Skip to main content

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် အခြေအနေ

နေပြည်တော် မေ ၁၇

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၅၁ ဒသမ ၆၆သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၀၉ ဒသမ ၂၀ သန်းနှင့် စုစုပေါင်းပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၆၀ ဒသမ ၈၆ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၀၆ ဒသမ ၂၁ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၆၆ ဒသမ ၂၃ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၇၂ ဒသမ ၄၄ သန်း ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၇၃၃ ဒသမ၃၀ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၄၂ သန်း ဖြစ်ပေါ်ခဲ့သည်။

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အောက်တိုဘာလ မှ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၄၃၀ ဒသမ ၂၄ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁၉၀ ဒသမ ၈၅ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၆၂၁ ဒသမ ၀၉ သန်း ဖြစ်သည်။ ပုံမှန် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၃၂၈ ဒသမ ၃၅ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၃၃ ဒသမ ၈၃ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၆၆၂ ဒသမ ၁၈ သန်း ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၃၂၈၃ ဒသမ ၂၇ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန် ဒေါ်လာ ၄၁ဒသမ ၀၉ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရှိရသည်။

သတင်းစဉ်