Skip to main content

ဦးစီးအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၁) နှင့် စာရင်းစစ်မှူးများ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် - ၃၆ သင်တန်းများဖွင့်လှစ်

နေပြည်တော် မေ ၁၇

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဦးစီးအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၁) နှင့် စာရင်း စစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၃၆) သင်တန်းများ ဖွင့်လှစ် ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး ရုံးအမှတ် ၁၂ စုပေါင်းခန်းမနှင့် သင်တန်းခန်း(၃) ခန်းတို့တွင် Virtual စနစ်ဖြင့် ကျင်းပသည်။

လူ့စွမ်းအားမြှင့်တင်ရေးအစီအစဉ် သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်က စာရင်းဘာသာရပ်ကျွမ်းကျင်မှု သင်တန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ စီးပွားရေး ပညာရပ်၊ ဥပဒေပညာ ရပ်များကို ပြည်သူများသိရှိနားလည် အသုံးချနိုင် စေရေး စီစဉ်ဆောင်ရွက်ရန် လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လူ့စွမ်းအား မြှင့်တင်ရေးအစီအစဉ်များကို အခြေခံပြီး အကောင် အထည်ဖော် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။

သင်တန်းသားများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်ကို အမြဲသတိချပ်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊လက်စွဲ၊ နည်းဥပဒေများတွင် နိုင်ငံတကာစံများ အတိုင်း ရပိုင်ခွင့်၊ တာဝန်၊ လူမှုဖူလုံရေး စသည်တို့ကို ပြဋ္ဌာန်းထား ပြီးဖြစ်ကြောင်း၊ သင်တန်း သားများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် ပါတီနိုင်ငံရေးကင်းရှင်း၍ နိုင်ငံ့ဝန်ထမ်းပီပီ နိုင်ငံ တော်၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံသားတို့၏ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော်၊ နိုင်ငံသားများနှင့် နိုင်ငံတော်အစိုးရ၏ အကျိုးအတွက် ချမှတ်ထားသည့် လုပ်ငန်းစဉ်များ အောင်မြင်ရေး တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြ ရမည် ဖြစ်ကြောင်း။

ရုံးလုပ်ငန်းစီမံခန့်ခွဲမှုတွင် ဝန်ထမ်းငယ်များကို ဦးဆောင်နေသည့်သင်တန်းသူ သင်တန်းသား ဦးစီး အရာရှိများနှင့် စာရင်းစစ်မှူးများအနေဖြင့် အတွေး အခေါ် မြော်မြင်နိုင်စွမ်း၊ ဗဟုသုတ နှင့် ကျွမ်းကျင်မှု အရည်အချင်းများ ပြည့်ဝစွာဖြင့် လုပ်ငန်းတာဝန် ကျေပွန်စေရေးမှာ အထူးအရေးကြီးပါကြောင်း။

ပြည်သူ့အကျိုးကိုပဓာနထား စစ်ဆေးရေးလုပ်ငန်းများသည် နိုင်ငံ့အကျိုးနှင့် ပြည်သူ့အကျိုးကို ထမ်းဆောင်နေသည့် လုပ်ငန်းဖြစ် ၍ မွန်မြတ်ပါကြောင်း၊ နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးကိုပဓာနထားပြီး လုပ်ငန်းတာဝန်များကို

ကျေကျေပွန်ပွန် ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် အောင်မြင်ရေး အထူးဂရုပြုဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

ဦးစီးအရာရှိ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၁) တွင် သင်တန်းသား သင်တန်းသူ ၁၀၉ ဦးနှင့် စာရင်း စစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် - ၃၆ တွင် သင်တန်းသား သင်တန်းသူ ၅၈ ဦး စုစုပေါင်း ၁၆၇ ဦး တက်ရောက်ကြမည်ဖြစ်ပြီး စစ်ဆေးရေးလုပ်ငန်းများ အတွက် အဓိက ဘာသာ ရပ်များဖြစ်သည့် ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း ပညာ၊ ဥပဒေ စည်းမျဉ်း စည်းကမ်းလိုက်နာမှု စစ်ဆေး ခြင်းပညာ၊ လုပ်ငန်းအကောင်အထည်ဖော်မှု စစ်ဆေး ခြင်းပညာ၊ ဦးဆောင်မှုနှင့် ခေါင်းဆောင်မှုနောက် လိုက်ပါခြင်းပညာ၊ ရုံးစာများနှင့် သတင်း အချက် အလက်များ လုံခြုံမှုစသည့် ဘာသာရပ်(၆)ခုသင်ကြားပို့ချမည်ဖြစ်သည်။ သင်တန်း ကာလမှာ နှစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်