Skip to main content

မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီး ပြန်လည်ဖွင့်လှစ်၍ လူနာများအား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ

မန္တလေး မေ ၁

 

မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ပြင်ပလူနာများ အပါအဝင် အတွင်း လူနာများကို ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

“ဆေးရုံကို ပထမဆုံး ပြန်ဖွင့်တဲ့အချိန်တုန်းက ပြင်ပလူနာကြည့်ရှုတာကိုပဲ လက်ခံနိုင်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ မွေးခန်းမှာ မွေးနိုင်ဖို့ ပိုးသန့်စင်ပြီး သမားရိုးကျ မွေးဖွားမှုကို ဆောင်ရွက်ပေး ပါတယ်။ အဲဒါပြီးတော့ နောက်တစ်ဆင့်တက်ပြီး ခွဲစိတ်ခန်း တွေကို ပိုးသတ်ပြီး ခွဲစိတ်ခန်းတွေ ဖွင့်နိုင်အောင် လုပ်ပါတယ်။ ဧပြီလဒုတိယပတ်မှာ ပြင်ပလူနာလည်း ကြည့်ရှုပေးနိုင်သလို အတွင်းလူနာလည်း ရှိနေပါပြီ။ ဆေးရုံမှာ ရိုးရိုးလည်း မွေးဖွားနိုင်သလို ခွဲစိတ်ခန်းတွေမှာ အရေးပေါ်လူနာတွေကို မွေးဖွားနိုင်အောင် ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ အခု ဆိုရင် လာရောက်ပြသတဲ့ လူနာတွေလည်းများလာ ပြီဆိုတော့ မေ ၁ ရက်က စပြီးတော့ သက်ဆိုင်ရာ ဗဟိုအမျိုးသမီးဆေးရုံကြီးရဲ့ ပြင်ပလူနာဌာနမှာ လူနာတွေကိုကြည့်ပေးမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကလေးတွေ မွေးမွေးချင်းမှာ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးပေးရ ပါတယ်။ လက်တလောမှာ ကလေးလေးတွေ အဆင်ပြေအောင် Hospital Based EPI လို့ခေါ်တဲ့ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးဌာနကို ဖွင့်လှစ်ပြီး ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်" ဟု မန္တလေးဗဟိုအမျိုးသမီး ဆေးရုံအုပ်ကြီးက ပြောသည်။

မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးကို မတ် ၂၄ ရက်က စတင်၍ လက်ရှိဝန်ထမ်းအင်အားအရ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ပြန်လည်ဖွင့်လှစ်ထားပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ မီးယပ်ရောဂါများ စသည့် အမျိုးသမီးရောဂါများကို ကုသပေးလျက် ရှိကြောင်း၊ ယင်းဆေးရုံတွင် မွေးလူနာများအတွက် သွေးလိုအပ်မှုများရှိပြီး သွေးလှူဒါန်းလိုပါက ဓမ္မပါလအသင်း၊ မြတ်ပါရမီ အသင်း၊ အလင်းစေတမန်အသင်းစသော လူမှုရေးအသင်းအဖွဲ့များမှတစ်ဆင့် လည်းကောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီး သွေးဘဏ် ဖုန်းနံပါတ် ၀၉- ၇၉၆၇၈၅၄၂၄ ကို ဆက်သွယ်၍ လည်းကောင်း လှူဒါန်းနိုင်ကြောင်း သိရသည်။

 

တင်လင်းထက်