Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက် ကြည့်ရှု စစ်ဆေး

 

နေပြည်တော် မေ

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့်အဖွဲ့သည် မေ ရက် နံနက်ပိုင်းတွင် တနင်္သာရီမြို့နယ် ဘန်လော- ဘန်သဲ -ကျောက်မီး ကျောင်း - မြန်မာအင်းတော် ကျေးရွာချင်းဆက် ၁၀ မိုင် ဖာလုံ ပေါ်တွင် မြေလမ်း မိုင် ဖောက်လုပ်ခြင်းနှင့် ကွန်ကရစ်တံတား ပေ ၈၀ စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

လုပ်ငန်းခွင်များတွင် သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံ အင်ဂျင်နီယာများက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေး အတွက် ကြပ်မတ်ဆောင် ရွက်သွားရန်၊ မြေသားလမ်းဖောက်လုပ်ရာတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် လမ်းဘေးရေ မြောင်းများကို သတ်မှတ်ချက်အတိုင်းဖောက်လုပ်သွားရန်၊  လမ်းပုခုံးများကိုလည်း အမာခံရရှိ ရေးအတွက် ဆောင်ရွက်ရန်၊ တံတားများအတွက် ချဉ်းကပ်လမ်းများ အတက်အဆင်း ပြေပြစ်၍ ရေတိုက်စား မှုမဖြစ် စေရေး အထူးဂရုပြုဆောင်ရွက်ရန်၊ မြေထိန်း နံရံများကို ခိုင်ခန့်ကောင်းမွန်အောင်  ဆောင်ရွက်ရန် မှာကြားခဲ့ပြီး  ဘန်သဲကျေးရွာအုပ်စု၊ ဘန်သဲ ကျေးရွာရပ်မိရပ်ဖများ၏ သောက်သုံးရေ အခက်အခဲရှိကြောင်း တင်ပြချက် အပေါ် တာဝန်ရှိ သူများက ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို ကွင်းဆင်းစစ်ဆေး တင်ပြသွား ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘုတ်ပြင်းမြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ဟန်ကပြု ကျေးရွာအုပ်စု၊ ဟန်ကပြု-ရွာဟေ့လူလမ်း ၃၄ မိုင် ပေါ်တွင် မြေသားလမ်းသစ် မိုင် ဖောက်လုပ်ခြင်းနှင့် ကွန်ကရစ် ပေ ၄၀ တံတား စင်း၊ ၁၀ ပေ တံတား စင်း၊ ၇၅ ပေ တံတား စင်း၊ ပေ ၇၀ တံတား   စင်း၊ ပေ ၅၀  တံတား စင်း၊ ပေ ၈၀ တံတား စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေး သည်။

ထို့သို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မကြာမီ မိုးရာသီကာလ ရောက်ရှိတော့ မည်ဖြစ်၍ လုပ်ငန်းများကို အရည်အသွေးပြည့်မီစွာဖြင့် အမြန်ဆုံးပြီးစီးအောင် ဖိဖိစီးစီး ဆောင်ရွက်သွားရန်နှင့် ယင်းလမ်းပေါ်တွင် ထပ်မံ ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့် မြေ သားလမ်း၊ ကွန်ကရစ်လမ်း၊ တံတားနှင့် Box Culvert များကို လာမည့် ဘဏ္ဍရေးနှစ်တွင် ဆက်လက်ဆောင်ရွက်နိုင်ရေး သေချာစွာ ကွင်းဆင်းစစ်ဆေးတင်ပြရန် မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေ ရက် နံနက်ပိုင်းတွင် ဇာဒက်ကြီးကျွန်းရှိ ဓမ္မိကရာမတပ်ဦးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်များအား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။ ထို့နောက် ဇာဒက်ကြီးကျွန်းပေါ်ရှိ အသက် ၇၀ နှင့်အထက် ဆလုံလူမျိုး အဘိုး၊ အဖွား ၄၇ ဦးအတွက် ဆန်၊ ဆီ၊ ဆား စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဇာဒက်ကြီးအထကရှိ  ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံ အဖြူအစိမ်းနှင့် ဗလာစာအုပ်များကို လည်းကောင်း   ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ဇာဒက်ကြီးကျွန်းပတ်လမ်း ၆၆ မိုင်ပေါ် တွင် ကျောက်လမ်း မိုင်နှင့် ကွန်ကရစ်လမ်း မိုင် ဖာလုံခင်းခြင်း၊ ကွန်ကရစ်တံတား ပေ ၁၀၀ စင်း၊ ပေ Box Culvert ၂၆ စင်း  တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက လမ်းများရေရှည်ခိုင်ခန့်ကောင်းမွန်စေရေးအတွက် လမ်းပေါ်တွင် ရေမတင် စေရန်နှင့် လမ်းဘေးရေမြောင်းများကို ရေဆင်းကောင်းအောင်ပြုလုပ်ရန်၊ တံတားချဉ်းကပ် လမ်းများကို အလွှာလိုက်ကြိတ်၍ ခိုင်ခံအောင်ဆောင်ရွက်ရန်၊ မြေထိန်းနံရံများကို လိုအပ် ပါက တိုးချဲ့ ဆောင်ရွက်ရန်၊ လုပ်ငန်းများကို အချိန်မီပြီးစီးရေးနှင့်   သတ်မှတ် စံချိန်စံညွှန်း အရည်အသွေး ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက် ရေးတို့ကို မှာကြားခဲ့ပြီး လုပ်ငန်းအခက်အခဲ များ တင်ပြမှု အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်း ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးနှင့် ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင် တန်းကျောင်းတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍  နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဒေသခံပြည်သူများအတွက် ထိရောက်ပြီး အကျိုးရှိသည့် လုပ်ငန်းများ ဖြစ်စေရေး စနစ်တကျ စိစစ်တင်ပြ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သင်တန်း နည်းပြများ အနေဖြင့် သင်တန်းသူများကို ဘာသာရပ်အလိုက် ကျွမ်းကျင်စွာ သင်ကြားနိုင် ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရေးတို့အတွက် မိမိတို့ကိုယ်တိုင် စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးရန် အသိ၊ အမြင်၊ ဗဟုသုတကြွယ်ဝရန်နှင့် အတွေးအခေါ်၊ အယူအဆ မှန်ကန်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းကောင်းများဖြစ်သည် အား လျော်စွာ ရိုးသားမှု၊ စနစ်တကျနေထိုင်တတ်မှု၊   ကြိုးစားလိုစိတ်၊ အချင်းချင်း အထက်အောက်     ရိုသေ လေးစားပြီး စည်းလုံးညီညွှတ်စွာဖြင့် နေထိုင်သွားကြရန် လိုအပ်ကြောင်း ရှင်းလင်းပြော ကြားခဲ့ပြီး ဝန်ထမ်းများအတွက် တူညီဝတ်စုံများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး ပညာသင် တန်းကျောင်းနှင့် ကော့သောင်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအတွင်းရှိ ဝန်ထမ်း အိမ်ရာများ၊ စားရိပ်သာများ လက်ရှိဘဏ္ဍာနှစ်တွင် တည်ဆောက်လျက်ရှိသည့် မော်တာအပ်ချုပ်စက် သင်တန်းဆောင် တည်ဆောက် နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည် များ ပေါင်းစပ်ဖြည်းဆည်း ဆောင်ရွက်ပေးသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တနင်္သာရီ တိုင်းဒေသကြီး အတွင်း လမ်းတံတားလုပ်ငန်းများ၊ အိမ်ရာဆောက်လုပ်ခြင်း လုပ်ငန်းများ၊ ရေရရှိခြင်းလုပ်ငန်းများ စသည့်လုပ်ငန်း အရေအတွက် စုစုပေါင်း ၅၀ ကို ရန်ပုံငွေကျပ် ၅၀၂၄ ဒသမ ၄၂၃ သန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း နှင့် လုပ်ငန်းများအားလုံး သတ်မှတ်ဘဏ္ဍာရေးနှစ်ကာလအတွင်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 (သတင်းစဉ်)