Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပုဂံ-ညောင်ဦးလေဆိပ်ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၃၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက် ၉နာရီခွဲတွင် ပုဂံ-ညောင်ဦးလေဆိပ် ဧည့်ခန်းမဆောင်တွင် ဝန်ကြီးဌာနလက်အောက်ရှိဌာန၊ အဖွဲ့အစည်း (၈)ခုမှ တာဝန်ခံ အရာထမ်း၊ အမှုထမ်းများ၊ ပုဂံညောင်ဦးလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

ယင်းနောက် တာဝန်ခံများမှ ဌာန၊ အဖွဲ့အစည်း အလိုက်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများ အားစားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်သည်။

ထို့နောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) ဦးကျော်စိုးက  ပုဂံ-ညောင်ဦးလေဆိပ်၊ VIP ခန်းမဆောင်တွင် ပုဂံညောင်ဦး လေဆိပ်သို့ ပြည်တွင်း/ပြည်ပ ခရီးသည်များ ဝင်/ထွက်သွားလာမှု အဆင်ပြေစေရေးအတွက် လေဆိပ်အဆင့်မြှင့်တင်ထားရှိမှုနှင့် ယခုဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် လက်ရှိလေယာဉ်ပြေးလမ်း၊ လေယာဉ်ရပ်နားရန်နေရာတို့ကို နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာတင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာတင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မီကောင်းမွန်စေရန်  အရည်အသွေးထိန်းသိမ်းရေးအဖွဲ့ ထားရှိရေး၊ လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Night Landing Facilities များ သတ်မှတ်ချက်နှင့်အညီ ထားရှိနိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။

ယင်းနောက် ပုဂံ-ညောင်ဦး လေဆိပ်တွင် လေယာဉ်ဆီတင်သွင်း/သိုလှောင် ဖြန့်ဖြူးရောင်းချ နိုင်ရေးနှင့်ပတ်သက်၍ Fuel Farm တည်ဆောက်ရေး  လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို Golden Myanmar Airlines Public Co.Ltdı  အမှုဆောင်အရာရှိ ဦးကျော်ငြိမ်း က ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိုင်လွန်ကတ္တရာ ဖျော်စက် တပ်ဆင်နေမှုနှင့် တည်ဆောက်ရေးပစ္စည်း များ စုဆောင်းထားရှိမှုများ။ လုပ်ငန်းသုံးစက်ယာဉ်/ ယန္တရားများ ရောက်ရှိမှုအခြေအနေများနှင့် Golden Myanmar Airlines Public Co.Ltd ၏ Fuel Farm တည်ဆောက်ပြီးစီးသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး(အပေါ်ပုံ) စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ပြည့်မီစွာ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် ဖြည့်စွက်မှာကြားသည်။

သတင်းစဉ်