Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အိန္ဒိယနိုင်ငံအတွက် ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုဆေးပစ္စည်းများအား ပို့ဆောင်လှူဒါန်း

နေပြည်တော် မေ  ၁၈

အိန္ဒိယနိုင်ငံ၌ ကိုဗစ် − ၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့်ကာလအတွင်း  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်နှင့် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံးရှိ ဝန်ထမ်းများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လှူဒါန်းသည့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ဆေးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းမှ အထူးလေယာဉ် နှစ်စင်းတို့ဖြင့် နေပြည်တော် လေဆိပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှ သွားရောက်ပို့ဆောင်လှူဒါန်းသည်။

ထိုသို့ပို့ဆောင်ရာတွင်  Surgical Mask (3000’s) ၅၀၀၀၀၀ ခု၊ Goggles ၂၀၀၀၀ ခု၊  Face  Shield (1000’s) ၅၀၀၀၀ ခု၊ Examination Glove  ၁၀၀၀၀၀ ခု၊ Oxygen  Concentrator  5L ၁၀၀ လုံးနှင့် Poweret Air  Purifying  Respirator  (PAPR) ၂၀ လုံး တို့ ပါဝင်ကြောင်း သိရှိရပြီး အဆိုပါဆေးပစ္စည်းများကို မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရှိ Indira Gandhi အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လွှဲပြောင်းပေးအပ်ရာ အိန္ဒိယနိုင်ငံ၊  Indiam Red Cross Society မှ Head of  Internation – Desk  ဖြစ်သူ Mr. Arun  Tureel    က လက်ခံရယူသည်။

အိန္ဒိယနိုင်ငံအနေဖြင့် လက်ရှိကာလတွင် ကိုဗစ် − ၁၉ ရောဂါကူးစက်ခံရမှု များပြား လျက်ရှိပြီး ရောဂါကြောင့် သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် လူသားချင်း စာနာထောက်ထား သည့် အကူအညီများကို မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်း နိုင်ငံပီသစွာဖြင့် ယခုကဲ့သို့ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလေယာဉ်များနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ပြန်လည်ထွက်ခွာရန် အခက်အခဲ ရှိနေသည့် အိန္ဒိယနိုင်ငံသား ၂၅ ဦးတို့ လိုက်ပါသွားကြောင်း သိရှိရပြီး  အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့် သံဃာတော် ၆ ပါး၊ လူပုဂ္ဂိုလ် အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၃၈ ဦး၊ စုစုပေါင်း ၉၅ ဦးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်သည့် လေယာဉ်ဖြင့် လည်းကောင်း၊ သံဃာတော် ၁၄ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၁ ပါး၊ လူပုဂ္ဂိုလ် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၃၃ ဦးတို့သည် နေပြည်တော်လေဆိပ်သို့ ဆိုက်ရောက်သည့် လေယာဉ်ဖြင့် လည်းကောင်း၊ စုစုပေါင်း သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များအပါအဝင် မြန်မာနိုင်ငံသား ၁၂၈ ဦး တို့ကို ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား သက်ဆိုင်ရာ လေဆိပ်များ၌ ကနဦး ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီး Quarantine Center များသို့ ဆက်လက် ပို့ဆောင်၍ သတ်မှတ်ချက်များနှင့်အညီ Quarantine ထားရှိသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်