နေပြည်တော် မေ ၃
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်များကို အုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
ထိုသို့ လာရောက်အပ်နှံလျက်ရှိရာ မေ ၂ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ဂါတ်ချိုင်းကျေးရွာမှ လက်နက် ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ ဒူးလေး ၃ လက်၊ မြား ၁ ချောင်း၊ လက်လုပ်သေနတ် ၁ လက်ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် အလှော်ကျေးရွာအုပ်စုမှ တူမီးသေနတ် ၃ လက်နှင့် လက်လုပ်သေနတ် ၃ လက်တို့ကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ကျောက်ပန်း တောင်းကျေးရွာမှ လက်လုပ်သေနတ် ၁ လက်ကို လည်းကောင်း၊ ရခိုင်ပြည်နယ် ဂွမြို့နယ် ကွင်းကြီးကမ်းနားကျေးရွာမှ လက်လုပ်သေနတ် ၃ လက်ကို လည်းကောင်း၊ ဒေါင်းချောင်းကျေးရွာနှင့် ထန်းပင်ခုံကျေးရွာတို့မှ လေသေနတ် ၃ လက်နှင့် ဒူးလေး ၁ လက်တို့ကို လည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ ညောင်ကုန်း(၅) ရပ်ကွက်မှ တူမီးသေနတ် ၂ လက်ကို လည်းကောင်း ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံခဲ့သည်။
ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော တူမီးသေနတ်၊ လက်လုပ်သေနတ်များ၊ ဒူးလေးနှင့် များများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်