Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ပြည်ထောင်စုဝန်ကြီးများ သက်ဆိုင်ရာဝန်ကြီး ဌာနများ အလိုက် သီးခြားစီ တွေ့ဆုံ

နေပြည်တော် မေ ၁၇

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့သို့ ရောက်ရှိနေ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် သည် ယနေ့မွန်းလွဲ ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မန္တလေးခရိုင်အတွင်း ရှိ မြို့နယ်/ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးမြင့်လွင် က ဌာန၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ကိစ္စရပ် များနှင့်ပတ်သက်၍ တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ။

အလားတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည် ချမ်းအေး သာစံ မြို့နယ် ရှိ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် အခြေခံပညာ ဦးစီးဌာနလက်အောက်ရှိ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ပညာရေး မှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ CDM ပြုလုပ်နေသည့် ဆရာ ဆရာမများ ပြန်လည်တာဝန်ထမ်းဆောင်ရေး အခြေအနေများ ကို ရှင်းလင်းပြောကြားပြီး တင်ပြချက်များအပေါ် ( ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့အတူကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း သည်လည်း ချမ်းအေးသာစံမြို့နယ်ရှိ ခုတင်(၅၅၀) ဆုံ ကလေးအထူးကုဆေးရုံကြီးနှင့် ခုတင် (၃၀၀)ဆံ့ သင်ကြားရေးဆေးရုံတို့သို့ သွားရောက်၍ ဆေးရုံ များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကို အရှိန်အဟုန်မပျက် ဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်း မျဉ်းစည်းကမ်းများအား လေးစား ၊ လိုက်နာရန် လိုအပ်မှုအခြေအနေများ၊ ဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လူနာများ၏ကောင်းကျိုးနှင့် ဝန်ကြီးဌာန ၏ဂုဏ်ကို ရှေးရှု ဆောင်ရွက် ရန်လိုအပ်မှုအခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်သို့ ဝင်ရောက် ခြင်းမပြုနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ခြိမ်းခြောက်နေသူများအား ထိထိရောက်ရောက် အရေးယူသွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး ခုတင် (၅၅၀)ဆံ့ ကလေးအထူး ကုဆေး ရုံကြီးတွင် ဆောက်လုပ်လျက် ရှိသည့်တိုးချဲ့ လူနာဆောင်ဆောက်လုပ်ခြင်းလုပ်ငန်း ခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

အလားတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် PULLMAN ဟိုတယ်သို့သွားရောက်၍ ဟိုတယ် ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက် နှင့်အညီ ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက ဟိုတယ်အတွင်း နိုင်ငံတကာ အဆင့်မီ ပြင်ဆင်ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ ခရီးသွား ဧည့်သည်များအား ဝန်ဆောင်မှုပေးရန် ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ မန္တလေးမြို့၏ အထင်ကရ နေရာများဖြစ်သည့် ဦးပိန်တံတား၊ ကုသိုလ်တော် ဘုရား၊ မန္တလေးနန်းတွင်းပုံစံ၊ မန္တလေးမြို့တွင်း အကွက်ချပုံစံများကို ဒီဇိုင်းရေးဆွဲ၍ ဟိုတယ်အတွင်း အလှဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါဟိုတယ်တွင် အခန်းပေါင်း ၃၆၈ ခန်း ပါဝင်ပြီး နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် နိုင်ငံတကာအခမ်းအနားများ၊ အစည်းအဝေးပွဲများ ကျင်းပဆောင်ရွက်နိုင်ကြောင်း သိရှိရ သည်။ ။

သတင်းစဉ်