Skip to main content

တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းကျော် ကုသပေးနိုင်ခဲ့

 

နေပြည်တော် မေ ၁၆

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအနက် ပြည်သူလူထု အတွက် အဓိကအကျဆုံးဖြစ်သောကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့် ဆေးကုသ ရေးအဖွဲ့ များစုစည်း၍ ဒေသခံပြည်သူများအား  ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ် ကုသ ပေးခြင်း၊ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက် ပေးခြင်း များ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူ လူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံ များနှင့် ယာယီ ကုသရေးဆေးရုံများတွင် ကျန်းမာ ရေးစောင့် ရှောက်မှုများကို နေ့ညမပြတ်   ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၀၆၂၅၂ ဦးနှင့် အတွင်း  လူနာပေါင်း ၆၃၂၃၅ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။ ၎င်း လူနာများအနက် အကြီးစား ခွဲစိတ် ကုသရန် လိုအပ်သူ ၉၆၄၇ ဦး၊ အသေးစားခွဲစိတ်ကုသရန်  လိုအပ်သူ ၄၈၉၉ ဦး၊ စုစုပေါင်း ၁၄၅၄၆ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူး ကြပ်မတ် ကုသပေးလျက်ရှိသည်။

ထို့ပြင် ကလေးမီးဖွားလူနာ ၄၉၈၈ဦးကို ခွဲစိတ်၍ လည်းကောင်း၊ ၇၃၄၆ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွား ပေးနိုင် ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေး ငယ်၁၂၃၃၄ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍ လည်း တပ်မတော် အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက်  အရှိန်အဟုန်ဖြင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်