Skip to main content

(၁၈)ကြိမ်မြောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တံခွန်စိုက်ဒိုင်း (အမျိုးသား/အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၂၁

(၁၈)ကြိမ်မြောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တံခွန်စိုက်ဒိုင်း(အမျိုးသား/ အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၃)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယ ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် ဇနီးများ၊ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းမိသားစုဝင်များတက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ အမျိုးသား၊ အမျိုးသမီး ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ အမျိုးသမီး ဘော်လီ ဘောဗိုလ်လုပွဲစဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းက အကျဉ်းဦးစီးဌာနအသင်းကို (၃) ပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသား ဘော်လီဘော ဗိုလ်လုပွဲစဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့(က)အသင်းက မီးသတ်ဦးစီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ပင့်ထောင်ဆု၊ ရိုက်ခုတ်ဆု၊ ပိတ်ဆို့ဆု၊ စပေးဘောဆုများကို တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဇနီးများမှလည်းကောင်း၊ ဆယ်မဆုနှင့် အကောင်းဆုံးအားကစားသမားဆုများကို ပြည်ထဲရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီးမှ လည်းကောင်း၊ ဒုတိယဆုရရှိသော မီးသတ်ဦးစီးဌာန (အမျိုးသား)အသင်း ၊ တတိယဆုရရှိသော အကျဉ်းဦးစီးဌာန(အမျိုးသား)အသင်းနှင့် တတိယဆုရရှိ သော မီးသတ်ဦးစီးဌာန(အမျိုးသမီး)အသင်းတို့အား ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် ဇနီးမှ လည်းကောင်း၊ ဒုတိယဆုရရှိသော အကျဉ်းဦးစီးဌာန(အမျိုးသမီး)အသင်းအား ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်(ရဲချုပ်)၏ဇနီးမှ လည်းကောင်း၊ ပထမတံခွန်စိုက်ဒိုင်းဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး)အသင်းအား ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါ်နီလာစိန်မှ လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်၊ တံခွန်စိုက်ဒိုင်းနှင့် ငွေသားဆုများ အသီးသီးပေး အပ်ချီးမြှင့်ခဲ့သည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပထမတံခွန်စိုက်ဒိုင်းဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့(က) အမျိုးသားအသင်းအား တံခွန်စိုက်ဒိုင်းဆု၊ တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒိုင် ၇ ဦးနှင့် ဘော်လီဘောကွင်း တာဝန်ခံတို့ကို ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်သည်။

(သတင်းစဉ်)