Skip to main content

စိတ်ကောင်းစေတနာမှန်ဖြင့် လူငယ်လူရွယ်များ၏ အနာဂတ်ရှေးရှု

ယနေ့အချိန်ကာလတွင် ကလေးသူငယ်၊ လူငယ်လူရွယ်များ၏ အနာဂတ်အရေး အတွက် အဆင့်မြင့် ပညာ သင်ကြားရေး၊ အခြေခံပညာသင်ကြားရေး ကြိုးပမ်းဆောင်ရွက်နေကြသည်။ အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်လူရွယ် များသည် အတွေးအခေါ် ဆင်ခြင် တုံတရားနှင့် အသိဉာဏ်ပညာများ မြင့်မား တိုးတက်ရန်လိုအပ်သည်။ ထို့ကြောင့် အရည် အချင်း၊ အရည်အသွေး မြင့်မား တိုးတက်သော လူငယ်လူရွယ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးနိုင်ရန် အခက်အခဲ များကြားမှ ပညာသင်ကြားရေးကို အလေးထားဆောင်ရွက်နေသည်။ ။

ဤသည်မှာ အနာဂတ်နိုင်ငံအတွက်နှင့် လူငယ်လူရွယ် အနာဂတ်ဘဝများ အတွက် စိတ်ကောင်း စေတနာ၊ စိတ်ရင်းမှန်ကန်စွာဖြင့် ရိုးသားစွာဆောင်ရွက်ပေး ခြင်းဖြစ်သည်။ သို့သော် လူငယ်လူရွယ်များ အနာဂတ်မြော်တွေးခြင်းမရှိ၊ ရှေးရှုခြင်း မရှိဘဲ တည်ဆဲအစိုးရကို တိုက်ခိုက်ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကျောင်းမဖွင့်ရေး၊ကျောင်းမတက်ရေး၊ စာမသင်ရေးတို့ကိုလွဲမှားစွာကြံစည်ဖျက်ဆီး နှောင့်ယှက်နေကြ သည်ကိုတွေ့ရသည်။ အမှန်တကယ်တွင် မိမိတို့အာဏာလက်လွှတ်လိုက်ရသည် ကို မကျေနပ်ချက်ကြီးမားစွာဖြင့် တိုင်းပြည်အလုံးစုံပျက်စီးရေးကို အမျိုးမျိုးအဖုံဖုံ ဆောင်ရွက်နေကြခြင်း သာဖြစ်သည်။ )

တည်ဆဲအစိုးရ ဆောင်ရွက်သမျှကို ကန့်လန့်တိုက်ကာ ဖျက်လိုဖျက်ဆီး လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ အကယ်၍ တည်ဆဲအစိုးရက ယခုနှစ်တွင် အကြောင်းကြောင်းကြောင့် ကျောင်းများပြန် လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဟု ဆိုပါ ကကျောင်းများဖွင့်အောင်၊ ကျောင်းများသို့ တက်အောင်၊ စာများသင်ကြားနိုင်အောင် လှုံ့ဆော်ကြဦးမည်ဖြစ်သည်။ တည်ဆဲအစိုးရ လုပ်ဆောင်သမျှကို ကဖျက်ယဖျက်၊ ဖျက်လိုဖျက်ဆီး တစိုက်မတ်မတ်လုပ်ဆောင်နိုင်ပါက အစိုးရယန္တရားမလည်ပတ်၊ မအုပ်ချုပ်နိုင်တော့ဘဲ၎င်းတို့ နိုင်ငံ့တာဝန်ကို ပြန်လည်ရနိုင်သည်ဟု လွဲမှားသော အယူအဆ၊ သေးသိမ်သောအလုပ်၊ ယုတ်ညံ့သောအကြံအစည်တို့ကို တမင်ဖန်တီး လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ထိုသို့လုပ်ဆောင်ခြင်းကြောင့် တကယ်တမ်း လက်တွေ့ထိခိုက်နစ်နာကြ ရသူများမှာ ပြည်သူပြည် သားများ၊ မျိုးဆက်သစ်လူငယ်လူရွယ်များသာ ဖြစ်နေ သည်ကို အထင်အရှားမြင်တွေ့ နေရသည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက်လည်း မဖြစ်နိုင်သောလုပ်ဆောင်မှုများအား ဖြစ်နိုင်သယောင် လှည့်ပတ်လိမ်ညာအယုံ သွင်းမှုများကို ပြည်သူပြည်သားများ ယုံကြည်အောင် တစိုက်မတ်မတ် လုပ်ဆောင် ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ တကယ်မစားရသော်လည်း ကြားရသည်နှင့် ပင် ဝမ်းဝလုနီးပါးဖြစ်သကဲ့သို့ လက်တွေ့ မခံစားရသော်လည်း ကြားရသည်နှင့် ယခု ချက်ချင်းပင်ဖြစ် တော့မလို မစားရဝခမန်း တတွင်တွင်ပြောကြားနေသည်မှာ ပြည်သူ ပြည်သားများအား လိမ်ညာခြင်း သာဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးအပေါ်လိမ်ညာ လှည့်ဖြားခြင်းသည် ဖျက်လိုဖျက်ဆီး ယုတ်မာကောက် ကျစ်မှုပင်ဖြစ်သည်။

ပြည်သူများအနေဖြင့် တွေးခေါ်ဆင်ခြင်ဉာဏ်ဖြင့် စဉ်းစားကြည့်နိုင်ပါသည်။ လှုံ့ဆော်သူတို့၏ လက်သုံး စကားဖြစ်သည့် “စစ်ကျွန်ပညာရေးစနစ်”ဟုဆိုသည်မှာ အခြေအမြစ်မရှိသော စကားသာဖြစ် သည်။ ယခုသင်ကြားပေးမည့်သင်ရိုးညွှန်းတမ်း သည် ၂၀၁၄ ခုနှစ်မှစတင်၍ ယနေ့အထိ အတည်ပြု ပြဋ္ဌာန်းထားသော အမျိုးသား ပညာရေးဥပဒေဖြစ်သည်။ ပညာရေးနှင့်ပတ်သက်၍ အမျိုးသား လူ့စွမ်း အား အရင်း အမြစ်များကို စနစ်တကျ ထိရောက်ပီပြင်စွာ ချမှတ်ထားသော အနှစ် ၃၀ စီမံကိန်းကို ခေတ်အဆက်ဆက်အစိုးရများက နှစ်စီမံကိန်းများဖြင့် ဆက်လက်အကောင် အထည်ဖော် သော စီမံကိန်းဖြစ်သည်။ ပြီးခဲ့သည့်အစိုးရလက်ထက်ကလည်း ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အဆိုပါ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၅ နှစ် စာကို အကောင်အထည်ဖော်ခဲ့သည်။ သင်ကြား ပေးမည့် သင်ရိုးညွှန်းတမ်းများကို လေ့လာကြည့်လျှင်လည်း စစ်ကျွန်ပညာရေးမဟုတ်ဘဲ အမျိုးသား ပညာ ရေးဖြစ်သည် ကို တွေ့ရမည်ဖြစ်သည်။

ကလေးသူငယ် လူငယ်လူရွယ်များ အနာဂတ်အကျိုးစီးပွားဖြစ်ထွန်းစေရေး အတွက် သင်ကြားပေးမည့် အမျိုးသားပညာရေးစနစ်ဖြစ်သည်ကို သိပါလျက်နှင့် စစ်ကျွန်ပညာရေးဟု လိမ်ညာပြောဆိုအယုံသွင်းကာ ကျောင်းမတက်ရေး၊ ပညာမ သင်ရေးလှုံ့ဆော်ပေးနေသည်မှာ တိုင်းပြည်၏အနာဂတ်နှင့် ပြည်သူပြည်သားများ ၏ အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးနေခြင်းသာဖြစ်သည်။ တစ်ဖက်တွင် လိမ်ညာ လှည့်ဖြား ဖျက်ဆီးနေပြီး တစ်ဖက်တွင် အဖျက်သမားများ၊ ဆူပူအကြမ်းဖက်သမား များ၊ နိုင်ငံရေးအစွန်းရောက်သမားများက ပညာရေးမှူးရုံးများ၊ စာသင်ကျောင်း များကို မီးရှို့ခြင်း၊ မိုင်းထောင်ခြင်း၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ကာ ကျောင်း မတက်ရဲ၊ စာမသင်ရဲအောင် ခြိမ်းခြောက်ဟန့်တားနေကြသည်ကို စိတ်မကောင်းစွာ တွေ့နေရ သည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတော်၏အနာဂတ်နှင့် ကျောင်းသား ကျောင်းသူ၊ မိဘ ပြည်သူများ၏ အနာဂတ်အကျိုးစီးပွားဖြစ်ထွန်းရေး၊ ဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် ကျောင်းများ၊ ကျောင်းသား ကျောင်းသူများအား ကာကွယ်စောင့်ရှောက်ပေးကာကျောင်းများပြန်လည်ဖွင့်လှစ်၍ ပညာရပ်များ သင်ကြားသင် ယူနိုင်ကြစေရန် စိတ်ကောင်းစေတနာမှန်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနေသည်ကို အထင် အရှား မြင်တွေ့ရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ အယ်ဒီတာ့အာဘော်