(ယမန်နေ့မှအဆက်)
တရားလွှတ်တော် ရှေ့နေအသင်းမှ ဦးအောင်ရဲစိုးက မေးမြန်းရာတွင် အရေးပေါ်အခြေအနေ ကြေညာသည့် အချိန်တွင် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တပ်မတော် ဦးဆောင်သည့် အစိုးရအဖွဲ့က ဦးဆောင်ပြီးသည့်အချိန်တွင် အရေးပေါ်ကာလ ပြီးဆုံးသည့်အချိန်တွင် လွှတ်တော်သက်တမ်း ကုန်ဆုံးသည့် အချိန်နှင့် တိုက်ဆိုင်ခြင်းအတွက် လွှတ်တော်က ပယ်ဖျက်ပြီးဖြစ်သည်ဟု မိမိလေ့လာဖူးကြောင်း၊ အခုအချိန်သည် တတိယအကြိမ် လွှတ်တော် သက်တမ်းအစတွင် အရေးပေါ်ကာလ ဖြစ်သည့်အတွက် အရေးပေါ်ကာလကို သက်တမ်း နှစ်ကြိမ်ဆက်တိုးမည်ဆိုပါက နှစ်နှစ် တာကာလဖြစ်သည့်အတွက် လွှတ်တော် သက်တမ်းသည် ငါးနှစ်ဖြစ်ခြင်းကြောင့် လွှတ်တော်သက်တမ်းသည် သုံးနှစ်သာ ကျန်ရှိမည်ဖြစ်ကြောင်း၊ မိမိသိလိုသည်မှာ အရေးပေါ်ကာလအရ နိုင်ငံတော် တာဝန်အရပ်ရပ်ကို လက်ရှိအစိုးရက တာဝန်ယူသည့် အချိန်တွင်ယာယီသမ္မတ၏ လွှဲအပ်သည့်တာဝန်များ ပြီးဆုံးသည့် အချိန်တွင် နောက်အစိုးရကို ရွေးကောက်ပွဲပြုလုပ်ပြီး ရွေးချယ်မည်လား၊ ပြီးမြောက်ခဲ့ပြီးသော ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကြီး၏ ရလဒ် များအပေါ်တွင် UEC ကို ကန့်ကွက်လွှာ များ တင်ထားသည့် အမှုများအပေါ် လက်ရှိ UEC ကဥပဒေနှင့်အညီ ဆုံးဖြတ်ပြီး ရလဒ် များအပေါ် အခြေခံသည့် အစိုးရအဖွဲ့ဖြင့်သွားမည်လား၊ အဓိကမှာ ပြီးမြောက်ခဲ့သည့် အငြင်းပွားဖွယ်ရာများ များစွာဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲ တစ်ရပ်လုံးကို UEC အနေဖြင့် ဖျက်သိမ်း မှာလား၊ ဖျက်သိမ်းပြီးတော့ အသစ်ပုံစံ ဖြင့် သွားမှာလား၊ သို့မဟုတ်ရွေးကောက် ပွဲကို ဥပဒေနှင့်အညီ ဆုံးဖြတ်ပြီး အစိုးရ အသစ်ဖွဲ့နိုင်ရေးကို ဆောင်ရွက်မည်လား သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပထမလွှတ်တော်က သက်တမ်းကုန်ဆုံး သွားသည့်အတွက် အဆိုပါလွှတ်တော် သည်မရှိတော့သည်မှာ ဥပဒေ တွင်လည်း ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ရာတွင် တစ်နှစ်ဆိုတာရှိကြောင်း၊ ထို့အပြင် သာမန်အားဖြင့် ခြောက်လနှစ်ကြိမ် ပေး၍ရကြောင်း၊ ထို့နောက်ပိုင်းတွင် ကာလုံမှ ရွေးကောက်ပွဲကျင်းပရမည်ဟု ပြဋ္ဌာန်းချက်ရှိကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲ ရလဒ်ကိစ္စနှင့် ပတ်သက်၍ UEC အနေဖြင့် ထုတ်ပြန်ချက် ကြေညာပြီး ဖြစ်ကြောင်း၊ မိမိတို့စစ်ဆေးနေဆဲ ကာလအတွင်း ထုတ်ပြန်ချက်များ ထုတ်ပြန်နေကြောင်း၊ မဲစာရင်း စစ်ဆေးခြင်း၊ မဲလက်မှတ်များ စစ်ဆေးခြင်းပြီးစီးမှု အခြေအနေများကိုလည်း တရားဝင်ထုတ်ပြန်မှုများရှိကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း တိတိကျကျ ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။ NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက UEC မှ ပြောသွားသည့် အကြောင်းများတွင် နိုင်ငံရေးပါတီများကို ဖိတ်သည့်နေရာမှာ NLD ကိုလည်း ဖိတ်သည်ဟု ပြောသွားပါကြောင်း၊ NLD ကို အခုချိန်ကာလတွင် ဖိတ်ကြားပြီးသွား ပြီလား၊ ဘယ်လိုပုံစံမျိုးနဲ့ ဖိတ်ကြားထားသည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သာမန်အားဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီဌာန ရှိပါကြောင်း၊ ထိုဌာနအနေဖြင့် ပါတီများ၏မှတ်တမ်းအဖြစ် ပါတီများ၏ မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်ခွင့် လျှောက်ထားခြင်း၊ မှတ်ပုံတင်အတည်ပြုပေးခြင်း၊ ယာယီအားဖြင့် ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်းကိစ္စများကို Case by Case ကိုင်ထားပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ ယခုမိမိတို့တွင် ရှိသည့် စာရင်းအတိုင်း ယာယီရပ်ဆိုင်း ထားသည့် ပါတီမှအပ ကျန်နေသည့် ၉၁ ပါတီလုံးကို လိပ်မူပြီး သက်ဆိုင်ရာ ပါတီဌာနချုပ်ကို ပေးပို့ခြင်းဖြစ်ပါကြောင်း၊ ထိုပါတီများ၏ လိပ်စာအတိုင်း အားလုံးပေးပို့ထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။ NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက PR စနစ်ကို ကျင့်သုံးမည် ဆိုပါက ထိုကာလ အတွက် ပြင်ဆင်မယ့်ကာလကို မည်မျှယူရမည်ဟု မျှော်မှန်းထားသည်ကို သိလိုကြောင်း မေးမြန်းသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ထိုကိစ္စနှင့်ပတ်သက်ပြီး ဆောင်ရွက်ဆဲ ကိစ္စဖြစ်ပါကြောင်း၊ PR စနစ်နှင့် ပတ်သက်ပြီး PR စနစ်ကလည်း မျိုးကွဲ များစွာရှိသည့်အတွက် မည်သည့် PR စနစ်ကို ကျင်းသုံးမည်၊ မည်သည့်လွှတ်တော်ကို ကျင့်သုံးမည်၊ မည်သည့်ပုံစံမျိုး ကျင့်သုံးမည်ဆိုသည်ကို တိတိကျကျ အဖြေမထွက်သေး ပါကြောင်း၊ ထို့ကြောင့် အချိန်အတိအကျ မပြောနိုင်သေးပါကြောင်း၊ သင့်တော်သည့်ကာလ တစ်ခုယူရမည်ဖြစ်ကြောင်း၊ နောက်ပိုင်းမှာ ထိုကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ်သိမှသာ ကြားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။ Myanmar Public Press သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ဒေါက်တာ စိုးမြင့်ဦးက ၂၁ ရက်နေ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုမှာ တွေ့ဆုံမှုသက်သက်ပဲလား၊ သို့မဟုတ် PR အတွက် ဆွေးနွေး ဖို့ဆိုသည်ကို သိလိုပါကြောင်း၊ ယခုကာလတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်များ မရှိခြင်းကြောင့် ပါတီတည်ဆောက် မည်၊ ထူထောင်မည်ဟု ရည်ရွယ်ထား သည့်သူများအနေဖြင့် အဆိုပါ PR စနစ် အတွက် ဆွေးနွေးရာတွင် ဥပဒေပြဋ္ဌာန်း ခြင်းများကို အကြံပြု၍ ဘယ်လိုများရနိုင်မလဲ၊ အရပ်ဘက်အဖွဲ့အစည်းဆို သည်မှာလည်း ယခင်အစိုးရလက်ထက်တွင် အချို့အဖွဲ့ အစည်းများ ကို ဥပဒေနဲ့ ညီပါလျက်နှင့် မှတ်ပုံတင်မချပေးခဲ့ခြင်းလည်း ရှိပါကြောင်း၊ ဆိုင်းငံ့ခြင်း၊ တားမြစ်ခြင်း၊ ချပေးခြင်းမရှိဘဲ ဒီအတိုင်းထားရှိကြောင်း၊ သို့သော် အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင်ဥပဒေ တွင် မှတ်ပုံတင်မရှိသော်လည်း လုပ်ခွင့် ရှိနေပါကြောင်း၊ ထိုအသင်းအဖွဲ့များက လာရောက်လေ့လာဆွေးနွေးလို့ ရနိုင်ပါသလား သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပါတီများနှင့်တွေ့ဆုံရခြင်းမှာ ပြီးခဲ့သည့် တွေ့ဆုံပွဲတွင် ဆုံးဖြတ်ချက် ၇ ချက် ရှိပါကြောင်း၊ ထိုဆုံးဖြတ်ချက် ၇ ချက် မှာပါသည့် PR စနစ်နှင့် ပတ်သက်ပြီး ပြောကြားခြင်းဖြစ်ကြောင်း၊ သာမန်အားဖြင့် PR စနစ်ကိစ္စ တစ်ခုတည်း မဟုတ်ပါကြောင်း၊ နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သည် အခါအားလျော်စွာ သင့်တော်သည့် ကာလတစ်ခုတွင် တွေ့ဆုံပွဲပြုလုပ်ပြီး နိုင်ငံရေး ပါတီမှာလည်း ပြီးခဲ့သည့် ရွေးကောက်ပွဲမှာ ဖြစ်ခဲ့သည့်ကိစ္စများနှင့် ပတ်သက်၍ ၎င်းပါတီများမှာ အတွေ့အကြုံများ ရှိပါကြောင်း၊ အလားတူ နောင်လုပ်မည့် ရွေးကောက်ပွဲအတွက် ၎င်းတို့၏ သဘောထားဆန္ဒများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် ရှိပါကြောင်း၊ အလားတူ ၎င်းပါတီများ၏ အုပ်ချုပ်မှု လုပ်ငန်းများ ဆောင်ရွက် နေသည့် ဖွဲ့စည်းပုံများပြင်ဆင်ခြင်း၊ ပါတီဝင်အင်အားကိစ္စ၊ ပါတီရန်ပုံငွေကိစ္စ၊ ပါတီဖွဲ့စည်းပုံကိစ္စ၊ အလံတံဆိပ်ကိစ္စများ ရှိပါကြောင်း၊ အုပ်ချုပ်မှုကိစ္စများ များစွာရှိပါကြောင်း၊ ထိုကိစ္စများကို အားလုံးဆွေးနွေး တိုင်ပင်ရသည့် သဘောဖြစ်ပါကြောင်း၊ မည့်သည်ကိစ္စ ဖြစ်ရမည်ဆိုသည်ကို ထိန်းချုပ်ထားခြင်း မရှိပါကြောင်း၊ အားလုံးကို ဖိတ်ထားပြီး ဆွေးနွေး၍ရသည့် အနေအထားမျိုး ဖြစ်ပါကြောင်း၊ ရရှိသည့်အချိန် ကန့်သတ်ချက်ထဲတွင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
အဆင့်လိုက်၊ အပိုင်းလိုက်ဆောင်ရွက်မည်
နောက်တစ်ခုက အကြံပြု၍ ရမည်ဆိုလျှင် သူ့အဆင့်အတိုင်းသွားမည် ဖြစ်ကြောင်း၊ သွားသည့် အခါမှာ ပထမဦးစွာ တာဝန်ရှိသူများနှင့် ဆွေးနွေးခြင်း၊ ဆွေးနွေးပြီးခါမှ တဖြည်းဖြည်းဖြစ်လာ ပြီး ထိုမူဘောင်ကို လုပ်လာပြီဆိုလျှင် ကျန်သည့် State holder များ၊ ကျန်သည့်လူများ၊ ကျန်သည့်ပြည်သူများ အပအဝင် CSO များ၊ တခြားနိုင်ငံရေးပါတီ မှတ်ပုံတင်လိုသည့် တခြား အဖွဲ့အစည်းများ၏ သဘောထားများ၊ အယူအဆများလည်း ပါဝင်ခွင့်ပေးမည် ဖြစ်ကြောင်း၊ ယင်းသို့ အဆင့်လိုက်၊ အပိုင်းလိုက် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နောက်တစ်ခု ကတော့ CSO များ မှတ်ပုံတင်ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့နှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မဟုတ်ပါကြောင်း၊ ပါတီမှတ်ပုံတင်ခြင်းက မိမိတို့နှင့် Concem ဖြစ်ကြောင်း၊ CSO များအနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတွင် လျှောက်ထားရခြင်း ဖြစ်ကြောင်း ဖြေကြားသည်။ ဆက်လက်၍ Myanmar Public Pres သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက PR စနစ်အတွက် ဆွေးနွေးမည်ဆိုလျှင် CSO များကို ဖိတ်ကြားမည်ဟု လေးကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့ခြင်း ဟုတ်မဟုတ် သိလိုပါကြောင်း မေးမြန်းသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဖိတ်ကြားမည်မှာ မှန်ကန် ပါကြောင်း၊ အဆင့်လိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းဆွေးနွေးပွဲတွင် နိုင်ငံရေး ပါတီများနှင့် ဆွေးနွေးသွားမည်ဖြစ် ကြေကြောင်းဆွေးနွေးပြီးနောက် အဆင့်ဆင့်ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာလည်း ဒီအတိုင်း ဖြစ်ကြောင်း၊ ပါတီများနှင့်ဆွေးနွေးပြီးသည့် အခါ CSO များ၊ INGO များ အကုန်လုံး ပေါင်းပြီး ပိုကောင်းအောင်ဆွေးနွေးခြင်း များရှိကြောင်း၊ မိမိတင်ပြခဲ့သလို အဆင့် လိုက်ဆောင်ရွက်သွားမည့်အနေအထား ရှိပါကြောင်း ဖြေကြားသည်။ Myanmar Public Press သတင်းဌာနမှ ဒေါက်တာစိုးမြင့်ဦးက မှတ်ပုံတင် ရှိသည့် CSO များ ကိုသာ ဖိတ်မည်လား၊ တရားဝင်တည်ရှိနေသည့် CSO များကို လည်း ဖိတ်ကြားမည်လား သိလို ကြောင်း မေးမြန်းသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက CSO များအနေဖြင့် တော်တော်များကြောင်း၊ များသည့်နေရာမှာ မိမိတို့ကော်မရှင်နှင့် ဆက်စပ်လုပ်ကိုင်နေသည့် ကော်မရှင်ကိစ္စအလို့ငှာ ဆောင်ရွက်နေ သည့် CSO များရှိကြောင်း၊ CSO အဖွဲ့ပေါင်း ၉၀/၁၀ဝ ရှိပါကြောင်း၊ ထိုပုဂ္ဂိုလ်အနေဖြင့် စိတ်ပါဝင်စားလျှင် လုပ်နိုင်ကြောင်း၊ နောက်တစ်ခုက Public အပိုင်းကလည်း Public တို့၊ မီဒီယာတို့ စသည့်အပိုင်းများလည်းရှိပါကြောင်း၊ ထိုကိစ္စများ ကိုလည်း သူ့အဆင့်နဲ့ သူသွားရမည် ဖြစ်ကြောင်း၊ “အားလုံးပါမလား၊ တပေါင်းတည်း လုပ်မလား၊ ဘယ်လိုခွဲလုပ်မလဲ”စသည့် အဆိုပါ Process များကို အခြေအနေအပေါ်မှာ မူတည်ပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။ ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က မြန်မာနိုင်ငံတွင်ရှိသည့် နိုင်ငံပိုင်ဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်အားလုံးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ် မှုနှင့် စည်းမျဉ်းဥပဒေအောက်တွင် ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ဥပဒေစည်းမျဉ်းများဖြင့် ဆောင် ရွက်နေခြင်းကြောင့် ဘဏ်အားလုံးသည် လက်ရှိအခြေအနေအထိ သတ်မှတ်ချက်နှင့် အညီ ခိုင်မာစွာ ဝန်ဆောင်မှုပေး လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ စိတ်ချယုံကြည်ပါဆိုသည့် သတင်းထုတ်ပြန်ချက်ကိုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနှင့် တရားဝင် သတင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ ပြော မည်ဆိုလျှင် အပ်နှံသူများ၏ငွေများကို မည်သည့်အခြေအနေမဆို ပုဂ္ဂလိကဘဏ်များ၊ မည်သည့်ဘဏ်မဆို ပြန်လည် ပေးအပ်ရန် တာဝန်ရှိသည်ကို ဖော်ပြထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အပါအဝင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ဘဏ္ဍာ နှင့်ပတ်သက်ပြီး စိတ်ချယုံကြည်စွာဖြင့် ပြည်သူလူထု ဆောင်ရွက်ကြရန် ပြောကြားပြီးဖြစ်ကြောင်း၊ ဘဏ်များပုံမှန်အခြေအနေ ပြန်လည်ရရှိရန်အတွက် မိမိတို့က လက်ရှိအခြေအနေတွင် ဘဏ် ဝန်ဆောင်မှုများလုပ်နေသည့် Mobile Banking & Internet banking ရှိပါကြောင်း၊ ကာလတစ်ခုတွင် Internet Connection အပေါ်မူတည်ပြီး Mobile Data သုံးမရသည့် အခြေအနေဖြစ်သွားသည့် ကာလတစ်ခုတွင် မလိုအပ်ဘဲ ATM စက်တွင် လူတန်းစီတိုးခြင်းများ၊ ဘဏ်များတွင် လူတိုးခြင်းများ ဖြစ်လာ ကြောင်း၊ တစ်ပြိုင်တည်းမှာပဲ ဘဏ်များကို ပြည်သူလူထု ယုံကြည်မှုရရှိရန်အတွက် ဘဏ်များ၏ ဝန်ဆောင်မှုများကို ပုံမှန်ဖြစ်စေရန် တွန်းအားပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်သည့်အခါ ဗဟိုဘဏ်အနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပုဂ္ဂလိက ဘဏ်များ၊ နိုင်ငံပိုင်ဘဏ်များနှင့် ပူးပေါင်းပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ပံ့ပိုးမှုနှင့် Mobile Data ကို အသုံးပြုပြီး ဆောင်ရွက်နိုင်သည့် ငွေရေးကြေးရေးစနစ်များ Application များကို ပုံမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်ရန် ကြိုးစားခဲ့ပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗဟိုဘဏ်အနေဖြင့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းထုတ်ပြန်ချက် များကို နိုင်ငံပိုင် သတင်းစာများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ Website တွင် ထုတ်ပြန်ခဲ့ ကြောင်း။ လက်ရှိတွင် ပုဂ္ဂလိကဘဏ် အားလုံး၏ Mobile Data ဖြင့် အသုံးပြုလို့ ရပြီဖြစ် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက်တွင် ဘဏ်ငါးဘဏ်၊ ၂၉ ရက်တွင် ဘဏ်ခြောက်ဘဏ်နှင့် လက်ရှိ အခြေအနေတွင် ပုဂ္ဂလိကဘဏ်အားလုံး၏ Mobile Data ဖြင့် အားလုံး အသုံးပြုလို့ရပြီ ဖြစ်ကြောင်း၊ ယင်း Application နှင့်ပတ်သက်ပြီး ယခင်ကဘဏ်များတွင်ပြဿနာဖြစ်နေ သည်မှာ Transfer လုပ်လို့မရကြောင်း၊ ငွေကို တစ်ယောက်နှင့်တစ်ယောက် လွှဲလို့မရကြောင်း၊ Transfer လုပ်ရန် အတွက်ဘဏ်မှာသွားတန်းစီရကြောင်း၊ တန်းစီရန်အတွက် တုံကင်ယူရသည့် ပြဿနာများဖြစ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် အပတ်မှာပဲ Mobile Application များ အားလုံး အဆင်ပြေအောင် ဆောင်ရွက် ပြီးဖြစ်ခြင်းကြောင့် ငွေသားကန့်သတ် ချက်မရှိဘဲ Bank to Bank လိုအပ်သည့် Transfer ကို မိမိတို့ဖုန်း Application မှ လုပ်လို့ရပြီး ဖြစ်ပါကြောင်း၊ ထို့အတူ ငွေသားများ တစ်ယောက်နှင့်တစ်ယောက် ပေးပို့လွှဲခြင်း၊ တစ်ယောက်နှင့် တစ်ယောက်ရရန်၊ ပေးရန်ရှိခြင်းကိုလည်း အဆိုပါ Application များဖြင့် လွှဲလို့ ရပါကြောင်း၊ KBZ Pay, CB Pay, AYA Pay စသည်ဖြင့် ဘဏ်ထဲတွင် Payment System Application ရှိပါကြောင်း၊ ယင်း Application များတွင် ယခင်က Internet Connetion ရမှသုံးလို့ရခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် Internet Connetion နှင့် မဆိုင်ဘဲ Mobile Data ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုထားသည့် Telenor, Ooredoo,MPT, Mytel စသည်ဖြင့် ယခု တက်ရောက်လာသည့် ပုဂ္ဂိုလ်များ သုံးနေသည့် ဆင်းကတ်များ၏ Cellular Data ကို ဖွင့်ခြင်းဖြင့် 3G, 4G သုံးလို့ရလျှင် ယင်း Function များ အကုန်သုံး၍ရကြောင်း၊ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် ပေးစရာရှိခြင်းများ၊ Transfer လုပ်ခြင်းများ၊ အားလုံးကို ကြည့်နိုင်သလို Bank ထဲတွင် Statement ကအစ ပြန်စစ်နိုင်သည့် Application ဖြစ်ကြောင်း၊ ထိုအရာ အားလုံးကို ပြီးခဲ့သည့်အပတ်မှစတင်ပြီး ဘဏ်အားလုံးကို သုံးစွဲနိုင်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ငွေသားကိုထုတ်ယူမှ အလုပ် ဖြစ်မည်မျိုး မဟုတ်ဘဲနှင့် Mobile ကို အသုံးပြုပြီး မိမိပေးစရာ၊ ချေစရာရှိခြင်းများကို လုံခြုံမှုရှိစွာနှင့် ပုံမှန်အတိုင်း ဆောင်ရွက်၍ရပြီဖြစ်ကြောင်း။ ဘဏ်များကို ငွေဖြည့်လွယ်ကူရန် ဆောင်ရွက်ခြင်းကိစ္စဖြစ် နောက်တစ်ခုအနေဖြင့် ဘဏ်များ၏ ငွေကြေးလွယ်ကူမှုကို ပိုမိုပြီး အထောက်အကူ ဖြစ်စေရန်အတွက် ဗဟိုဘဏ်ရှိ ဘဏ်ထဲမှ မြန်မာကျပ်ငွေနှင့် ဗဟိုဘဏ်မှာ ထိန်းသိမ်းထားရှိသည့် ငွေများရှိပါကြောင်း၊ ယင်းထိန်းသိမ်း ထားသည့်ငွေများ၏ သီးသန့်ငွေ လိုအပ်ချက်ကို Customer များ၊ ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ၏ အပ်နှံငွေနှင့် ယခင် က ၃ ဒသမ ၅ ရာခိုင်နှုန်းထားပါကြောင်း၊ လက်ရှိ ၃ ရာခိုင်နှုန်း ထပ်မံပြင်ဆင် လျှော့ချ လိုက်ကြောင်း၊ ထိုအရာသည် ငွေကြေး မူဝါဒအရဘဏ်များကို ငွေဖြည့်လွယ်ကူရန် ပြင်ဆင်ဆောင်ရွက်ခြင်းကိစ္စ ဖြစ်ကြောင်း၊ ဒါတွေဟာ ဘာနဲ့ဆက်စပ် သလဲဆိုရင် ဘဏ်တွေ ဘယ်လောက် ခိုင်မာသလဲ၊ ပြီးတော့ မပြိုလဲအောင် ဘာလုပ်နေတယ် ဆိုတာတွေက ဒီပုဒ်မအရ ဒါဖြစ်ပါတယ်ဆိုတာ ပြောလို့မရပါကြောင်း၊ အကြောင်းအရာတွေ ဆက်စပ်မှုများရှိကြောင်း၊ နောက်ပေးမယ့် Payment System Development လုပ်နေခြင်းများ၊ public ၏ အပ်နှံထား သည့်deposit များအပေါ် ယုံကြည်အောင် အာမခံထားသည့် အခြေအနေ များ၊ ၎င်းတို့ သုံးစွဲနိုင်သည့် လှည့်ပတ်ငွေများ၏ ရာခိုင်နှုန်းများကို ယခင်ထက် ပိုမိုပြီး ပြည်သူလူထုကို ငွေကြေး ပြန်လည်ပတ်မှုဖြစ်အောင် ဆောင်ရွက်သည့် အပိုင်းများဖြစ်ပါ ကြောင်း၊ ဘဏ်များပြိုလဲမသွားရန် ဆိုသည့်ကိစ္စရပ်မှာ ဘဏ်အပေါ်တွင် မိမိတို့က စည်းမျဉ်း စည်းကမ်းနှင့်အညီ ကြပ်မတ်နေသလို လက်ရှိမိမိ တင်ပြသွားခြင်းများသည် ပုံမှန်အခြေအနေ ရောက်အောင် ဆောင်ရွက်နေမှုများ ဖြစ်ပါကြောင်း၊ မေလ ၃ ရက်နေ့က စတင်ပြီး ဖွင့်လှစ်ပေးသည့် စာရင်းသစ် များမှာလည်း ငွေသားအပ်နှံမှုများ ပြုခြင်း၊ အကန့်အသတ်မရှိ ထုတ်နိုင် သည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းငွေ သားများသည် ကြေညာလိုက်သည့် အချိန်တွင် ဘဏ်စာရင်းအသစ်ဖွင့်ပြီး ငွေသားအပ်နှံနိုင်ခြင်း၊ ယင်းအပ်နှံသည့် ငွေများကိုလည်း အကန့်အသတ်မရှိ ထုတ်နိုင်ခြင်း၊ Transfer လုပ်နိုင်ခြင်း၊ Cheque ဖြင့် သွားထုတ်မည်ဆိုလျှင် လည်း ငွေသားအပြည့် ထုတ်ပေးမည်ဖြစ်ကြောင်း၊ PO ဖြင့် ထုတ်မည်ဆိုလည်း ငွေသားအပြည့် ထုတ်ပေးမည်ဖြစ်ကြောင်းကို ကြေညာခဲ့ကြောင်း၊ သို့သော် တကယ့်လက်တွေ့တွင် ဘဏ်များကို ထပ်ပြီး ညွှန်ကြားချက်ထုတ်ထားပါကြောင်း၊ ဘဏ်စာရင်းဖွင့်ရန် အခက်အခဲရှိခြင်းကြောင့် ယခင်စာရင်းအဟောင်း မှာပဲ မေလ ၃ ရက်နေ့မတိုင်ခင် စာရင်းနှင့် မေလ ၃ ရက်ပြီး နောက်ပိုင်း စာရင်း နှစ်ပိုင်းခွဲ၍ မေလ ၃ ရက်နောက်ပိုင်း စာရင်းများကို အကန့်အသတ်မရှိ ပြန်လည် ထုတ်ယူနိုင်ခြင်း၊ လွှဲပြောင်းသည့်ငွေကိုလည်း မြန်မာပြည် ဘယ်ဒေသမဆို ရန်ကုန် ကနေပြီး ငွေသားသိန်း တစ်ထောင်ထည့်ထားပြီး သိန်းငါးရာ အား ပုသိမ်ကို ယခင်လိုပဲ Transfer ဖြင့်လွှဲလျှင် ပုသိမ်က ထုတ်မည့်သူသည် ငွေသားသိန်းငါးရာ ထုတ်ခွင့်ရမည်ဖြစ်ကြောင်း၊ မူလကန့်သတ်ချက်နှင့် မဆက်စပ်ဘဲ ဆောင်ရွက်ပေးသည့်အစီ အစဉ်ဖြစ်ကြောင်း၊ ပုံမှန်ဆောင်ရွက်နေသည့် ငွေသွင်း/ငွေထုတ်ခြင်းများလည်း ပုံမှန်ဆောင်ရွက်၍ရနေကြောင်း၊ ATM စက်များတွင် ငွေသားပြတ်လပ်မှုမရှိအောင် လက်ရှိအခြေအနေတွင် ဘဏ်အသီးသီးကို မိမိတို့ ညွှန်ကြားထားသလို မိမိတို့ဘက်ကလည်း ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ဘဏ်များတွင် ငွေများကို ကန့်သတ်ချက်ဖြင့် ထုတ်နေရခြင်းကို ဘယ်အချိန်မှ ဖြေလျှော့ပေးမလဲ ဆိုသည့် ကိစ္စရပ်များ နှင့် ပတ်သက်ပြီး ဘဏ်များ ပုံမှန်အခြေ အနေကို ပြန်လည်ရောက်ရှိလာပြီ ဖြစ် ခြင်းကြောင့် မကြာခင် ဖြေလျှော့သွားရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်း ပြောကြားသည်။ Sankei Shinbon Wo&:9999 တာဝန်ခံအယ်ဒီတာဒေါက်တာဇော်သန်းက ရန်ကုန် ATM စက်များတွင် လူများများနေပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ATM စက်ငွေထုတ်ပေးခြင်း သည်လည်း တစ်ကတ်ကို နှစ်သိန်းပဲရှိပါကြောင်း၊ ထုတ်ပေးသည့် ငွေပမာဏကိုများ၍ အချိန်ကာလကို တိုတောင်းအောင် ချဲ့လိုက်ပြီး လူဦးရေနည်းသွားအောင် လုပ်နိုင်သည့် အစီအစဉ်များ ရှိနိုင်မလား သိလိုပါကြောင်း မေးမြန်းသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဝင်းသော်က ATM စက်များတွင် လူများများသွားသည့် ကိစ္စရပ်သည် သတင်းစာရှင်းလင်းပွဲတွင် မိမိတို့ မကြာခဏ ပြောနေခြင်းများ ရှိပါကြောင်း၊ ပုံမှန်မဟုတ်သည့် အခြေအနေ၊ နိုင်ငံရေး အပြောင်းအလဲ အခြေအနေများတွင် အခြားပယောဂ များပါဝင်ပြီး မိမိတို့လို၍ ငွေထုတ်ခြင်းထက် အနှောင့်အယှက်ဖြစ်ရန် ဆောင်ရွက်ခြင်း များလည်းရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၂၆ ဘဏ်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေသည် ယခု လူဦးရေအတိုင်း ဖြစ်ပါကြောင်း၊ ယခုဘဏ်၊ ယခုလူဦးရေ၊ ယခုစီးပွားရေးသာ ဖြစ်ပါကြောင်း၊ ထိုလူများသည် ပုံမှန်ငွေထုတ်၍ရသလို ပုံမှန်ငွေအပ်နိုင်ပါကြောင်း၊ ATM စက်တွင်လည်း လူ လေး၊ ငါး၊ ခြောက်ဦးထိ မပိုသည့် အခြေအနေဖြစ်ပါကြောင်း၊ ထိုအခြေအနေ အပေါ်တွင် မူတည်ပြီး ရိုးရိုးသားသား ထုတ်လိုသူနှင့် ဘဏ်များ ကို ယုံကြည်မှုပျက်ပြားစေရန် ပူးပေါင်း လုပ်ဆောင်သည့် အခြေအနေဖြစ်လာသောကြောင့် မိမိတို့အနေဖြင့် ကန့်သတ်ချက်များ ထုတ်ရပါကြောင်း၊ အချို့ သူများသည် ATM ကတ် ၁၀ ခုခန့်ကိုင်ဆောင်ပြီး တန်းစီထုတ်သည့် ပြဿနာရှိပါကြောင်း၊ ထိုအရာကို ကြည့်ခြင်းအားဖြင့် ထိုသူသည် ရိုးသားစွာ ထုတ်ရန်အတွက် ဆောင်ရွက်ခြင်း မဟုတ်နိုင်ပါကြောင်း၊ ပြည်သူလူထုသည် ၎င်းတို့ အခက်အခဲများရှိသည်ကို မိမိတို့သိပါကြောင်း၊ ၎င်းနေရာတွင် တစ်နေကုန်နေပြီး ပိုက်ဆံထုတ်၍ မရခြင်းသည် မိမိတို့တွင်လည်း တာဝန်ရှိပါကြောင်း၊ ထို့ကြောင့် အချိန်ကိုလည်း တိုတောင်းရန်၊ ပိုက်ဆံ ကိုလည်း များများထုတ်နိုင်ရန်အတွက် စီစဉ်နေပါကြောင်း၊ မိမိတို့ဖုန်းမှာ Banking Application များထည့်သွင်းပြီး Mobile Data ဖွင့်ရုံဖြင့် ငွေသွင်း၊ ငွေထုတ်လုပ်လို့ရကြောင်း၊ Wave Money ၊ My ပိုက်ဆံ၊ OK$ ။ MPT Money ows Mobile Financial Service များ အားလုံးကိုလည်း Application သုံးလို့ ရပြီဖြစ်ကြောင်း၊ ငွေလို၍ ငွေထုတ်လိုလျှင် Mobile Financial Service များအားလုံးကိုလည်း များထံတွင် ထုတ်၍ရအောင် System အရ ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း၊ အစောပိုင်းအခြေအနေတွင် ထိုသို့ထုတ်၍ မရခြင်းကြောင့် ATM တွင် လူများနေခြင်း ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် Mobile Service များတွင် ငွေထုတ်နိုင်ရန်အတွက် ပြန်လည် ဆောင်ရွက်ထားပါကြောင်း၊ ထို့အပြင် အေးဂျင့်များအနေဖြင့် ဘဏ်များတွင် ငွေထုတ်သည့်အခါတွင် လွယ်လွယ်ကူကူ ထုတ်နိုင်ရန်အတွက် အေးဂျင့်များ၏ ထုတ်ယူသည့် ငွေများကို ကန့်သတ်ထား ခြင်း မရှိပါကြောင်း။ မလိုအပ်ဘဲ တန်းစီရန်မလို ၎င်းတို့ တင်ပြလာသည့် ငွေပမာဏကို အတိုင်းအတာတစ်ခုထိ ထုတ်ပေးရာတွင် လိုချင်သည့် သူများသည် လွှဲပြောင်း ပြီး ထုတ်ယူ၍ ရပါကြောင်း၊ Mobile Application ap: G&copssaar:GS ရနေသည့်အခါတွင် ATM တွင် လူများ အလိုလို လျော့ကျသွားမည်ဖြစ်ပါကြောင်း၊ ATM များတွင် ငွေသား မပြတ်ရန်အတွက် ထပ်မံဖြည့်သွင်းမည့် ကိစ္စများကိုလည်း စီစဉ်ဆောင်ရွက်နေ ပါကြောင်း၊ ထိုအခါ ဘဏ်များတွင်လည်း မလိုအပ်ဘဲ တန်းစီရန်မလိုကြောင်း၊ မိမိတို့ လိုအပ်နေသည့် ငွေများကို Application များဖြင့် အသုံးပြုခြင်း အပ်နှံသူများသည်လည်း အကောင့်သစ်များဖွင့်ပြီး အကန့်အသတ်မရှိ ထုတ်ယူရရှိနေပြီ ဖြစ်ခြင်းကြောင့် Banking System သည် ပုံမှန်လည်ပတ်သွားမှာ ဖြစ်ပါကြောင်း၊ အစောပိုင်းကာလတွင် ဘေးပယောဂများ နှင့် အခြားသော အကြောင်းအချက်များကြောင့် Banking System ကြီးကို Attack လုပ်သည့် သဘောဖြစ်ခြင်းကြောင့် လူများသည် ဘဏ်များကိုကျောခိုင်း၍ Banking Application သည်လည်း အသုံးပြု၍မရခြင်း၊ တိုက်ရိုက်ထုတ်လိုခြင်းများကြောင့် ယုံကြည်မှုသည် အလိုလို ပျက်ပြားခဲ့ရကြောင်း။ ။ ယခုအခါ ယုံကြည်မှုကို တည်ဆောက်ရာတွင် ယုံကြည်မှုများ ရလာပြီဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် အပတ်က ငွေသားအသစ် ပြန်အပ်ငွေသည် ဘီလီယံ ၂၀၀ ကျော်ပါကြောင်း၊ တစ်ပတ်အတွင်းမှာ ဘီလီယံ ၂၀၀၊ ၂၅၀ ခန့်ရှိကြောင်း၊ ဒီ message ကိုကြည့်ခြင်းအားဖြင့် public သည် မိမိတို့ Banking ထဲကို Participation လုပ်လာပြီဖြစ်ကြောင်း၊ ပြည်သူလူထု၏ ယုံကြည်မှုသည်လည်း မိမိတို့ဘက်ကို ပူးပေါင်းလာကြောင်း၊ မိမိတို့သည် ယာယီချို့ယွင်းခဲ့သည့် Internet နှင့် ပတ်သက်သည့် ကိစ္စများကို ပူးပေါင်းဆောင်ရွက် ပြီး Mobile Data နှင့် သုံးလို့ရပြီ ဖြစ်ကြောင်း။ ထို့ကြောင့် မလိုအပ်ဘဲ ဘဏ်ကို သွားစရာမလိုကြောင်း၊ စိတ်ချယုံကြည် gaệ Digital Banking Application များကို သုံးလို့ရပြီဆိုလျှင် ရာခိုင်နှုန်းအရ တန်းစီခြင်းများ၊ မလိုအပ်ဘဲ ငွေထုတ် ယူခြင်းများ ရှိတော့မည်မဟုတ်ကြောင်း၊ ယုံကြည်စွာနှင့် ငွေများကို မူလအတိုင်း ပြန်အပ်နေပြီ ဆိုလျှင် Banking ကိစ္စနှင့် ပတ်သက်၍ ကန့်သတ်သည့် အချိန်သည်၎င်း Data များအပေါ် မူတည်ပြီး တိုတောင်းသွားမည်ဖြစ်ကြောင်း၊ မည်သည့်အချိန်မှာ ငွေထုတ်ရာတွင် စောင့်ရသည့် အချိန် တိုတောင်းသွားမလဲဆိုခြင်းသည် အားလုံး၏ ပူးပေါင်းဆောင်ရွက်မှု အပေါ်တွင် မူတည်ပါကြောင်း၊ မည်သည့်နည်းနှင့်မဆိုဒီ Banking System သည် Normally Circulation နှင့်သွားနေလျှင် အားလုံး စိတ်ချမ်းသာမည်ဖြစ်ကြောင်း၊ အားလုံးစိတ်ချမ်းသာသည့် Banking System ဝင်လာပြီဆိုလျှင် ကန့်သတ်ချက်များ၊ အဆင်မပြေမှုများ အားလုံးပြီးသွားမည် ဖြစ်ပါကြောင်း၊ ရှေ့လာမည့်လများတွင် အားလုံးပုံမှန်ဖြစ်ပြီး ပြည်သူလူထုအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ အဆင်မပြေမှုများလည်းရှိနိုင်ပါကြောင်း၊ ဘဏ်များတွင်လည်း ချို့ယွင်းချက်များ ရှိနိုင်ပါကြောင်း။ ဘဏ်အချို့နှင့် ဘဏ်ဝန်ထမ်းအချို့ သည်လည်း ရိုးသားမှုမရှိခြင်းတို့ကြောင့် ထိုမရိုးသားမှုကို အခြေခံပြီး ပြည်သူလူထုအပေါ် တာဝန်ရှိသည့် ဗဟိုဘဏ် အပါအဝင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရကို အပြစ်တင်ခြင်းများရှိပါ ကြောင်း၊ လက်ရှိ အဖွဲ့ဖွဲ့ပြီး စစ်ဆေး၍ မသမာမှုလုပ်သည့်သူများ၊ Wave Money များတွင် ရာခိုင်နှုန်းဖြင့် ဝန်ဆောင်ခပိုယူသည့်သူ အားလုံးကို အရေးယူဆောင်ရွက်မှု လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ချက်ချင်း အရေးမယူသေးပါကြောင်း။
ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိ နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက် ခြင်းကိုသာ လိုလားပါကြောင်း၊ Banking System ကိုသုံးမှသာလျှင် နိုင်ငံတော်က တည်ငြိမ်မည်ဖြစ်ပါကြောင်း၊ မည်သည့်အစိုးရ တက်တက် ပြည်သူလူထုသည် အေးချမ်းစွာဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေးတည်ငြိမ်ရန် အတွက် Banking System နှင့် ငွေရေး၊ ကြေးရေးကဏ္ဍ တိုးတက်တည်ငြိမ်နေမှဖြစ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တည်ငြိမ်စေရန် အစိုးရက ပံ့ပိုးပေးနေပါကြောင်း၊ ဗဟိုဘဏ်မှ ဦးစီးပြီး ဘဏ်လုပ်ငန်းများ လုပ်နေပါကြောင်း၊ ဘဏ်များပြိုလဲစရာ မရှိပါကြောင်းနှင့် လက်ရှိ အခြေအနေသည် ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ မကြာမီအချိန်တွင် ပြည်သူလူထုသည် လုပ်ငန်းအခြေအနေ နားလည်မှုအရ အစိုးရဗဟိုဘဏ်၏ဆောင်ရွက်မှုအပေါ် တွင် နားလည်မှုဖြင့်ဆောင်ရွက်လာသည့် သင်္ကေတသည် ပြီးခဲ့သည့်အပတ်က အထောက် အထားနှင့် ပမာဏရရှိလာပြီ ဖြစ်သည့်အတွက်ကြောင့် မကြာမီကာလ တွင်ကန့်သတ်ချက် အားလုံးကို တစ်ခုပြီးတစ်ခု ဖြေလျှော့ပြီး ပြည်သူလူထု အဆင်မပြေသည့် ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(ဆက်လက်ဖော်ပါမည်)