ကနောင်
ယမန်နေ့မှအဆက်
မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ရန်ကုန် မြို့မှာရှိတဲ့ သံတမန်တွေနဲ့ ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများက အကြီးအကဲများကို ရှင်းလင်းပြောကြားခြင်းကိုလည်း ဧပြီ ၈ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူများက နိုင်ငံတကာ သံတမန်များနဲ့ ကုလအဖွဲ့အစည်း အကြီးအကဲများကို လက်ရှိနိုင်ငံ ရေးအခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အခြေအနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည် ကျင်းပပြီး ဒီမိုကရေစီ စံချိန်စံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေးတို့ကိုလည်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲအပြီးမှာ သိမ်းဆည်းရမိထားတဲ့ ဆူပူ အကြမ်းဖက် လှုပ်ရှားမှုတွေအတွက် အသုံးပြုထား တဲ့ဒေသန္တရလက်လုပ်ကိရိယာများကို နိုင်ငံတကာ တာဝန်ရှိသူများကို ရှင်းလင်းပြသနိုင်ခဲ့ပါတယ်။
တပ်မတော်သတင်းလွှာ ထုတ်ပြန်ရေးအဖွဲ့ကလည်း ဧပြီ ၉ ရက်က မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား စစ်သံမှူးများနဲ့တွေ့ဆုံပြီး လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမှန် နားလည်သဘော ပေါက်စေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေ၊ လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်နေဆဲ အခြေအနေများအပေါ် ရှင်းလင်းပြောကြားခဲ့တဲ့အပြင် စစ်သံမှူးများ သိရှိလိုတာတွေကိုလည်း ပြန်လည်ဖြေကြားမှု များ ပြုလုပ်ပေးခဲ့ပါတယ်။ ထို့အတူ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်တွေက ဗီဒီယိုကွန်ဖရင့်ဖြင့် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ဧပြီ ၁၂ ရက်ကနေ ၁၆ ရက်အထိ ကျင်းပတဲ့ (၆၄) ကြိမ်မြောက် မူးယစ်ဆေးဝါးကော်မရှင် အစည်းအဝေး ကို တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အနေနဲ့ အစွမ်းကုန်တိုက်ဖျက်နေတဲ့အကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို ဖော်ထုတ်အရေးယူခြင်းနဲ့ ဘိန်းစိုက်ပျိုးမှု၊ ထုတ်လုပ်မှု နှစ်စဉ်လျော့ကျလာခဲ့တဲ့ အကြောင်း အရာများကို ပူးပေါင်းဆွေးနွေးခဲ့ကြပါတယ်။
အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို လည်း ဧပြီ ၂၅ ရက် ရက်စွဲနဲ့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်အတွင်း အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ကြေညာချက်မှာပါရှိတဲ့ အချက်အလက်တွေအပေါ်မှာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြပါတယ်။ အာဆီယံနိုင်ငံ့ခေါင်းဆောင်များရဲ့ အကြံပြုချက် အချို့ ကို တုံ့ပြန်ဆွေးနွေးရာမှာ | အာဆီယံခေါင်းဆောင်များရဲ့ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေကို အလေးအနက်ထားပါကြောင်းနဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းတည်ငြိမ်မှုရရှိရေး ဦးစားပေးနေရတဲ့အတွက် ပြည်တွင်း တည်ငြိမ်အေးချမ်း မှုအပေါ် မူတည်ပြီးမှသာ နိုင်ငံရဲ့ အကျိုးစီးပွားကို အခြေခံလျက် အာဆီယံ နိုင်ငံ့ခေါင်းဆောင် တွေရဲ့ အကြံပြုချက်တွေကို အလေးထား စဉ်းစားပေးမယ်ဆိုတာကို သတင်းထုတ်ပြန် ချက်အတွင်း ပါရှိခဲ့ပါတယ်။ အဲဒီအကြံပြုချက်တွေဟာ အစိုးရက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို အကောင်အထည်ဖော်ရာ မှာ အထောက်အကူပြုခြင်း၊ နိုင်ငံအတွက်အကျိုးရှိစေခြင်း ASEAN Charter, ASEAN Way နဲ့ ASEAN Spirit တွေအပေါ် အခြေခံမယ်ဆိုလျှင် အပြုသဘော စဉ်းစားပေးမယ်ဆိုတာကိုလည်း ဖော်ပြပါရှိခဲ့ ပါတယ်။
ပြည်သူများနဲ့ထပ်တူရှိနေတဲ့အစိုးရ
တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ ဖော်ထုတ်တွေ့ရှိချက်များ၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေစတဲ့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေများကို တပ်မတော်သား မိသားစုဝင်များ သိရှိနားလည် သဘောပေါက်ပြီးမိမိတို့၏ မူလရည်မှန်းချက် တာဝန်ဖြစ်တဲ့ နိုင်ငံတော်ကို ကာကွယ်ရန်အပြင် တစ်ဦးချင်းအသိ စိတ်ဓာတ်ကောင်းမွန်စွာဖြင့် ကြိုးစားဆောင်ရွက်ကြ ဖို့၊ တစ်ဦးချင်းမှသည် တပ်မတော်၊ တိုင်းပြည်နှင့် လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားဆောင် ရွက်ကြဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကမိတ္ထီလာတပ်နယ်မှအရာရှိ၊ စစ်သည်မိသားစုများ နဲ့ ဧပြီ၃ ရက်မှာ သွားရောက်တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
ထို့အတူဧပြီ၄ ရက်မှာလည်း မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများနဲ့ တွေ့ဆုံ၍လည်း ကောင်း၊ ထိုနေ့မှာပဲ မကွေးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများကို တွေ့ဆုံ၍လည်းကောင်း တိုင်းပြည် ၏လက်ရှိ ဖြတ်သန်းမှုနဲ့ စီမံဆောင်ရွက် လျက်ရှိတဲ့ အနေအထားကို ပြောကြားခဲ့ပါတယ်။ မကွေးတိုင်း ဒေသကြီးအတွင်းမှာ ဆန်နှင့် ဆီဖူလုံမှုရှိစေဖို့၊ ဒေသ တွင်း စိုက်ပျိုးရေးသီးနှံများ အထွက်နှုန်းတိုးစေဖို့ ဆောင်ရွက်ရန်များနဲ့ စိုက်ပျိုးမြေများ ပိုမိုဖော်ထုတ်နိုင်ရန်၊ စာသင်ကျောင်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရန်၊ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးစေရန်၊ ဒေသထွက်ကုန်များကို ခေတ်မီသော ထုပ်ပိုးမှုပုံစံများနဲ့ One Village One Product စနစ်နဲ့ စံပြု ထုတ်ကုန်တွေ ထုတ်လုပ်နိုင်အောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန်မှာကြားခဲ့ပါတယ်။
စီးပွားရေးကဏ္ဍမှာ လျှပ်စစ်မီးပြည့်ဝစွာရရှိစေ ရေးအတွက် ဆိုလာနဲ့ ရေအားစနစ်များကို အသုံးပြု နိုင်ဖို့ ကြိုးပမ်းနေတာအပြင် ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေတဲ့ အခြေအနေများ၊ တိုင်းပြည်ရဲ့ ပကတိအခြေအနေများကို ဧပြီ ၈ ရက်တွင် တောင်ကြီး တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများ၊ ဧပြီ ၁၀ ရက်တွင် ရမည်းသင်းမြို့ရှိ နယ်မြေခံ လေ့ကျင့်ရေး ကျောင်းမှ အရာရှိ၊ စစ်သည် မိသားစုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တွေ့ဆုံ အမှာစကား ပြောကြားခဲ့ပါတယ်။ ပြည်သူများရဲ့ ကျန်းမာရေး၊ ပညာသင်ကြားရေး၊ စားဝတ်နေရေးနဲ့ သွားလာမှု လွယ်ကူစေရေးစတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလျက်ရှိတဲ့ အကြောင်းအရာတွေကို လည်း တပ်မတော်မိသားစုဝင်များထံကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဧပြီ ၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းက တပ်မတော်(ကြည်း) ဗိုလ်သင် တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်းအမှတ် စဉ်(၁၂၄) သူရတပ်ခွဲသင်တန်း ဆင်းပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ သင်တန်းဆင်းပွဲမှာ တပ်တွင်း စည်းလုံး ညီညွတ်ရေးနဲ့ တပ်ပြင်စည်းရုံးရေး တို့ကို ခိုင်မာအောင် တည်ဆောက်သွားကြပြီး စစ်သည်တော် ကျင့်ဝတ်များနဲ့အညီ တာဝန်ထမ်းဆောင်ကြဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗထူးတပ်မြို့မှာရှိတဲ့ တပ်မတော်ဆေးရုံမှာ တက်ရောက်ကုသနေကြတဲ့ တပ်မတော်သားများနဲ့ ဒေသခံပြည်သူများကို သွားရောက်တွေ့ဆုံပြီး စားသောက်ဖွယ်ရာများကို ပေး အပ်ခဲ့ပါတယ်။ ဧပြီ ၁၀ ရက်မှာ ဗထူးတပ်နယ် အတွင်းမှာရှိတဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ ခြေလျင်တပ်စုမှူးသင်တန်း သားများနဲ့ တွေ့ဆုံခြင်း များကို ဆောင်ရွက်ခဲ့တာကို လည်း မြင်တွေ့ရပါတယ်။
မဲစာရင်းများကို ပြန်လည်စစ်ဆေးနေပြီး မဲမသမာမှုဖြစ်ပွားတဲ့ မဲစာရင်းတွေကို ထုတ်ပြန်ပေး နေပါတယ်။ စစ်ဆေးတွေ့ရှိချက် အပေါ်မူတည်ပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက် သွားမယ် ဆိုတာအပြင် လက်ရှိနိုင်ငံရေး အခြေအနေများ၊ စီးပွားရေးနဲ့ လူမှုရေး အခြေအနေ များကို ရန်ကုန်တပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနဲ့ ဧပြီ ၁၁ ရက်က တွေ့ဆုံပွဲအတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန် မှာကြားခဲ့ပါတယ်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများနဲ့ ဆက်လက်တွေ့ဆုံခဲ့စဉ်မှာလည်း မိမိအနေနဲ့ အရပ်ဘက်အုပ်ချုပ်ရေး အဖွဲ့အစည်းများနဲ့ တွေ့ဆုံ ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာဖြစ်ပေါ်ခဲ့တဲ့ အခြေအနေ များအရ ယာယီသမ္မတ၏ တာဝန်လွှဲအပ်မှုနဲ့ အညီ နိုင်ငံတော်တာဝန်တွေကို ထမ်းဆောင် ရခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နားလည်သဘောပေါက်ပြီး မိမိတာဝန်ဝတ္တရားများ ကို သစ္စာရှိရှိထမ်းရွက်စေလိုပါကြောင်း အပါအဝင် နိုင်ငံရေးဖြစ်စဉ်များ၊ ရှေ့ဆက်သွားမည့် လုပ်ငန်း စဉ်များအကြောင်းကို ပွင့်လင်းစွာ ပြောကြားခဲ့တာ ကိုလည်း မြင်တွေ့ရပါတယ်။ အဲဒီနောက်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆူပူအကြမ်း ဖက်သူများရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပျက်စီးခဲ့တဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်အတွင်း စက်မှုဇုန်များကို သွားရောက် ကြည့်ရှုခဲ့ပြီး ဒေသခံ များကို စားနပ်ရိက္ခာများပေးအပ်လှူဒါန်းခဲ့ပါတယ်။
ဧပြီ ၃၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)နဲ့ ရန်ကုန် တိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ နိုင်ငံတော်ပိုင်အချို့ စက်ရုံတွေကို ပြန်လည်လည်ပတ်နိုင်ဖို့နဲ့ နိုင်ငံအတွက် ပြည်ပကနေ တင်သွင်းရတဲ့ စက်သုံးဆီ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ကူညီဖြည့် ဆည်းပေးဖို့ လိုအပ်တာကိုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လမ်းညွှန်မှာကြားခဲ့တာကိုလည်း မြင်တွေ့ရသလို ရန်ကုန်မြို့မှာ နှစ်စဉ်ကြုံတွေ့နေရ တဲ့ရေကြီးရေလျှံမှုဖြစ်စဉ်တွေ လျော့နည်းပ ပျောက်ဖို့ အတွက်လည်း ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ မြစ် ထွက်ပေါက် ရေမြောင်း၊ ကျောက်တံတားမြို့နယ်အတွင်းက အမှတ် ၁ဝ ရေတံခါးနဲ့ လမ်းမတော်မြို့နယ် ရွာသစ်ချောင်းမြစ် ထွက်ပေါက်နေရာတွေကို ကိုယ်တိုင်သွားရောက် ကြည့်ရှုစစ်ဆေးခဲ့တာက လည်း ပြည်သူနဲ့ တစ်သားတည်းရှိနေတဲ့ အစိုးရသစ်ရဲ့ ဖော်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။
မဲစာရင်းများမြေပြင် စစ်ဆေးမှုများဖြင့် မဲမသမာမှုကိုနေ့စဉ်ဖော်ထုတ်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ တစ်နိုင်ငံလုံးအတိုင်းအတာ မဲစာရင်းများ မြေပြင် ပြန်လည် စစ်ဆေးခြင်းတွေကို ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလက နေ စတင်ပြီး မဲဆန္ဒနယ်အလိုက် မဲဆန္ဒရှင်စာရင်း တွေ၊ ဆန္ဒမဲလက်မှတ် ထုတ်ယူတာ၊ ရရှိတာ၊ သုံးစွဲထားတာနဲ့ လက်ကျန်ရှိစတာတွေကို စနစ်တကျ ပွင့်လင်းမြင်သာမှု ရှိစွာ ဖော်ထုတ်လျက် ရှိပါတယ်။ ဧပြီ၁ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့ နယ်နဲ့ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွေရဲ့ မဲဆန္ဒရှင်စာရင်း၊ ဆန္ဒမဲလက်မှတ် သုံးစွဲခဲ့မှုမြေပြင် အခြေအနေတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန် ခဲ့ပါတယ်။ မြို့နယ်အလိုက် ဆန္ဒမဲ လက်မှတ်တွေ လျော့နည်းတာ၊ ပျောက်ဆုံးတာ၊ တရားမဝင်အပိုရှိနေတာတွေကိုလည်း တိကျတဲ့ စစ်ဆေးတွေ့ရှိချက်များက ဖော်ထုတ်နိုင်ခဲ့တာ ကို မြင်တွေ့ရပါတယ်။
ထို့အတူ ဧပြီ ၂ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ်၊ ဧပြီ ၃ ရက်က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၊ ဧပြီ ၄ ရက်က ကချင်ပြည်နယ် ချီဖွေနဲ့ တနိုင်းမြို့နယ်၊ ဧပြီ ၅ ရက်က မကွေးတိုင်း ဒေသကြီး ဆိပ်ဖြူ၊ ပေါက်နဲ့ တောင်တွင်းကြီးမြို့နယ်၊ ဧပြီ ၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် မြို့နယ်၊ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ ဧပြီ ၇ ရက်က ကယားပြည်နယ်အတွင်းမှာရှိတဲ့ ခုနစ်မြို့နယ်ရဲ့ မဲဆန္ဒရှင်စာရင်းတွေနဲ့ မဲလက်မှတ် ထုတ်ယူ၊ ရရှိ၊ သုံးစွဲမှုနဲ့ လက်ကျန်အခြေအနေများကို တိကျသော စာရင်းဇယားများနဲ့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ဧပြီ ၈ ရက်က ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်၊ ညောင်လေးပင်နဲ့ နတ်တလင်းမြို့နယ်၊ ဧပြီ ၉ ရက် က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးနဲ့ ဝေါမြို့နယ်၊ ဧပြီ ၁၀ ရက်က ပဲခူးတိုင်းဒေသကြီး ပဲခူးနဲ့ ဇီးကုန်း မြို့နယ်၊ ဧပြီ ၁၁ ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းနဲ့ မလှိုင်မြို့နယ်၊ ဧပြီ ၁၂ ရက်က မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့နယ်၊ ဧပြီ ၁၃ ရက်က ကချင်ပြည်နယ် ပူတာအိုနဲ့ မချမ်း တောမြို့နယ်၊ ပြီ၁၄ရက်က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းနဲ့ မြင်းမူမြို့နယ်၊ ဧပြီ ၁၅ ရက်က ပဲခူးတိုင်း ဒေသကြီး သာယာဝတီနဲ့ မင်းလှမြို့နယ်၊ ဧပြီ ၁၆ ရက်က မကွေးတိုင်းဒေသကြီး မင်းလှနဲ့ အောင်လံ မြို့နယ်၊ ဧပြီ ၁၇ ရက်က မကွေးတိုင်းဒေသကြီး သရက်နဲ့ ဆင်ပေါင်ဝဲမြို့နယ်၊ ဧပြီ ၁၈ ရက်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နဲ့ စဉ့်ကူးမြို့နယ်၊ ဧပြီ ၁၉ ရက်က မန္တလေးတိုင်းဒေသကြီး သပိတ် ကျင်းနဲ့ ငါန်းဇွန်မြို့နယ်တို့ရဲ့ မဲဆန္ဒရှင်စာရင်းများ၊ ဆန္ဒမဲလက်မှတ်များကို ပြန်လည်စိစစ်ဖော်ထုတ်ခဲ့ တာကို မြင်တွေ့ရပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် သတင်းထုတ်ပြန်ချက်များကို ထုတ်ပြန်လျက်ရှိရာ ဧပြီ ၂၀ ရက်က ပဲခူးတိုင်း ဒေသကြီး ပြည်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ကံမမြို့နယ်၊ ဧပြီ ၂၁ ရက်က ကရင်ပြည်နယ် မြဝတီ၊ လှိုင်းဘွဲ့နဲ့ သံတောင်ကြီးမြို့ နယ်၊ ဧပြီ ၂၂ ရက်က ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်နဲ့ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ဧပြီ ၂၃ ရက်က ကချင်ပြည်နယ် ဆွမ်ဘရာဘွမ်၊ ရွှေကူနဲ့ ဗန်းမော်မြို့နယ်၊ ဧပြီ ၂၄ ရက်ကပဲခူးတိုင်းဒေသကြီး ကျောက်တံခါး၊ ရွှေကျင် နဲ့ သနပ်ပင်မြို့နယ်၊ ဧပြီ ၂၅ ရက်က မန္တလေးတိုင်း ဒေသကြီး မြင်းခြံ၊ တောင်သာနဲ့ ညောင်ဦးမြို့နယ်။ ဧပြီ ၂၆ရက်က ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်းနဲ့ မံစီမြို့နယ်၊ ဧပြီ ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး (ကဝ၊ လက်ပံတန်းနဲ့ အုတ်ဖိုမြို့နယ်၊ ဧပြီ၂၈ ရက်က မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ မိုးကုတ်နဲ့ ဝမ်းတွင်းမြို့နယ်၊ ဧပြီ ၂၉ ရက်က ချင်းပြည်နယ် ကန်ပက်လက်နဲ့ ထန်တလန်မြို့နယ်၊ ဧပြီ ၃၀ ရက် က စစ်ကိုင်းတိုင်းဒေသကြီး မြောင်နဲ့ ရေဦးမြို့နယ် တို့ရဲ့ မဲဆန္ဒရှင်စာရင်းများနဲ့ ဆန္ဒမဲလက်မှတ်များ ထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန် အခြေအနေများကို ပွင့်လင်းမြင်သာစွာ မြေပြင်စစ်ဆေး ဖော်ထုတ်လျက် ရှိတာကိုလည်း မြင်တွေ့ရပါတယ်။
လူမှုစီးပွားဘဝများအတွက်ဆောင်ရွက်ပေးလျက်ရှိ
နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေထဲက ဥရောပသမဂ္ဂကဲ့သို့သော အဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ကူညီထောက်ပံ့ပေးနေတဲ့ စီမံကိန်းတွေရှိပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် တွေ့ကြုံနေရတဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုနဲ့ဆိုင်တဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းတွေဆီကို ပြည့်ပြည့်စုံစုံ အချိန်နဲ့တစ်ပြေးညီ အကြောင်းကြားဖို့အတွက် အစီအမံတွေ ရေးဆွဲ နေတာကိုလည်း ပြီ၂ရက်မှာ ကျင်းပတဲ့ စီမံချက်များနဲ့ စပ်လျဉ်းတဲ့ ညှိနှိုင်း အစည်းအဝေးမှတစ်ဆင့် သိရှိရပါတယ်။ အရေးကြီးတဲ့ လုပ်ငန်းစီမံချက်များ အတွက် မဖြစ်မနေ ဆက်လက်လုပ်ဆောင်ရမယ့် အခြေအနေများကိုလည်း ကြိုတင်ပြင်ဆင်နေပြီလို့ သိရှိရတဲ့ အတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးမှုလုပ်ငန်းတွေ အမြန်ဆုံး ရှေ့ဆက်ဆောင်ရွက်နိုင်တော့မှာ ပဲဖြစ်ပါတယ်။
လူမှုဖူလုံရေးအဖွဲ့ ကလည်း ကိုဗစ်-၁၉ ကပ် ရောဂါဖြစ်ပွားစဉ်ကာလများအတွင်း ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနတွေက အာမခံထားရှိတဲ့ အလုပ်သမားတွေကို လူမှုဖူလှုံရေး ထောက်ပံ့ငွေများ ပေးအပ်နိုင်ခဲ့ပါတယ်။ လက်ရှိအစိုးရ တာဝန်ယူစဉ်မှာ လုပ်ငန်းစဉ်မပြတ် ဆက်လက်ပေးအပ်နိုင်ခဲ့တာကြောင့် ကိုဗစ် - ၁၉ ကပ်ရောဂါ ကာလတစ်လျှောက် ၂၀၂၁ ခုနှစ် မတ်လကုန်အထိ အာမခံလုပ်သား ၁၆ သိန်းခန့်ကို ထောက်ပံ့ငွေကျပ် ၆၈၇၁၅ ဒသမ ၁၄၀ သန်း အထိ ပေးအပ်ခဲ့ပါတယ်။
လူမှုဖူလုံရေးအဖွဲ့ကလည်း ကိုဗစ် - ၁၉ ကပ် ရောဂါဖြစ်ပွားစဉ်ကာလများအတွင်း ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနတွေက အာမခံထား ရှိတဲ့အလုပ်သမားတွေကို လူမှုဖူလှုံရေးထောက်ပံ့ငွေ များ ပေးအပ်နိုင်ခဲ့ပါတယ်။ လက်ရှိအစိုးရ တာဝန်ယူ စဉ်မှာ လုပ်ငန်းစဉ်မပြတ် ဆက်လက်ပေးအပ်နိုင်ခဲ့ တာကြောင့် ကိုဗစ် - ၁၉ ကပ်ရောဂါ ကာလ တစ်လျှောက် ၂၀၂၁ ခုနှစ် မတ်လကုန်အထိ အာမခံ လုပ်သား ၁၆ သိန်းခန့်ကို ထောက်ပံ့ငွေကျပ် ၆၈၇၁၅ ဒသမ ၁၄၀ သန်းအထိ ပေးအပ်ခဲ့ပါတယ်။
လူမှုရေးဆိုင်ရာ ငွေကြေးထောက်ပံ့ရေး အစီအစဉ်တွေနဲ့ ကလေးသူငယ်၊ အမျိုးသမီးတွေ ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းစဉ်မှာ အထောက် အကူပြုမယ့်စနစ်ဖြစ်တဲ့ လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက် စနစ်အသုံးပြုပြီး လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ စတင်အသုံးပြုသွားမှာဖြစ် တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဆိုပါ စနစ်တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့သလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဥပဒေ (မူကြမ်း)ကိုလည်း အမြန်ဆုံး ပြဋ္ဌာန်းနိုင်အောင် အဆင့်ဆင့်ဆောင်ရွက်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ဆိုင်ရာ အကောင်အထည် ဖော်မှု နိုင်ငံအဆင့် အစီရင်ခံစာ(မူကြမ်း) ဆွေးနွေးခြင်းတွေကိုလည်း ဧပြီလ တတိယပတ် အတွင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာတို့၏ နှစ်သစ်ကူးကာလမှာ နှုတ်ခွန်းဆက်မင်္ဂလာစကားကို ဧပြီ ၁၆ ရက်က ပြောကြားခဲ့ပါတယ်။ အဆိုပါ နှုတ်ခွန်းဆက်မိန့်ခွန်းအတွင်းမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်ကို ထမ်းဆောင်နေစဉ်ကာလအတွင်း ပြည်သူတွေရဲ့ ဆန္ဒနှစ်ခုဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ မိဘပြည်သူများရဲ့ ဆန္ဒများ ပြည့်ဝ စေဖို့အတွက် အစွမ်းကုန်အကောင်အထည်ဖော် သွားမှာဖြစ်တယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးခိုင်မာစေဖို့ အခြေခံအဆောက် အအုံတွေ ခိုင်မာစေဖို့ စီးပွားရေးအင်စတီကျူးရှင်း တွေကို အားပေးတာ၊ သေချာတဲ့ ကုန်ထုတ်လုပ်မှုတွေ အားပေးတာတွေကို လုပ်ဆောင်သွားမယ် ဆိုတာကို ထည့်သွင်းပြောကြားခဲ့တဲ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးထိုးနှံပေးတဲ့ လုပ်ငန်းစဉ် တွေအပါအဝင် ပြည်သူများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့အတွက် တိုက်တွန်းချက်လည်း ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ဧပြီ ၂၁ ရက်မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ ကော်မတီရဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ကလေးလုပ်သားတွေဟာ ဝင်ငွေရတဲ့ အလုပ် အကိုင်တွေ လုပ်ကိုင်ဖို့ မဖြစ်မနေ ဖိအားပေးမှုတွေ ကြုံတွေ့နေရပြီး များသောအားဖြင့် စိုက်ပျိုးရေး၊ ဝန်ဆောင်မှုနဲ့ စက်မှုကဏ္ဍတွေရဲ့ လုပ်သားတွေဖြစ် နေကြရတယ်လို့ သိရှိရပါတယ်။ ဖွံ့ဖြိုးဆဲ မိမိတို့ နိုင်ငံအနေနဲ့ ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေးဆောင်ရွက်ရာမှာ အခက်အခဲများနဲ့ နိုင်ငံတကာက ထောက်ပြမှုတွေရှိပေမယ့် နိုင်ငံတော်ကနေ တတ်စွမ်းသရွေ့ ကလေး အလုပ်သမားအရေး ကိစ္စတွေကို ထိထိရောက်ရောက် ဦးစားပေးဆောင် ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ယခုလအတွင်း လူမှုကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ က ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သာဓကအနေနဲ့ ပွင့်ဖြူမြို့နယ်အတွင်းမှာ လေဘေးသင့် ပြည်သူ ၂၀၀၀ ကျော်အတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ကျော်ကို ပေးအပ်နိုင်ခဲ့တဲ့အပြင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်မှာ ပါဝင်တဲ့ မသန်စွမ်းသူများ ထောက်ပံ့ရေးအစီအစဉ်အရ ပွင့်ဖြူမြို့နယ် အတွင်းရှိ မသန်စွမ်းသူ ၄၇၀ အတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် ပေးအပ်ခဲ့ တာကို ဧပြီ ၂၅ ရက်က မြင်တွေ့ခဲ့ရပါတယ်။
စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရာမှာ ချောမွေ့သွက်လက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းအရှိန် မြှင့်တင်နေတာတွေကို တတိယ တစ်လတာအတွင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းကြောင်းဆုံရာ မြန်မာ နိုင်ငံရဲ့ အနာတ်ဖွံ့ဖြိုးမှုဝင်ရိုးတစ်ခုဖြစ်တဲ့ မန္တလေး တိုင်းဒေသကြီး မြို့သာစက်မှုဇုန်အတွင်း စက်ရုံ အလုပ်ရုံများ လုပ်ငန်းလည်ပတ်အရှိန်မြှင့်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာကို ဧပြီ ၁ ရက်မှာ မြင် တွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ လုပ်ငန်း တိုးချဲ့ခြင်း၊ အသစ်တည်ထောင်ခြင်း စတာတွေကို လွယ်လွယ်ကူကူနဲ့ ဆောင်ရွက်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နေတာကို ကြားသိရပါတယ်။
ပုလဲအတွဲများနဲ့ ကျောက်မျက်ရတနာများကို မြန်မာကျပ်ငွေနဲ့ ရောင်းချပွဲကိုလည်း ဧပြီ ၁ ရက် ကနေ ၁၀ ရက်အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ ရောင်းချပွဲ ပထမဆုံးရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်တက်ရောက် ကြည့်ရှုအားပေးခဲ့တာကို မြင်တွေ့ရပါတယ်။ ၁၀ရက်တာ ကျင်းပခဲ့တဲ့ အဆိုပါ ရောင်းချပွဲအတွင်း ပုလဲအတွဲ ၃၁၇ တွဲကို ငွေကျပ် ၁၄၂၇ ဒသမ ၂၆ သန်း၊ ကျောက်စိမ်းအတွဲ ၁၉၅၅ တွဲကို ငွေကျပ် ၃၁၅၉၅ ဒသမ ၉ သန်း၊ ကျောက်မျက်အတွဲ ၅၂ တွဲကို ငွေကျပ် ၄၂၅ ဒသမ ၈သန်းနဲ့ ရောင်းချပေးနိုင်ခဲ့တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
စက်မှုဇုန်တွေမှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ် ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ၊ ကုန်သည်အသင်း အဖွဲ့ တွေလိုအပ်နေတဲ့ သတင်းအချက်အလက် တွေ့ကြုံနေတဲ့ အခက်အခဲတွေကို မြန်မြန် ဆန်ဆန်ဖြေရှင်း ဆောင်ရွက်နိုင်ဖို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီက ဆောင်ရွက်ပေးနေတာကိုလည်း မြင်တွေ့ရပါတယ်။ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုအခက်အခဲတွေ၊ ဘဏ်လုပ်ငန်းဆိုင်ရာ၊ ဆိပ်ကမ်းပိုင်းဆိုင်ရာ၊ ပြည်တွင်း ကုန်သွယ်မှုဆိုင်ရာ စတဲ့စီးပွားရေး လုပ်ငန်းရှင်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှာ ၂၄ နာရီ ရုံးဖွင့်ပြီး ဆောင်ရွက်ပေး နေပြီဖြစ်တယ်လို့လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက လုပ်ငန်းရှင်များနဲ့ ဧပြီ ၂ ရက် တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
ထို့အတူ နိုင်ငံတော်ရဲ့ ပုံမှန်လည်ပတ်စီးဆင်းနေတဲ့ ကုန်စည်လုပ်ငန်းတွေကို စဉ်ဆက်မပြတ် | ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂၃ ရက်ကနေ မတ် ၃၁ ရက်အထိ ပြည်တွင်းဆိပ်ကမ်းမှ အထွက် ကုန်သေတ္တာ ၁၉၅၉၄ လုံးနဲ့ ပြည်တွင်း ဆိပ်ကမ်းအဝင် ကုန်သေတ္တာ၂၂၄၁၇ လုံး စုစုပေါင်း ကုန်သေတ္တာ ၄၂၀၀၁ လုံးပုံမှန်ကုန်စည်စီးဆင်းစေခဲ့ တဲ့အတွက် ကုန်သွယ်မှုအတွက် အထောက်အကူပြု စေခဲ့တာပဲဖြစ်ပါတယ်။
ကုန်စည်နဲ့ ဝန်ဆောင်မှုများသုံးစွဲရာမှာ နစ်နာ ဆုံးရှုံးမှုတွေ ကြုံတွေ့ရမယ်ဆိုရင် ပြည်သူများ အလွယ်တကူတိုင်ကြားနိုင်ဖို့အတွက် ကောလ်စင်တာတွေကို ယခုနှစ်အတွင်း စတင်အကောင် အထည်ဖော်နိုင်ဖို့ ကြိုးပမ်းနေတာကိုလည်း စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရပါတယ်။ အစိုးရသစ်ရဲ့ တာဝန်ယူဆောင်ရွက်မှုနဲ့အတူ မကြာမီဝန်ဆောင်နိုင်အောင် ကြိုးပမ်းနေတာ ဖြစ်ပြီး ယခုလက်ရှိမှာ တိုင်ကြားထားမှု ၅၀၀ ကျော်ရှိတဲ့အနက် ၂၅၀ ခန့်ကို ဖြေရှင်းဆောင်ရွက် ပေးထားပြီး ဖြစ်ပါတယ်။
ဧပြီ ၉ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံဘဏ်များအသင်း တာဝန်ရှိသူ များတွေ့ဆုံခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုရလဒ်တွေဖြစ်တဲ့ ဘဏ်တွေပုံမှန် ပြန်လည်လည်ပတ် လာတဲ့ ဖြစ်စဉ်တွေ၊ လက်ရှိဘဏ်ခွဲ ၁၀၀၀ ကျော်အထိ တိုးတက်ဖွင့်လှစ်လာနိုင်တဲ့ အကြောင်းအရရာတွေ၊ ဝင်ငွေ ထွက်ငွေ စီးဆင်းမှုမှန်ကန်ခြင်းကနေ လက်ရှိ အခက်အခဲတွေကို ကျော်လွှားဖြေလျော့နိုင်မယ့် နည်းလမ်းတွေနဲ့ ဘဏ်လုပ်ငန်းစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်မယ့် နည်းလမ်းတွေကို စုပေါင်းအဖြေ ရှာဖော်ထုတ်ခဲ့ကြတာကို မြင်တွေ့ရပါတယ်။
ရလဒ်များအဖြစ် မေ ၃ ရက်ကစ၍ ဘဏ်တွေမှာ ဘဏ်စာရင်းအသစ်များ ဖွင့်လှစ်ပြီး ငွေသားအပ်နှံ ထည့်သွင်းခွင့်ပြုမှာဖြစ်ပြီး စာရင်းအသစ်မှ ငွေသား ပြန်လည်ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏ အတွင်း ကန့်သတ်ချက်မရှိ ထုတ်ပေးမည့် အစီအစဉ်၊ အင်တာနက် ယာယီပြတ်တောက်ပြီးနောက် ငွေကြေးဆိုင်ရာ အင်တာနက် အသုံးပြုဆောင်ရွက် 90 Mobile Banking, Internet Banking, Mobile top-up, Visa Master Card Payment, MPU Card, All ATMs, Bank Pay wpiece Account to Account Transfer oor soon soadel ဘဏ်ဝန်ဆောင်မှုတွေကို ဧရာဝတီဘဏ်၊ ကမ္ဘောဇ ဘဏ်၊ သမဝါယမဘဏ်၊ အင်းဝဘဏ်နဲ့ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နဲ့ ရွှေကျေးလက်နဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တို့မှာ ဧပြီ ၂၉ ရက် ကနေ စတင်ပြီး ဝန်ဆောင်မှုများ ပေးအပ်နိုင်ခဲ့တာ ကို မြင်တွေ့ရပြီ ဖြစ်ပါတယ်။
မျိုးကောင်းမျိုးသန့်များရရှိအောင် သုတေသနပြု
သက်ဆိုင်ရာ ဒေသအလိုက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပြီး အရည်အသွေးပြည့်မီတဲ့ အသား၊ ငါးတွေကို တိုးမြှင့်ထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်သူများ စားသုံးမှုမြင့်မားပြီး ကျန်းမာကြံ့ခိုင်လာစေမည် ဖြစ်သလို စိုက်ပျိုးရေးနဲ့ ပတ်သက်၍ အဓိက စားကုန်ဖြစ်တဲ့ ဆန်များအရည်အသွေးပြည့်မီရေး အတွက် အထွက်နှုန်းကောင်း၍ အရည်အသွေး ပြည့်ဝတဲ့ စပါးမျိုးတွေ စိုက်ပျိုးနိုင်အောင် မျိုးကောင်းမျိုးသန့်များရရှိအောင် သုတေသနပြု စိုက်ပျိုးရန် လိုအပ်တယ်ဟု နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဧပြီ ၃၀ ရက် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူ ရေးဇုန် ဆောင်ရွက်နေမှု အခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ်မှာ ပြောကြားခဲ့ပါ တယ်။
စိုက်ပျိုးမြေများကို အခြားနည်းလမ်းနဲ့အသုံး မပြုစေဖို့အတွက်လည်း ကြပ်မတ်ဆောင်ရွက်သွား ဖို့အတွက် ပထမအကြိမ်လုပ်ငန်းညှိနှိုင်းခြင်းကို ဧပြီ ၉ ရက်က ကျင်းပခဲ့ပါတယ်။ ဝန်ထမ်း အိမ်ရာတွေ၊ စီးပွားရေးဇုန်တွေဆောင်ရွက်ရာမှာ စိုက်ပျိုးမြေများ မထိခိုက်အောင် ဆောင်ရွက်ဖို့၊ မြေယာအသုံးချခွင့် စိစစ်ဆောင်ရွက်ရာမှာ စိုက်ပျိုးမွေးမြူရေးကို အထောက်အကူဖြစ်စေမယ့် ဆက်စပ်လုပ်ငန်းများကို ဦးစားပေးခွင့်ပြုဖို့ ဆွေးနွေးခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ်။
ထို့အတူ ဧပြီ ၂၀ ရက်တွင် ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး ကာလတိုအတွင်းမှာ လယ်ယာကဏ္ဍသိသိသာသာ တိုးတက်ပြောင်းလဲဖို့အတွက် စီစဉ်ဆောင်ရွက် နေတာတွေ ကိုလည်း၊ မြင်တွေ့ရပါတယ်။ မိရိုးဖလာ စိုက်ပျိုးမွေးမြူရေး ပုံစံနေရာမှာ ခေတ်မီနည်းပညာတွေ အသုံးပြုဖို့နဲ့ နည်းပညာတွေကို လွယ်လင့်တကူ အသုံးပြုနိုင်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်သွားဖို့ရှိတဲ့အပြင် စိုက်ပျိုးရေး တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသ ကျောင်းသူတွေကို ဘာသာရပ်အလိုက် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ဖို့နဲ့ မွေးမြူရေးဒီပလိုမာသင်တန်းများကို ၂ လည်း အမြန်ဆုံးဖွင့်လှစ်သွားဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားမြှင့်တင် မူလက Stay at Home အစီအစဉ်နဲ့ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ခဲ့တဲ့ မြို့နယ်တွေကို ဧပြီ ၉ ရက်မှာ ပယ်ဖျက်ပေးခဲ့တာကို မြင်တွေ့ရပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသ ကြီးတို့က မြို့နယ်အချို့မှာ ထားရှိခဲ့တဲ့ Stay at Homeအစီအစဉ်တွေကို ပယ်ဖျက်ပေးခဲ့တာပဲဖြစ် ပါတယ်။ ထို့အတူ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ် ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်မတော်မတီကလည်း အသိပေး ကြေညာချက်များကို ဧပြီ ၁၂ ရက်၊ ၂၃ ရက်နဲ့ ၂၉ ရက်တို့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်များအတွင်း ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ စာရင်းပိတ်လက်ကျန်နဲ့ အလှူငွေ စာရင်းတွေကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားတာကိုလည်း ပြည်သူများ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)