နေပြည်တော် မေ ၁
ပညာရေးဝန်ကြီး ဌာန၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်မှစတင်၍ ပုံမှန် စာသင်နှစ်အတိုင်း ဖွင့်လှစ် မမည်ဖြစ်ကြောင်း၊ ကျောင်း အပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၁ ခုနှစ်၊ မေ ၂၄ ရက် (တနင်္လာနေ့)မှ ၃၁ ရက် (တနင်္လာနေ့)အထိ သတ်မှတ် ထားသဖြင့် ယင်းကာလအတွင်း အတန်းအားလုံး ကျောင်းအပ် နှံကြရန်နှင့် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ လုံးဝ(လုံးဝ) ကောက်ခံမှုမရှိကြောင်း ကျောင်းအပ်နှံသည့် ကျောင်းသားအားလုံးကို ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင် ခဲတံများနှင့် coVID19 ကြိုတင်ကာကွယ်ရေး အတွက် Mask နှင့် Face Shieldများကိုအခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသတင်း ရရှိသည်။
သတင်းစဉ်