Skip to main content

ရန်ကုန်မြို့၌ YBS ခရီးသည်ဝန်ဆောင်မှု ၅၅ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိလာ

 

ရန်ကုန် မေ ၁၆

စီးပွားရေးအချက်အချာကျပြီး လူဦးရေထူထပ်များပြားသော ရန်ကုန် မြို့ကြီး၌ ကိုဗစ်-၁၉ ကပ်ရော အခြေ အနေကြောင့် ဝန်ဆောင်မှု လုပ်ငန်းများ နှောင့်နှေးခဲ့သော်လည်း ယခုအခါ (YPTC) ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် နေ့စဉ်မြို့တွင်း YBS ယာဉ်ပြေး ဆွဲမှုလုပ်ငန်းမှာ လတ်တလောအခြေအနေတွင် ၅၅ ရာခိုင်နှုန်းအထိ တိုးတက်မှု ရှိလာကြောင်း YPTC ရုံးချုပ်မှ သိရသည်။

ရန်ကုန်မြို့ တွင်း YBS ခရီးသည်ယာဉ်လိုင်းပြေးဆွဲမှုနဲ့ ပတ်သက် လို့ ပြောရရင် လတ်တလော အခြေအနေ မှာတော့ တော်တော်လေး တိုးတက်လာပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင် ခင်လို ပုံမှန်အခြေအ နေတော့ မရောက် သေးပါဘူး။ အခုမေလဆိုရင်လည်း အရင်ဧပြီလထက်တော့ ပြေးဆွဲပေးမှုရော ခရီးသည် လိုက်ပါ စီးနင်းမှု တွေကိုကြည့်ရင် နှစ်ဆအထိ တိုးတက်လာတာကို တွေ့ရတယ်။ ရာခိုင်နှုန်း အားဖြင့် ပြောရရင်တော့ ၅၅ ရာခိုင်နှုန်းအထိတော့ တိုးတက် မှု ရှိလာပါတယ် ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YPTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။

ရန်ကုန်မြို့တွင် လတ်တလောအခြေအနေအရ YBS ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၁၀၂ လိုင်းရှိပြီး ယာဉ်အစီးရေ ၆၆၀၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယခုလက်ရှိတွင် ယာဉ်လိုင်းပေါင်း ၉၇ လိုင်း ပြေးဆွဲနေပြီး ယာဉ်အစီး ရေမှာလည်း ၂၄ဝဝ ကျော်ရှိကာ   နေ့စဉ်ခရီးသည်လိုက်ပါစီးနင်းမှုမှာ ယခုမေလဆန်း ပိုင်းမှ လလယ် အထိ နေ့စဉ်ပျမ်းမျှအားဖြင့် ခရီးသည်လိုက်ပါစီးနင်းမှု ၃၃၀၀၀၀ ကျော် အထိ တိုးတက်မှုရှိလာသည်။ ယခုမေလ ဆန်းပိုင်းတွင် တက္ကသိုလ် ကျောင်းများ ဖွင့်လှစ်မှုနှင့် လာမည့် ဇွန်လဆန်းပိုင်းတွင်လည်း အခြေခံ ပညာကျောင်း များ ဖွင့်လှစ်မှုအပေါ်မူတည်ကာ ရန်ကုန်မြို့တွင်း ခရီးသွားလာမှုအဆင်ပြေစေရေး YPTC အနေဖြင့် စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ရဲ့ လတ်တလော YBS ခရီးသည်တင် ယာဉ်လိုင်းတွေနဲ့ ပတ်သက်လို့ပြောရရင် တချို့ကား တွေမှာ ယာဉ်နောက် လိုက် အပိုတွေ ပါနေတယ်။ ဒီထက်ဆိုးတာ အရင်လို သတ်မှတ်ကြေးအတိုင်း မဟုတ်ဘဲ သိုဉ်နောက် လိုက်တွေက ဝန်ဆောင် မှုနှုန်းတွေ ပိုတောင်းတာတွေ တွေ့ရတယ်။

အောက်ဆိုက်ကားတွေအနေနဲ့ ပိုတောင်းတာ နားလည်ပေးလို့ရပေမယ့်တရာဆင်ပြေးဆွဲပေးနေတဲ့ YBS ခရီးသည်တင် ယာဉ်တွေ အခုလိုလုပ်တာကတော့ သက်ဆိုင်ရာအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ လိုပါတယ်။ ပြီးတော့ယာဉ်လိုင်းတွေ လည်း အရင်လိုပိုထွက်သင့်နေပြီ။ အခုဆို ရုံးတက်/ ရုံးဆင်းချိန်မှာ ယာဉ်တိုင်း လိုလို ခရီးသည်တွေ ကျပ်ကျပ်တည်းတည်း လိုက်ပါစီးနင်း နေရတာ တွေ့မြင်နေရပါတယ် ဟု က်ဥက္ကလာပမြို့နယ်မှ ရန်ကုန်မြို့တွင် အလုပ်ဆင်းနေသော ဦးမျိုးမြင့်က ပြောသည်။

၂၀၂၀ ပြည့်နှစ် မတ်လ(ကိုဗစ်-၁၉)ကပ်ရော မဖြစ်ပွားမီက နေ့စဉ်ခရီးသည် လိုက်ပါစီးနင်းမှုမှာ ခြောက်သိန်း ကျော် ၊ ခုနစ်သိန်း နည်းပါးအထိရှိခဲ့ပြီး ယာဉ်အစီးရေအားဖြင့်လည်း ခြောက်သောင်းကျော် အထိ ပြေးဆွဲ ဝန်ဆောင်မှု ပေးလျက် ရှိသည်။ ယခု လတ်တလောအခြေအနေတွင်ရန်ကုန်မြို့၌လုပ်ငန်းခွင် အသီးသီး ပြန်လည် လည်ပတ် လျက်ရှိသော်လည်း ယာဉ်အစီးရေ ၂၄၀၀ ကျပ်သာ ပြေးဆွဲပေးလျက် ရှိသည်။

 မောင်စိန်လွင် (မြန်မာ့အလင်း)