Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြု လုပ်သည့် သတင်းစာ ရှင်းလင်းပွဲ မှတ်တမ်း

 

ယမန်နေ့မှအဆက်

ဒုတိယအပိုင်းအနေနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ပြီလအတွင်း လုပ်ဆောင်ချက်များကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ပထမဆုံးပြည်ပခရီးစဉ် အဖြစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသည့် အာဆီယံနိုင်ငံ့ခေါင်းဆောင် များ အစည်းအဝေးကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါကြောင်း၊ အာဆီယံဒေသအတွင်း ရေ ရှည်ကြံ့ကြံ့ခံနိုင်မှုရှိပြီး စဉ်ဆက်မပြတ် ဒေသတွင်း ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်များတွင် မြန်မာ နိုင်ငံ အနေနှင့် ဆက်လက်ပံ့ပိုးသွားမည် ဆိုသည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အာဆီယံ နိုင်ငံ့ ခေါင်းဆောင်များထံသတင်းစကားပါးခဲ့ ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေနှင့် အာဆီယံ၏ ဦးတည်ချက်များ အောင်မြင် စေရန်၊ အာဆီယံပဋိညာဉ်စာတမ်းနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) ပါ အခြေခံမူများနှင့်အညီ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည်ကိုလည်း ထပ်လောင်း ပြောကြားနိုင်ခဲ့ ပါကြောင်း ပြောကြားသည်။

အင်အားသစ်များရရှိသည့် ခရီးစဉ်

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်း လဲမှုများ နှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်း စဉ်များအကြောင်း အာဆီယံနိုင်ငံ့ခေါင်းဆောင်များကို ကိုယ်တိုင်ရှင်းရှင်း လင်းလင်း ပြောကြားနိုင်ခဲ့ပါကြောင်း၊ လက်ရှိတိုင်းပြည်အရေးကို ကိုင်တွယ် ဖြေရှင်းနေရသော နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ အရေးပါမှု၊ နိုင်ငံတကာ နှင့်ဒေသတွင်း တိုင်းပြည်များ၏ အသိ အမှတ်ပြုမှု၊ အာဆီယံ၏ မြန်မာနိုင်ငံ အပေါ်ထားရှိသော မှန်ကန်သည့် ရပ်တည်ချက် သဘောထားကိုလည်း မြင်တွေ့နိုင်ခဲ့ရသည့် ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း၊ အထူးခြားဆုံး ရလဒ်မှာ ပြည်သူအတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအပေါ် ပိုမိုယုံကြည်စိတ်ချ မှုရှိစွာနှင့် ရှေ့ဆက်လျှောက်လှမ်းကြရန် ငြိမ်းချမ်းစွာအတူပူးပေါင်းပြီး မြန်မာနိုင်ငံ တော်အတွက် တိုးတက်ရာ၊ တိုးတက်ကြောင်း လျှောက်လှမ်းနိုင်ရန်အတွက် အင်အားသစ်များ ရရှိခဲ့စေသည့် ခရီးစဉ် တစ်ခုဖြစ်ခဲ့ ပါကြောင်း ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန် ချက် တစ်စောင်ကိုမတ်လ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ ထာဝရငြိမ်းချမ်းရေး အတွက် ရှေ့ဆက်သွားမည့် ညှိနှိုင်း ဆွေးနွေးမှု အစီအမံ များပါရှိသလို ဧပြီ ၃၀ ရက်တွင် ထပ်မံထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့်အုပ် ချုပ်ရေး ယန္တရားများကို နှောင့်ယှက် ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ကို မေလ ၁ရက်မှ ၃၁ရက်အထိ ထပ်မံရပ်ဆိုင်းပေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာ ခဲ့ပါကြောင်း၊ အဆိုပါကာလများအတွင်း ညှိနှိုင်းဆွေးနွေးမှုများနှင့် ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်း သွားကြရန် တိုက်တွန်းထားသည်ကို မြင်တွေ့ရပါကြောင်း ပြောကြားသည်။

လေးနက်စွာ ဖိတ်ခေါ်

အကြောင်းအမျိုးမျိုးကြောင့် နေရာ ဒေသအသီးသီးကို ရောက်ရှိနေကြသည့် နိုင်ငံသားများကို ပြန်လည် ဖိတ်ခေါ်သည့် သတင်းထုတ်ပြန်ချက်ကို ဧပြီလ ၁ရက် တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြည်တွင်း ပြည်ပရှိ လူပုဂ္ဂိုလ် အဖွဲ့အစည်းအချို့ ၏ သွေးဆောင်ဖြားယောင်းမှု အမျိုးမျိုးကို ယုံစားပြီး ကျောင်းသား ကျောင်းသူအချို့၊ လူငယ် လူရွယ်အချို့နှင့် နိုင်ငံ့ဝန်ထမ်း အချို့စသည့် ပြည်သူများသည် EAO များ တည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံ များကို စိုးရိမ်စိတ်များနှင့် ရှောင်တိမ်း နေကြသည်များရှိ လာသည့်အခါ လုံခြုံမှု၊ ဘဝအာမခံချက်နှင့် လူမှုစီးပွားရေး ထိခိုက်ကြပါကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံအရပ်ရပ်က မိမိတို့ဒေသ အသီးသီးကို ပြန်လာ နိုင်ရန်ဖိတ်ခေါ်ထား သည်ကိုလည်း တွေ့မြင်နိုင် မည်ဖြစ်ကြောင်း၊ လက်တွေ့ တကယ်ဖြစ်ရပ်များ တွင် ဒုက္ခရောက်နေကြသည့် နိုင်ငံသားများရှိကြောင်း၊ စိုးရိမ်ထိတ်လန့်မှုဖြင့် တိမ်းရှောင်နေသူများအတွင်း ရာဇဝတ် ကျူးလွန်ထားသူများမှအပ ကျန်သူများ အနေဖြင့် စိတ်ချစွာ ပြန်လည်ဝင်ရောက် နိုင်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်၊ တိုင်းဒေသ ကြီး၊ ပြည်နယ်များ၊ သက်ဆိုင်ရာကောင်စစ်ဝန်၊ စစ်သံရုံးများတွင် ပြန်လာနိုင်ရန်အတွက် လေးနက်စွာ ဖိတ်ခေါ်အပ်ပါကြောင်း ပြောကြားသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဒီမိုကရေစီ အကျိုးပြု ကရင် ၊ တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး ကရင်အမျိုးသားလွတ် မြောက် ရေး တပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ALP တို့နှင့် သီးခြားစီ တွေ့ဆုံ ခဲ့ခြင်းကြောင့် ငြိမ်းချမ်း ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါ ကြောင်း ပြောကြားသည်။

ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေး အနေနှင့် (၂၅)ကြိမ်မြောက် အာဆီယံ လူမှုရေး- ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်း အဝေးကို မတ်လ ၃၁ ရက်နေ့က ကျင်းပ ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် အဖွဲ့က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြပြီးပြီလ ၁ရက်နေ့၌ကျင်းပသည့် (၁၇) ကြိမ်မြောက် ဘင်းမ် စတက် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က ဗီဒီယိုကွန်ဖရင့် ဖြင့် တက်ရောက်ခဲ့ပါကြောင်း ပြောကြား သည်။

အာဆီယံနှင့် ဗြိတိန်တို့အကြား ကိုဗစ်-၁၉ အပါအဝင် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ ကြံ့ကြံ့ခံနိုင်သည့် ရေရှည်တည်တံ့ခိုင်မြဲသည့် စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ရာသီဥတု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း og? ASEAN- UK Open - Ended Troika Dialogue 3 Ec@30913 ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဗီဒီယိုကွန်ဖရင့်ဖြင့် ဧပြီလ ၈ ရက်နေ့တွင် တက်ရောက် ဆွေးနွေးခဲ့ပါကြောင်း၊ ထို့အတူ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များက ဗီဒီယိုကွန်ဖရင့်ဖြင့် ဩစတြီးယားနိုင်ငံ ဗီယက်နမ် မြို့၌ ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသည့် (၆၄) ကြိမ်မြောက် မူးယစ်ဆေးဝါးကော်မရှင် အစည်းအဝေးကို တက်ရောက်ခဲ့ကြပါကြောင်း၊ နိုင်ငံတော် ၏ ပုံမှန်လည်ပတ်စီးဆင်းနေသည့် ကုန်စည် လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဖေဖော် ဝါရီလ ၂၈ ရက်မှ မတ်လ ၃၁ ရက်အထိ ပြည်တွင်းဆိပ်ကမ်းမှ အထွက်ကုန် သေတ္တာ ၁၉၅၉၄ လုံးနှင့် ပြည်တွင်း ဆိပ်ကမ်းအဝင် ကုန်သေတ္တာ ၂၂၄၁၇ လုံး စုစုပေါင်းကုန်သေတ္တာ ၄၂၀၀၁ လုံး ပုံမှန် ကုန်စည်စီးဆင်းစေခဲ့သည့်အတွက် ကုန်သွယ်မှုအတွက် အထောက်အကူပြု စေခဲ့ပါကြောင်း ပြောကြားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက် ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးကိစ္စများကို ဆောင်ရွက် လျက်ရှိကြောင်း ဦးစားပေးအစီအစဉ်အရ ဇန်နဝါရီလ ၂၇ ရက်တွင် ကာကွယ်ဆေး ထိုးနှံခြင်းစတင်ခဲ့ပြီးပြီလ၂၁ရက်အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ခြင်းမှာ ကာကွယ်ဆေး အရေအတွက် ၁ ဒသမ ၅၄ သန်း၊ ဒုတိယအကြိမ်ကာကွယ် ဆေးထိုးနှံခြင်းအဖြစ် ၀ ဒသမ ၃၄သန်း စုစုပေါင်း ကာကွယ်ဆေး ၁ ဒသမ ၈၈ သန်းကို ထိုးနှံခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ အတူ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံတကာ သံရုံးများက သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဧပြီ ၅ ရက်တွင် စတင်ထိုးနှံပေးခဲ့ပါကြောင်း ပြောကြား သည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အစရှိသော မြို့ကြီးများ၏ ပြည်သူ့ဆေးရုံ ကြီးများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ် ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စီမံဆောင်ရွက်မှုများ ကိုလည်း မြင်တွေ့ခဲ့ရပါကြောင်း၊ ရလဒ် အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီးတို့ အပါအဝင် မြို့နယ်များရှိ ပြည်သူ့ဆေးရုံအချို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံများအတွက် ဆေးဝါး ဝယ်ယူနိုင်ရန် ငွေကျပ်ဘီလီယံ ၃၀၀လျာထားခဲ့ပြီး ဆေးရုံလုပ်ငန်း လိုအပ် ချက်များနှင့်အညီ ဖြည့်ဆည်းပေးမည် ဖြစ်သကဲ့သို့ ကျန်းမာရေးဝန်ထမ်းများ ကိုလည်း အစဉ်တစိုက် ဖိတ်ခေါ်လျက် ရှိနေသည်ကို မြင်တွေ့ရမှာဖြစ်ပါကြောင်း ပြောကြားသည်။ ။

ပြည်သူများ သွားလာမှုအဆင်ပြေ စေရေး ဆောင်ရွက်ချက်များအနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ဝန်ကြီးဌာနမှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ရေကြောင်းခရီးစဉ်များကို ပြန်လည်ပြေးဆွဲပေး လျက်ရှိပါကြောင်း၊ မြန်မာ့မီးရထားမှ သင်္ကြန်ကာလ အများ ပြည်သူများ ခရီးသွားလာမှုလွယ်ကူ စေရန် ရန်ကုန်-နေပြည်တော် - ရန်ကုန် လူစီးအမြန်ရထားများဖြစ်တဲ့ အမှတ်(၇) အဆန်၊ အမှတ်(၈) အစုန် လူစီးရထား ခရီးစဉ်များကို ဧပြီလ ၄ ရက်နေ့မှာ စတင်ပြေးဆွဲပေးလျက် ရှိတဲ့အပြင် ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်နဲ့ ရန်ကုန်- ပြည် အစရှိတဲ့ ခရီးစဉ်တွေ ကိုလည်း ပြေးဆွဲပေးလျက်ရှိပါကြောင်း ပြောကြားသည်။ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်တတိယချက်အနေဖြင့် ပြည်ထောင် စု သမ္မတမြန်မာနိုင်ငံတော်၊ အကြမ်း ဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနှင့် CRPH, NUG, PDF စသည့် အကြမ်းဖက်အဖွဲ့ ၃ ဖွဲ့နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းအားလုံးကို ယခုလ မေလ ( ၈ ရက်က အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာခဲ့ပါကြောင်း၊ ၎င်း အဖွဲ့များ အနေနှင့် နံပါတ် (၁) “CRPH" နှင့်"NUG”အဖွဲ့များမှ ဦးဆောင်သူများ၏ လှုံ့ဆော်အားပေးမှုကြောင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် ဗုံးခွဲခြင်း၊ မီးရှို့ခြင်း၊ လူသတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ဖြစ်ပေါ်လာခဲ့ကြောင်း တွေ့ရပါကြောင်း၊ နံပါတ် (၂) * NUG” အဖွဲ့အနေနှင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF)အမည်ခံ လက်နက်ကိုင်အကြမ်းဖက် သူပုန်အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ နံပါတ် (၃) ထို * NUG ” နှင့် “ PDF ” တို့၏ လှုံ့ဆော် အားပေးမှုများကြောင့် လက်နက် ကိုင်အကြမ်းဖက်သည့် လုပ်ဆောင်မှု များ ပေါ်ပေါက်လာခဲ့ကြောင်း၊ နံပါတ် (၄)ထိုအဖွဲ့များက CDM ပြုလုပ်ရန် လှုံ့ဆော်ခြင်း၊ CDM မပြုလုပ်သူများကို ခြိမ်းခြောက်ခြင်း၊ ကျောင်းသား ကျောင်း သူများနှင့် ဆရာ ဆရာများကို ကျောင်း မတက်ရန်လှုံ့ဆော်ခြင်း၊ ကျောင်းတက် သူများကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် လုပ်ရပ်များကို အားပေးထောက်ခံခြင်း၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် အားထုတ်လျက်ရှိကြောင်း ပြောကြား သည်။

အကြမ်းဖက်မှုများတွင် အကျုံးဝင် ထို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲ ငယ်(၁၃)ပါ အများပြည်သူအတွင်း ထိတ် လန့်ကြောက်ရွံ့မှုကို ဖြစ်စေခြင်း၊ အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း တစ်ခုခုအားဥပဒေနှင့်မညီသည့် လုပ်ရပ် တစ်ခုကို အတင်းအကျပ်ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့်အညီပြုလုပ်ရမည်ကို မပြုလုပ်ဘဲ ရှောင်ရှားစေခြင်းတို့ကို ရည်ရွယ်၍ပြုလုပ်သည့် အကြမ်းဖက်မှု များတွင် အကျုံးဝင်လျက်ရှိကြောင်း၊ ထို့ကြောင့် ၎င်းအဖွဲ့များနှင့် လက်

အောက်ခံ အဖွဲ့ အစည်းအားလုံးကို အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေညာခဲ့ခြင်းဖြစ်ပါကြောင်း၊ အကြမ်း ဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်အ ဖမ်း ဆီး၍ အရေးယူခြင်း မပြုနိုင်စေရန် ဖြစ်စေ၊ လွတ်မြောက်စေရန် အတွက် ဖြစ်စေ ထိမ်ချန်ခြင်း သို့မဟုတ် သိလျက် နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေး ခြင်း၊ ယာယီတည်းခို နေထိုင်ခွင့်ပေးခြင်း သို့မဟုတ် ဝှက်ထခြင်းတို့ ပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)အရအနည်းဆုံး င်ဒဏ် သုံး နှစ်မှ အများဆုံးထောင်ဒဏ် ခုနစ် နှစ် အထိ ချမှတ်ခြင်းခံရနိုင်ပါကြောင်း၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင် အား အဆောက်အအုံနှင့် နေရာတစ်ခုခု ကိုအသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေး ပြုလုပ်ခွင့်ပေးရန်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက် ပေးရန် ပြုလုပ်မှုများဆောင်ရွက်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နှင့် ငြိစွန်းကြောင်း၊ အကြမ်းဖက် အုပ်စုတစ်ခုခုက အသုံးပြုရန် ရည်ရွယ်၍ ဖြစ်စေ၊ အသုံးပြုမည်ဟု သိလျက်နှင့် ဖြစ်စေ ငွေကြေးကောက်ခံခြင်း၊က်ခံခြင်း၊ ထောက်ပံ့ခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းတို့ ပြုလုပ်ပါက အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃(က) အရ အကြမ်း ဖက်မှုကိုငွေကြေးထောက်ပံ့ မှုဆိုင်ရာ ပြစ်မှုမြောက်သဖြင့် အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အရ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ခြင်း ခံရနိုင်ပါကြောင်း ပြောကြား သည်။

ငွေကြေး၊ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို အကြမ်းဖက်အုပ်စု တစ်ခုခုက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ဖြစ်စေ တစ်နည်းနည်းဖြင့် အသုံးပြု ခြင်း သို့မဟုတ် အသုံးပြုရန်ရည်ရွယ်၍

သော်လည်းကောင်း၊ အသုံးပြုမည်ဟု သိရန် အကြောင်းရှိလျက်နှင့်သော်လည်း

ကောင်း၊ ဥပဒေနှင့်မညီဘဲလက်ယ်ထား ရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၁(ခ) အရအကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှု မြောက်သဖြင့် အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေပုဒ်မ ၅၀(ည) အရ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး

ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခြင်း ခံရနိုင်ပါကြောင်း၊ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေပုဒ်မ ၄၁ ပါ အကြမ်းဖက် မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှု တစ်ခုခုကိုကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေး ကူညီခြင်း၊ လှုံ့ဆော်မှုပြုခြင်း၊ စည်းရုံးခြင်း၊ ပေးကမ်းထောက်ပံ့ခြင်း၊ အခြ သူများကို ညွှန်ကြားခြင်း၊ ယင်း ပြစ်မှုတစ်ခုခုကျူးလွန်ရာတွင် ကြံရာ ပါအဖြစ် ပါဝင်ဆောင်ရွက်ခြင်းပြုပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) အရ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက် အထိ ချမှတ်ခြင်းခံရနိုင်ပါကြောင်း ပြောကြားသည်။ ။

ဆက်လက်ပြီး အကြမ်းဖက်ဖောက် ခွဲဖျက်ဆီးရေးသမားများ ဖော်ထုတ်ရရှိမှု နှင့် ၎င်းတို့၏ ဝန်ခံချက် အချို့ကိုပြောလို ပါကြောင်း၊ ဧပြီလနှင့် မေလအတွင်း၌ မြို့နယ်ပညာရေးမှူးရုံးများ၊ စာသင်ကျောင်းများ ကို လက်လုပ်မိုင်း၊ လက် လုပ်ဗုံးတို့နှင့် ပစ်ခတ်မှု၊ မီးပုလင်း၊ မီးကွင်းနဲ့ ပစ်ခတ်ဖျက်ဆီးမှု (၅၇)ကြိမ် ရှိခဲ့ပါကြောင်း၊ ဖမ်းဆီးရရှိမှု အနေဖြင့် ဧပြီလ ၁၇ ရက်နေ့က ရန်ကင်းမြို့နယ် နေအိမ်၌ ခင်ငြိမ်းသူ အပါအဝင် ကျား ၄ ဦး၊ မ၂ ဦးတို့ကို လက်လုပ်မိုင်း ၄၈ လုံး၊ ယမ်း ၂၀ တောင့်၊ ဒီတိုနေတာ ၂ဝ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ | ၎င်းတို့သည် ရန်ကင်းမြို့နယ်အတွင်း | ဆိုင် သုံးဆိုင်ကို မီးရှို့ ဖျက်ဆီးခဲ့သူများ

ဖြစ်ပါကြောင်း၊ ၎င်းတို့၏ ထွက်ဆိုချက် များအရ ဆက်စပ်တရားခံများကို ဖမ်းဆီးခဲ့ရာ ဖယ်ခုံမြို့နယ်၊ မရမ်းကုန်း

မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်။ | သင်္ဃန်းကျွန်းမြို့နယ်၊ YBS (၁၄)ယာဉ်

ပေါ် ဗုံးဖောက်ခွဲမှု ဖြစ်စဉ်တွင် ပါဝင်နေ သူများ၊ သာကေတမြို့နယ်၊ သန်လျင်

မြို့နယ်တို့၌ နေထိုင်သူ ၃၉ ဦးကို ( လက်ပစ်ဗုံး၊လက်လုပ်ဗုံး ၃၁ လုံး၊ လက်လုပ်မိုင်း ၄၈ လုံး၊ ယမ်းပျော့ ၂၇ တောင့် ဒီတိုနေတာ ၂ဝ ခု၊ယမ်းကြိုး ၅၇ ပေခန့်၊ မီးခိုးဗုံး ၆၅ လုံး၊ ယမ်းမှုန့်များ။

ဆက်စပ်ပစ္စည်းများနှင့် ဖမ်းမိခဲ့

လက်လုပ်မိုင်းပြုလုပ်နေစဉ်ပေါက်ကွဲဖမ်းဆီးရမိသည့်သူများနှင့် ပမာဏ များကို ကြည့်မည်ဆိုလျှင် ရည်ရွယ်ချက် ကြီးကြီးဖြင့် လုပ်ဆောင် နေသည်ကို တွေ့ရနိုင်ကြောင်း၊ ထိုနေ့တွင်ပင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ဖောက်ခွဲဖျက်ဆီး ရေးသမား ခုနစ် ဦးကို လက်ပစ်ဗုံး နှစ်လုံးနှင့်အတူ ဖမ်းဆီးရမိ ခဲ့ပြီး ဆက်စပ် ဖော်ထုတ်ဖမ်းဆီးရမိသူ ၂၇ ဦးရှိခဲ့ပါကြောင်း ၊ ဧပြီလ ၂၄ ရက်နေ့ တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၃၄/၄ ရှိခြံဝင်း အတွင်းမှာ ကျား ( ၁၄ ဦး၊ မ နှစ် ဦးတို့ကို စိုက်ကွန် သုံးလုံး၊လေ့ကျင့်ရေးသုံး ဆက်စပ်ပစ္စည်းများနှင့် ဖမ်းမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ကျိုက်ဝိုင်းဘုရားအနီး ဘုန်းကြီးကျောင်း ဝင်းအတွင်းမှာ ဖောက်ခွဲရေးဆက်စပ် ပစ္စည်းအမျိုးအစား ၃၀ ထပ်မံသိမ်း ဆည်းရမိခဲ့ကြောင်း၊ ဧပြီလ ၂၉ ရက်နေ့ မှာ ဖောက်ခွဲရေးသင်တန်း တက်ရောက် ပြီး ပြန်လာတဲ့ ဖြိုးကိုကို အပါအဝင်ကျား ရှစ်ဦး၊ မတစ်ဦး၊ ဘီးလင်းမြို့ အထွက်မှာ သန့်ဇင်အပါဆင်ကျား တစ် ဦး၊မတစ် ဦးတို့ကို ဖမ်းမိခဲ့ပြီး ဆက်စပ်ဖော်ထုတ် ချက်များအရ မေလ ၂ ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ်၌ အေးချမ်းသော် အပါအဝင် ကျား ခုနစ် ဦး၊ မ သုံး ဦးကို ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ မေ ၃ ရက်နေ့မှာ အင်းစိန်မြို့နယ်၌

ကျော်စိုးဟိန်းအား လက်လုပ်ဗုံး သုံး လုံး နှင့် လက်လုပ်ဗုံးပြုလုပ်ရာမှာ အသုံးပြု သည့် ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း၊ မေလ ၂ ရက်နေ့ကပျဉ်းမနားမြို့နေအိမ် မှာ ရန်ငြိမ်းပိုင် အပါအဝင် နှစ်ဦးကို လက်လုပ်ဗုံး ၄၃ လုံး၊ ယမ်းကြိုး ၂၃

ချောင်းတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက်အရ မေလ ၃ ရက်နေ့မှာ တပ်ကုန်းမြို့၌ ရန်နိုင်မိုးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ မေလ ၅ ရက်နေ့ ဗဟန်းမြို့နယ်၊ EAMP အားကစားခန်းမ ပေါက်ကွဲမှုဖြစ်စဉ်မှာ ပါဝင်ခဲ့သည့် လက်ဝှေ့ကစားသမား ဖိုးသော် အပါအဝင် ကျား ခုနစ် ဦး၊ မ နှစ် ဦးတို့ကို ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခုနှင့် ကျည်ဆန်များ၊ လက်လုပ်မိုင်း သုံးလုံး၊ ဒီတိုနေတာ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတို့ ထွက် ဆိုချက်များအရ လက်လုပ်မိုင်းပြုလုပ် နေစဉ်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း။

အလားတူ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးနှင့် အပေါင်းအပါများက ရွာတစ်ရွာရှိ ခြံဝင်းအတွင်း လက်လုပ်မိုင်းပြုလုပ် နေစဉ် ပေါက်ကွဲပျက်စီးပြီး သေဆုံးခဲ့ကြောင်း၊ တချို့ မီဒီယာများ အနေဖြင့် ပါဆယ်ဗုံးပေါက်ကွဲခြင်းဟု ရေးသား နေကြခြင်းကို တွေ့ရ ကြောင်း၊ မေလ ၇ ရက်နေ့မှာ CDM ဝန်ထမ်းများနှင့်စစ်သင် တန်း တက်ရောက်နေသူများကို ထောက်ပံ့ရေး ဆောက်ရွက်ပေးနေသည့် ဇမ္ဗူသီရိမြို့နယ်ရှိ Mr. Hello စားသက်ဆိုင်ပိုင်ရှင် ရူပကို ၎င်း၏ဆိုင် တွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ဖော် ထုတ်ချက်အရ မေလ ၈ ရက်နေ့မှာ ဥတ္တရသီရိမြို့နယ်ရှိ နံ့သာမြင့် သစ်စက်ပိုင်ရှင် သိန်းကို ဇမ္ဗူသီရိ မြို့နယ်မှာ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မေလ ၇ ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်၌ မသင်္ကာဖွယ်ရာများ တွေ့ရှိရသဖြင့် ဧည့်စာရင်း စစ်ဆေးစဉ် ထွဋ်ထက်လင်း အပါအဝင် သုံးဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဆက်စပ် ဖော်ထုတ်ချက် များအရ သန်လျင်မြို့နယ်၌ အကြမ်းဖက် သင်တန်းပြုလုပ်နေသည့် ကျား ၁၁ ဦး၊ မ ငါးဦးတို့ကို ကော်သေနတ် ခြောက် လက်၊ လက်ပစ်ဗုံးအတု နှစ်လုံး၊ ၎င်း

ကော်စေ့ကျည် တစ်ခြင်းတို့နှင့် အတူ သိမ်းဆည်းရမိခဲ့ကြောင်း၊ မေလ ၁၀ ရက်နေ့မှာ လှည်းကူးမြို့နယ်၌ ဖောက်ခွဲရေး ကော်တန်းပေါ်နေသည် ဟု သတင်းရ သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ဇော်ထိုက်နဲ့ ဘီဂါး (ခ) ကိုကိုဇော်တို့ကို ပွိုင့်-၂၂ (၁)လက်၊ ကျည် ၁၁၈ တောင့်၊ လေသေနတ် တစ် လက်၊ လက်လုပ်မိုင်း ၄၈ လုံးနှင့် ဒီတိုနေတာ ၁၅ ချောင်း သိမ်းဆည်းရမိခဲ့ ကြောင်း။ မေလ၁ရက်နေ့မှာ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဖောက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများ ဆောင်ရွက် ရန် ကြိုတင်ပြင်ဆင်နေသည့် မြတ်ထူး (ခ) ကိုဇွဲ အပါအဝင် လေးဦးကို စနိုက် ပါလေသေနတ် တစ်လက်၊ ယမ်းကြိုး တစ်ခွေ၊ စတီးဘောစေ့ ၂၅ထုပ်၊ အဝါ

ရောင်/အဖြူရောင်ကန့်မှုန့် ၁၂ ပိဿာ ခန့်၊ မီးရှို့ စနက်တံ ၂၇ခု၊ ဒေသန္တရ ယမ်းမှုန့် ၄၀ကျပ်သားခန့်၊ ပုလဲဓာတ် မြေဩဇာ ခုနစ်ပိဿာခန့်၊ စားပွဲတင် နာရီ(အသေး) ရှစ်လုံး၊ AAA ဓာတ်ခဲ ခုနစ် လုံး၊ g Volt ဓာတ်ခဲ ၁၂လုံးနဲ့ အခြား ဖောက်ခွဲရေးပစ္စည်းများကို ဒက္ခိဏသီရိ မြို့နယ်မှာ သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားသည်။

အဖျက်အမှောင့်လုပ်ငန်းများ

ဆောင်ရွက် ထိုဖြစ်စဉ်များကို သုံးသပ်ကြည့်ရင် အကြမ်းဖက်ဆူပူဆန္ဒပြသောင်းကျန်းသူ များအနေဖြင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများ

လျော့နည်းသွားသည့်အခါ ၎င်းတို့၏ ရပ်တည်နိုင်မှု လျော့နည်းလာခြင်း

ကြောင့် ပြည်သူလူထု ပြည်သူလူထုနှင့် သက်ဆိုင်သည့် နေရာများ၊ အုပ်ချုပ်ရေး ယန္တရားများကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း၊ ဗုံးပစ်ခြင်း တို့ကို ဆောင်ရွက်နေခြင်းများကို တွေ့ ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွင်း စိုးရိမ်စိတ်များ ဖြစ်လာအောင်၊ မငြိမ် မသက်မှုများဖြစ်လာအောင် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်သမား များအနေဖြင့် ထိုလက်လုပ်ဗုံး၊ မိုင်းတွေ ကို မြို့ထဲမှာ ဆောင်ရွက်တပ်ဆင်နေခြင်းကြောင့် ဗုံးကွဲပြီး သေဆုံး၊ ဒဏ်ရာရမှု ဖြစ်စဉ်များ ရှိပါကြောင်း၊ ၎င်းတို့သည် ပြည်သူလူထုအကြားမှာ ပြည်သူလူထုကို အကာအကွယ်ယူပြီး အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဖျက်အမှောင့် လုပ်ငန်းများ သည် ပြည်သူလူထုကို အများဆုံးထိခိုက် စေခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်မှမေလ ၁၂ရက်အထိ ဆူပူအကြမ်း ဖက်သူများ၏ လူမဆန်သည့်လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၆၃ ဦးသေဆုံး ခဲ့ပါကြောင်း။

၎င်းအဖျက်သမားများနှင့်ပတ်သက် သည့်သတင်းများ လှုပ်ရှားမှုများ မသင်္ကာ စရာ များကို သက်ဆိုင်ရာ

တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များကို ပေးကြရန် တိုက်တွန်းလိုပါ

ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် အဖျက်သမားများကိုထိခိုက်ဏ်ရာရ

သေဆုံးရမည့်ပြည်သူလူထုနဲ့ ပြည်သူပိုင် အဆောက်အဦများကို ကာကွယ်ပေး ခြင်းဖြစ်ပါကြောင်း၊ နောက်ဆုံးတစ်ခု အနေဖြင့် ယခုကာလအတွင်းမှာ အချို့ မီဒီယာများ၊ NLD ပါတီဝင် အစွန်းရောက် များ၊ သွေးထိုးမြှောက်ယှနေသူများအနေ ဖြင့် အချက် ၃ အပေါ်မှာ မူတည်ပြီး သတင်းမှားများ၊ လုပ်ကြံ သတင်းများ ဖန်တီးပြီး ဆူပူအကြမ်းဖက်မှုများ ပိုမို ဖြစ်ပွားလာအောင်၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အထင်အမြင်လွဲမှားအောင်၊ ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့် စိတ်တွေဖြစ်ပေါ်လာအောင် ဆောင်ရွက် လာခြင်းကို တွေ့ရကြောင်း၊ ၎င်းတို့

ဆောင်ရွက်နေသည့် သတင်းမှားတွေ၊ လုပ်ကြံသတင်းများမှာ နံပါတ်တစ် အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ငွေနှင့် ပစ္စည်းများယူနေသည်ဟု စွပ်စွဲ လုပ်ကြံခြင်းများဖြစ်ကြောင်း၊ ထိုကိစ္စ နှင့် ပတ်သက်ပြီး စိစစ်တွေ့ရှိချက် တစ်ခုကို ပြောလိုကြောင်း၊ မေလ ၉ ရက်နေ့နေ့လယ်၂နာရီမှာ ဗိုလ်တထောင် မြို့နယ်၊ ရာဇဓရာဇ်လမ်းနှင့်ကုန်သည် လမ်းပေါ်မှာ လုံခြုံရေးဆောင်ရွက်နေ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ငွေ ၂၅ သိန်းယူသွားသည်ဟု စွပ်စွဲချက်ပေါ် ပေါက်ခဲ့ကြောင်း၊ အမှုဖွင့်၊ အမှုလက်ခံ စစ်ဆေးရာ စွပ်စွဲပြောဆိုသူ ကိုယ်တိုင်က ၎င်းငွေ ၂၅ သိန်းကို ၎င်း၏ ရည်းစားကို ပေးခဲ့ကြောင်း၊ ၎င်း၏အစ်မများကို အဆိုပါ ငွေ ၂၅ သိန်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ယူသွားသည်ဟု လိမ်ပြောခဲ့ပါကြောင်း၊ စနစ်တကျ စစ်ဆေး တဲ့အခါ အဖြစ်မှန် ပေါ်ပေါက်လာပါကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် ပြည်သူလူထုကို အသိပေးလိုသည်မှာ လုံခြုံရေးတပ်ဖွဲ့ များအနေဖြင့် ပြည်သူလူထုထံက ငွေ၊ ပစ္စည်းတောင်းယူခြင်းများရှိလျှင် သက်ဆိုင်ရာကို တိုင်ကြားပေးကြရန် လိုအပ် ကြောင်း၊ မိမိတို့ စိစစ်ဆောင်ရွက်မှုများ ဥပဒေအတိုင်းဖြစ် စေမှုများ ဆောင်ရွက် ပေးမည်ကို ပြောလိုပါ ကြောင်း။ သက်သေ ခိုင်ခိုင်လုံလုံဖြင့်တိုင်ကြားနိုင် အလား တူ ရန်ကင်းမှာရှိသည့် “ ပို့ပို့” အာမခံ ရွှေဆိုင်ကို မေလ ၉ ရက်နေ့ နေ့လယ်၁၂နာရီ၄၅ မိနစ်မှာ အမျိုးသား ငါးဦးက ဝင်ရောက်လု ယက်ခဲ့ပါကြောင်း ရွှေ ထည် ၁ ပိဿာ ၃၀ ကျပ်သား နှင့် ငွေကျပ် သိန်း ၄၀ ပါသွားကြောင်း၊ ထိုကိစ္စကို တော်စပ်ဖော်ထုတ်သည့်အခါ ရခံ ခြေတော်ဦးကို လုယက်ခဲ့သည့် ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ ကြောင်း၊ ထူးခြားချက်မှာ ထိုတရားခံ များ ဖမ်းမိသည့်နေရာမှာ သေနတ် လက်လုပ်ဗုံး၊ ဆူပူဆန္ဒပြရာတွင် အသုံးပြုသည့် Hand Speaker များ၊ ဓာတ်ငွေ့ကာ မျက်မှန်များ၊ စကားပြော စက်များ၊ ဒီတိုနေတာများကို ဖော်ထုတ် ရရှိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိသူ အများစု သည် အသက် ၂၀ နှင့် ၃၁ ကြား ဖြစ်ကြောင်း၊ ယခုလို အခြေအနေမျိုးမှာ ထိုလူမျိုးများရှိခြင်းကို မိဘပြည်သူ များသတိရှိစေ လိုပါကြောင်း၊ နံပါတ် နှစ်အချက် အနေဖြင့် အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုရှိသည်ဟု စွပ်စွဲချက်များ ဖြစ်ပါကြောင်း၊ အဓိပ္ပာယ်မရှိသည့်စွပ်စွဲချက် ပင်ဖြစ်ပါကြောင်း၊ မိမိတို့ မတ်လ အတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မိဘပြည်သူများအပေါ် အသိပေး ပြောကြားခဲ့ဖူးကြောင်း၊ ယခင် ၈၈ အရေးအခင်းတုန်းက ဖမ်းဆီးခံ ရသူများကို မုဒိမ်းကျင့်ခြင်း၊ မတော် မတရားလုပ်ခြင်းစသည့် စွပ်စွဲချက်များ လာလိမ့်မည်ဟု ကြိုပြောခဲ့ပါကြောင်း၊ ဒီကိစ္စကို အဲဒီတုန်းက နာမည်ကြီး သတင်းဌာနတစ်ခုက ဆဝေဆာဆာ လွှင့်ခဲ့ပါကြောင်း၊ အချိန်တန်တော့လည်း ကာယကံရှင် ကိုယ်တိုင်ဝန်ခံသည့် ဝန်ခံချက် ပေါ်ပေါက်လာခဲ့ရပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထို ကိစ္စများ ကျူးလွန်လျှင် သက်သေ ခိုင်ခိုင်လုံလုံဖြင့် တိုင်ကြားနိုင်ပါ ကြောင်း။ နံပါတ်သုံးအနေဖြင့် တိုက်ပွဲ သတင်း၊ ထိတွေ့မှုသတင်းများကို လုပ်ကြံဖန်တီးပြီး သွေးထိုးမြှောက်ပင့် ပေးနေခြင်းဖြစ်ကြောင်း၊ အဓိကကတော့ “ဘယ်နေရာမှာ တိုက်ပွဲဖြစ်တယ်။ လုံခြုံရေး တပ်ဖွဲ့ဝင် ဘယ်လောက် သေသွားတယ်။ ဒါ့ကြောင့် ဆက်လက် တိုက်ပွဲဝင်ကြပါ၊ အရေးတော်ပုံအောင်ရ မည် စတဲ့ဘော်လုံး၊ ပင့်လုံးများဖြစ်

ကြောင်း၊ ထိုမြှောက်လုံး၊ ပင့်လုံး အောက်တွင် အပြစ်မဲ့သည့်လူငယ်များ မည်မျှ သေဆုံးနေခြင်း၊ အပြစ်မဲ့သည့်

လူငယ် မည်မျှထိခိုက်ဒဏ်ရာရခြင်း၊ မည်မျှ ထွက်ပြေးနေရခြင်းကို သတိချပ် စေလိုကြောင်း၊ ထိုကိစ္စမှ မိမိတို့အနေနှင့် ဖြစ်ပျက်ခဲ့သည့်သတင်းများကိုထုတ်ပြန် ပေးလျက်ရှိကြောင်း၊ ထိုမြှောက်လုံး၊ ပင့် လုံးများကို လုပ်နေသည့်သူများသည် ဘေးကင်းသည့်နေရာမှာရှိနေပြီး ပြည်သူ လူထုနှင့် လူငယ်ကိုမြှောက်ပင့်ပေးနေ ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ပုံကြီးချဲ့ပြကြ “တောမီးလောင် တောကြောင် လက်ခမောင်းခတ် ” ဆိုသည့်ဆိုရိုး ရှိပါကြောင်း၊ တောမီး လောင်လို့တောတွင်း မှာရှိသည့် ယုန်၊ ပုတက်စသည့် သတ္တဝါ ငယ်များ ပြေးလွှားနေချိန်မှာ တော ကြောင်က အခွင့်ကောင်းပေါ်ပြီဆိုပြီး ဝမ်းသာနေသလို အခွင့်ကောင်းယူ နေခြင်းဖြစ်ကြောင်း၊ ယခုအခါ တောမီး လောင်ခြင်း မဟုတ်ဘဲ မီးမလောင် မောင်အောင်ရှို့ခြင်း ဖြစ်ကြောင်း၊ မီး မလောင်ရင်တောင် မီးခိုးလောက်ထွက်

လာလျှင် မီးခိုးကို ပုံကြီးချဲ့ပြကြကြောင်း၊ ရိုးသားသည့် ပြည်သူလူထုကို အကြမ်း ဖက်မှုများမှာ ပါလာအောင် ကျုံးသွင်း နေကြကြောင်း၊ ထို့ကြောင့် မိမိပြောလို ခြင်းမှာ “ ရှို့မီးကူး၊ အဖျက်သမားမြူး” ဖြစ်ကြောင်း၊ ရှို့မီးကူးလျှင် အဖျက်သမား များမြူးနေခြင်းကိုမြင်အောင် ကြည့်ပြီး မိမိရပ်ရွာလုံခြုံရေး၊ မြို့နယ်လုံခြုံရေး အေးချမ်းသာယာရေးကို လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက် သွားကြရန် မေတ္တာ ရပ်ခံပြောကြားကြောင်း၊ ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် မှ ပြောရေးဆိုခွင့်ရှိသူများက ဆက်လက် ရှင်းလင်းသွားမည်ဖြစ်ပြီး သိလိုသည့် မေးခွန်းများကို ဖြေကြားသွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ

တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်း ပြောကြားသွားမည်ဖြစ်ပြီး မီဒီယာများ သိလိုသည့် မေးခွန်းများကို ( မိမိအနေဖြင့် ဖြေကြားသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြောကြား လိုသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းများ ဖွင့်လှစ် ရန်ဆောင်ရွက်နေကြောင်း၊ ကျောင်းများ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်သည် မိမိတို့ ( တစ်မျိုးသားလုံးနှင့် ပြည်သူလူထု အတွက် ဖြစ်ပါကြောင်း၊ ပြည်သူလူထုက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြား သည်။

(ဆက်လက်ဖော်ပြပါမည်)