို ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးကာ တာဝန်ရှိသူ ဝန်ထမ်းများအား ဥပဒေဘောင် အတွင်း နေထိုင်ရန်၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနှင့် အမိန့် ညွှန်ကြားချက်များ လိုက်နာရန်နှင့်ပါတီနိုင်ငံရေး ကင်းရှင်းရန်တို့ကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စု စာရင်းစစ်ချုပ်သည် ရုံးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေး၍ ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြောင်း သိရသည်။

သတင်းစဉ်