Skip to main content

ရေပူနှင့် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ

ရန်ကုန် မေ ၁၉ တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ယခုနှစ် မေ ၁၇ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၃၈၈ စီး၊ သွင်းကုန် ၁၈၉ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၂၈၂ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။ အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ် ဆောင်ရွက်လျက်ရှိရာ မေ ၁၇ ရက်တွင် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှု သုံးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၆ ဒသမ ၃၂၃ သန်းတန်ဖိုးရှိ တရားဝင်စာ ရွက်စာတမ်း အထောက် အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းရှိသော Wheel Rims (Used) 50 PCsinos (joo Sono) 8 Pkgs & Lady Slipper 347 Pain Kid Slipper 96 Pain Lady T-Shirt 960 PCs Lady Blouse 254 PCs စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သတင်းစဉ်