နေပြည်တော်၊ မေ ၂၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက် (၁၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ မြို့နယ်အားကစားကွင်းအတွင်း တည်ဆောက်လျက်ရှိသော ပေ(၁၂၀x၉၀) မိုးလုံလေလုံ အားကစားရုံ တည်ဆောက်နေမှုကိုလည်းကောင်း၊ ဘောလုံးကွင်းပွဲကြည့်စင် ပျက်စီးနေ မှုမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ ပြန်လည်ပြုပြင်မွမ်းမံရန် တာဝန်ရှိသူမျာကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူခရိုင်အားကစားကွင်း ဘောလုံး ပွဲကြည့်စင်နှင့် တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး နေအိမ် ပေ (၄၀x၃၀) RC (၁)ထပ် တည်ဆောက်နေမှုကိုလည်းကောင်း၊ အုတ်တွင်းမြို့နယ် အားကစားကွင်းအတွင်း တည်ဆောက်ပြီးစီးလျက်ရှိသော ပေ(၁၂၀x၉၀) မိုးလုံလေလုံအားကစားရုံကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ အင်ယားလမ်းရှိ လှေလှော်အားကစားအဖွဲ့ချုပ်သို့ ရောက်ရှိပြီး (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာလက်ရွေးစင် လှေလှော်အားကစားသမားများကိုလည်းကောင်း၊ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ခန်းမရှိ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်၌ လေ့ကျင့်ပြင်ဆင်လျက်ရှိသော အားကစားသမားများကို လည်းကောင်း တွေ့ဆုံပြီး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)