Skip to main content

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာန၊ အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများ စတင်ဖွင့်လှစ်ရေးကိစ္စ

နေပြည်တော် ဧပြီ ၃၀

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်မှစတင်၍ ပုံမှန်စာသင်နှစ်အတိုင်း ဖွင့်လှစ် မည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၁ ခုနှစ်၊ မေ ၂၄ ရက် (တနင်္လာနေ့) မှ ၃၁ ရက် (တနင်္လာနေ့)အထိ သတ်မှတ်ထားသဖြင့် ယင်းကာလအတွင်း အတန်းအားလုံး ကျောင်းအပ်နှံကြရန်နှင့် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေ လုံးဝ (လုံးဝ) ကောက်ခံမှု မရှိကြောင်း၊ ကျောင်းအပ်နှံ သည့်ကျောင်းသားအားလုံးကို ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့် COVID-19 ကြိုတင်ကာကွယ်ရေးအတွက် Mask နှင့် Face Shield များကို အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသတင်း ရရှိသည်။

သတင်းစဉ်