Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကယားပြည်နယ် အားကစားကွင်း/အားကစားရုံများကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဧပြီ၃၀ ရက်နှင့်မေ ၁ ရက် တို့တွင် ကယားပြည်နယ်ရှိ အားကစားကွင်း အားကစားရုံများ အသစ်တည်ဆောက် နေမှုနှင့်ပြုပြင်မွမ်းမံ နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

အချိန်မီပြီးစီးနိုင်ရေးမှာကြား

 

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မေ ၃၀ ရက်တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အားကစားကွင်း နှင့်အားကစားရုံ၊ ဝန်ထမ်းအိမ်များအသစ် တည်ဆောက်နေမှုနှင့် အဝီစိတွင်း တူးဖော်မည့်နေရာကို လည်းကောင်း၊ ဖရူဆိုမြို့နယ် အားကစားကွင်း နှင့် ( နှစ်ထပ် ပွဲကြည့်စင် ဆောက်လုပ်နေမှုကို လည်း ကောင်း၊ ဘော်လခဲခရိုင် အားကစားကွင်း၊ လေးခန်းတွဲ သုံးထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် အားကစားကွင်းအားကစားရုံတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများ စံချိန်စံညွှန်း ကောင်းမွန်ပြီး အချိန်မီပြီးစီးနိုင်ရေး မှာကြားသည်။

ဆက်လက်၍ ဖားဆောင်းမြို့နယ် အားကစားကွင်း/ အားကစားရုံများကို ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်း ရေရရှိစေရေး၊ ကွင်းရေဖျန်းစနစ်နှင့် ပွဲကြည့်စင် အဝင်လမ်း ပြုလုပ်ပေးရန် တာဝန်ရှိသူ များကို မှာကြားသည်။

ယင်းနောက် မယ်စုံမြို့နယ် အားကစားကွင်း၊ ပွဲကြည့်စင် တိုးချဲ့ဆောက်လုပ်မည့် နေရာနှင့် အားကစားရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်း ဂိုးတိုင်နောက် မြေလွတ်နေရာများ မြေဖို့ရန်နှင့် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ရန် တာဝန် ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ချုပ်ရေး မှူးရုံးခန်း၌ အားကစားနှင့် ကာယပညာ သိပ္ပံ(လွိုင်ကော်) ကျောင်းအုပ်ကြီး က ကျောင်းပြုပြင် ထိန်းသိမ်းမှုများ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားပြီး အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအတွင်းရှိ အားကစားရုံများ ပြုပြင်မွမ်းမံနေမှုများ၊ စားရိပ်သာ၊ သင်တန်းသား/သူများ၏ အိပ်ဆောင်များနှင့် လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ တည်ဆောက် နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။ ။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်ရုံးတွင် ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ နှုတ်ဆက်အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်နယ် အားကစားကွင်းအတွင်းရှိ တင်းနစ်အားကစားကွင်း၊ ရေကူးကန်နှင့် GYM ခန်းမ တည်ဆောက်နေမှုနှင့် မီတာ ၄၀၀ ပြေးလမ်း synthetic ခင်းကျင်းမှုကိုလည်းကောင်း၊ လွိုင်ကော် မြို့နယ်ရှိ ဖူဆယ်အားကစားရုံတို့ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်