နေပြည်တော် မေ ၁၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်သည် နေပြည်တော်ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များဖြစ်ကြသော အထက(၈)၊အထက(၄)၊ အထက(၁)၊အထက(၂)နှင့် အထက(ခွဲ)ဗိုလ်မင်း ရောင်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အထက(ပြည်စံအောင်)နှင့် အထက(ကျောက်ချက်)တို့ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံ(ခုတင် ၁၀၀)တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးသိုက်နှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေး စီစဉ်ထားရှိမှု၊ ကျောင်းသားနှင့် ဆရာ/ဆရာမ အချိုး၊ စာသင်ခန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး စီမံထားရှိမှု၊ ကျောင်းစာကြည့် တိုက်နှင့် ကျောင်းကျန်းမာရေး ဆေးခန်းအခြေအနေ၊ စာသင်ခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာသင်ခုံနေရာချထားမှု၊ စာသင်ချိန် များစီစဉ်ထားမှု၊ သင်ထောက်ကူပစ္စည်းများ ဆောင်ရွက်ထားမှုအခြေအနေ၊ ကျောင်းကြို/ပို့ ယာဉ်ပြေးဆွဲမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အပူချိန်တိုင်း ကိရိယာများ၊ လက်ဆေး ဘေစင်နှင့် လက်ဆေးဆပ်ပြာများ၊ Hand Jel ၊ နှာခေါင်းစည်း (Mask)များ စီစဉ်ထားရှိမှု၊ သောက်သုံးရေ ရရှိနိုင်ရေးပြင်ဆင်ထားရှိမှု၊ သန့်စင်ခန်းများ ပြင်ဆင်ထားရှိမှု၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆရာ/ဆရာမများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများနှင့် ကျောင်းများတွင် လိုအပ်သည့် အဆောက်အဦများ ဆောက်လုပ်ပေးနိုင်ရေး ရှင်းလင်းတင်ပြကြပြီး တပ်ကုန်းပြည်သူ့ဆေးရုံ (ခုတင် ၁၀၀)ဆေးရုံအုပ် ဒေါက်တာထွန်းထွန်းနှင့် တာဝန်ရှိသူများက လူနာများအား ဆေးကုသဆောင် ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဌက ကျောင်းဆရာ/ ဆရာမ များအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို ပိုမိုယဉ်ကျေးလိမ္မာပြီး စံပြကျောင်းသား၊ ကျောင်းသူများဖြစ်ပေါ်စေရေးနှင့် အောင်ချက်ရာ ခိုင်နှုန်းမြင့်မားအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးစေလိုကြောင်း၊ အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်း ကျင် သန့်ရှင်းသာယာရေးတို့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီ၊ မီးသတ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ သက်ဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားပြီး ဆရာ/ ဆရာမများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျန်းမာရေး ဦးစီးဌာနမှ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက် ပေးနိုင်ရေးနှင့် လုံခြုံရေးလိုအပ်သော ဆေးရုံနှင့် ကျောင်းများကို ရဲတပ်ဖွဲ့မှ လုံခြုံရေး ဆောင်ရွက်ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)