(၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက် (၀၉:၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက် အ¬¬¬ကျဉ်းချုပ်။ လွန်ခဲ့သော (၂၄)နာရီအတွင်းက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာအနှံ့အပြား၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း ခဲ့ပါသည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် မေလ၏ ပျမ်းမျှအပူချိန် ထက် (၃)ဒီဂရီစင်တီဂရိတ်နှင့် မွန်ပြည်နယ်တွင် မေလ၏ ပျမ်းမျှအပူချိန်ထက် (၂)ဒီဂရီ စင်တီဂရိတ်ပိုခဲ့ပြီး၊ ကယားပြည်နယ်တွင် မေလ၏ ပျမ်းမျှအပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်နှင့် ကလေးဝမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ဂန့်ဂေါမြို့နှင့် ညောင်လေးပင်မြို့ တို့တွင် (၄၀)ဒီဂရီ စင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကျောက်မဲမြို့တွင် (၂.၉၅) လက်မ၊ သီပေါမြို့တွင် (၁.၆၁)လက်မ၊ စဉ့်ကူး(စိုက်ပျိုးရေး)တွင် (၁.၃၈)လက်မ၊ စဉ့်ကိုင် (စိုက်ပျိုးရေး)တွင် (၁.၁၈)လက်မ၊ နောင်ချိုမြို့တွင် (၀.၉၈)လက်မ၊ မိုးကုတ်မြို့တွင် (၀.၉၁) လက်မ၊ မိုးညှင်းမြို့တွင် (၀.၈၇)လက်မ၊ ပြင်ဦးလွင်မြို့နှင့် ကျောက်ဆည်မြို့တို့တွင် (၀.၅၁) လက်မစီနှင့် ရွှေကူမြို့နှင့် လားရှိုးမြို့တို့တွင် (၀.၄၃)လက်မစီတို့ ဖြစ်ကြပါသည်။ ဘင်္ဂလားပင်လယ်အော် အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် ပဲခူး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃) ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးဆက်လက် ထစ်ချုန်းရွာနိုင်ပါသည်။ နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေ အမြင့်ဆုံးအပူချိန်- (၃၆.၅)ဒီဂရီစင်တီဂရိတ် (၉၈)ဒီဂရီဖာရင်ဟိုက်(၀၂ - ၀၅ - ၂၀၂၁) အနိမ့်ဆုံးအပူချိန်- (၂၆.၆)ဒီဂရီစင်တီဂရိတ် (၈၀)ဒီဂရီဖာရင်ဟိုက်(၀၃ - ၀၅ - ၂၀၂၁) (၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၆၅)ရာခိုင်နှုန်း(၀၃ - ၀၅ - ၂၀၂၁) မိုးရေချိန်- မရှိပါ(၀၃ - ၀၅ - ၂၀၂၁) နေပြည်တော်လေဆိပ်(ဧလာ)နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေ အမြင့်ဆုံးအပူချိန်- (၃၇.၃)ဒီဂရီစင်တီဂရိတ် (၉၉)ဒီဂရီဖာရင်ဟိုက် (၀၂ - ၀၅ - ၂၀၂၁) အနိမ့်ဆုံးအပူချိန်- (၂၄.၀)ဒီဂရီစင်တီဂရိတ် (၇၅)ဒီဂရီဖာရင်ဟိုက် (၀၃ - ၀၅ - ၂၀၂၁) (၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၆၆)ရာခိုင်နှုန်း(၀၃ - ၀၅ - ၂၀၂၁) မိုးရေချိန်- မရှိပါ (၀၃ - ၀၅ - ၂၀၂၁) မိုးရေချိန် ရက်စွဲ နေပြည်တော် ရန်ကုန်(ကမ္ဘာအေး) မန္တလေး ၀၃ - ၀၅ - ၂၀၂၁ မရှိပါ မရှိပါ (၀.၁၄)လက်မ ၀၁- ၀၁-၂၀၂၁ မှ ယနေ့အထိ (၅.၀၄)လက်မ (၂.၇၅)လက်မ (၃.၇၈)လက်မ နေပြည်တော်၏ အများဆုံးလေတိုက်နှုန်းမှာ (၀၃-၀၅-၂၀၂၁)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အနောက်တောင်ဘက်မှ တစ်နာရီလျှင် (၂)မိုင်နှုန်းခန့် တိုက်ခတ်ခဲ့ပါသည်။