Skip to main content

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ပညာရပ်ဆိုင်ရာသင်တန်းများဖွင့်လှစ်

နေပြည်တော် မေ ၁၇

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများစွမ်းဆောင်ရည်တိုးမြင့်စေရန်အတွက် Graphic နှင့် Camera ပညာရပ်ဆိုင်ရာ သင်တန်းများကို မေ ၁၇ ရက်က နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားတွင် ဖွင့်လှစ်သည်။ ။

အဆိုပါသင်တန်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ကျွမ်းကျင်ပညာရှင်များက ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းနှင့် အွန်လိုင်းလွှင့်တင်ခြင်းများတွင် Computer Graphic များအသုံးပြုနိုင်ရန်၊ Camera ရိုက်ကူးမှုတွင် သတင်းနှင့်အစီအစဉ်များ ရိုက်ကူးနိုင်ရန် မျှဝေပို့ချပေးကြမည်ဖြစ်သည်။

ယင်း Computer Graphic သင်တန်းနှင့် အစီအစဉ်ရိုက်ကူးမှု Camera သင်တန်းကို မေ ၁၇ ရက်မှ မေ ၂၁ ရက်အထိလည်းကောင်း၊ သတင်းရိုက်ကူးရေး Camera သင်တန်းနှင့် Studio အတွင်းရိုက်ကူးရေး Camera သင်တန်းတို့ကို မေ ၂၄ ရက်မှ မေ ၃၁ ရက်အထိ လည်းကောင်း သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း နှင့် ဘာသာရပ်အလိုက်သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၀ ခန့် တက်ရောက် လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်