နေပြည်တော် ဧပြီ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးကို ဥပဒေနှင့်အညီဆောင်ရွက်လျက် ရှိသည်။
ပြစ်ဒဏ်များ အသီးသီး ချမှတ်
ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်က ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ကြသူများကိုလည်း စုံစမ်း ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပြစ်ဒဏ်များချမှတ်ရာ၌ ရာဇသတ်ကြီး ပုဒ်မ (၁၈၈) အရ ကယားပြည်နယ်အတွင်း လွိုင်ကော်မြို့နယ်တရားရုံးမှ တရားခံလေးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကိုင်းမြို့နယ် တရားရုံးမှတရားခံ ၁၆ ဦး၊ မြောင်မြို့နယ်တရားရုံးမှ တရားခံလေးဦးနှင့် ရွှေဘိုမြို့နယ် တရားရုံးမှ တရားခံကိုးဦး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်မြို့နယ်တရားရုံးမှ တရားခံ ၃၇ ဦး၊ သရက်ချောင်း မြို့နယ်တရားရုံးမှ တရားခံနှစ်ဦး၊ ရေဖြူမြို့နယ် တရားရုံးမှ တရားခံသုံးဦး၊ မြိတ်မြို့နယ်တရားရုံးမှ တရားခံ ၇၉ ဦး၊ ပုလောမြို့နယ်တရားရုံးမှ တရားခံနှစ်ဦး၊ ကော့သောင်းမြို့နယ် တရားရုံးမှ တရားခံ ၄၂ ဦးနှင့် ဘုတ်ပြင်းမြို့နယ် တရားရုံးမှ တရားခံငါးဦးတို့ကို ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။
ကယားပြည်နယ် လွိုင်ကော်မြို့နယ် တရားရုံး အနေဖြင့် တရားခံ ပြည့်စုံအောင် (ခ) ပြည့်စုံ၊ ကျော်ဖြိုးဝေ(ခ) အလီ၊ ကျော်ခိုင်ငြိမ်း (ခ) ပေါက်စီ နှင့် မာဂရီးတာတို့ကို ရာဇသတ်ကြီး ပုဒ်မ (၁၈၈) အရ အလုပ်မဲ့ထောင်ဒဏ် တစ်လစီ ကျခံရန် အမိန့် ချမှတ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် တရားရုံးက မတ် ၆ ရက် ညပိုင်းတွင် စစ်ကိုင်းမြို့ ဇေယျာရပ်ကွက်လမ်းဆုံတွင် အကြောင်းမဲ့ ရောက်ရှိနေပြီး ညမထွက်ရအမိန့်အား ဖောက်ဖျက် ကျူးလွန်သူ တရားခံသူရပါ လေးဦး၊ မတ်၁၂ ရက် ညပိုင်းတွင် တကောင်းရပ်ကွက် လမ်းမပေါ်တွင် အကြောင်းမဲ့ရောက်ရှိနေပြီး ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူတရားခံ တင်အောင်စိုး ပါ နှစ်ဦး၊ အလားတူ မရှိခဏဘုရားလမ်းမပေါ်တွင် အကြောင်းမဲ့ရောက်ရှိနေပြီး ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ တရားခံ ရဲနောင်စိုး (ခ) ကိုနောင်ပါ လေးဦး၊ မတ် ၂၁ ရက် ညပိုင်းတွင် ထူပါရုံလမ်းတွင် အကြောင်းမဲ့ရောက်ရှိနေပြီး ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ တရားခံ ကျော်ဇင်ခန့်၊ မတ် ၂၀ ရက် ညပိုင်းတွင် ပြည်တော်သာကျေးရွာလမ်းမပေါ်တွင် အကြောင်းမဲ့ ရောက်ရှိနေပြီး ညမထွက်ရအမိန့်အား ဖောက် ဖျက်ကျူးလွန်သူ တရားခံ ငပိန်၊ အလားတူ ညောင်ပင်ဝန်းကျေးရွာလမ်းမပေါ်တွင် အကြောင်းမဲ့ ရောက်ရှိနေပြီး ညမထွက်ရအမိန့်အား ဖောက်ဖျက် ကျူးလွန်သူတရားခံ စံလွင်၊ မတ် ၂၃ ရက် ညပိုင်း တွင် ဘုရားဖြူဘုရားအနီးတွင် ဆိုင်ကယ်ဖြင့် အကြောင်းမဲ့ရောက်ရှိနေပြီး ညမထွက်ရအမိန့် အား ဖောက်ဖျက်ကျူးလွန်သူ တရားခံ မိုးသူနှင့် ဖိုးဇော်၊ မတ် ၂၉ ရက် ညပိုင်းတွင် နန္ဒဝန်ရပ်ကွက်အတွင်း အကြောင်းမဲ့ရောက်ရှိနေပြီး ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ တရားခံ မင်းဇော်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၈၈ (ဒု)အရ အလုပ်နှင့်ထောင် ဒဏ် ၃ လစီ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။
အလုပ်နှင့် ထောင် ဒဏ် ၃ လစီ ကျခံ
ထို့အတူ မြောင်မြို့နယ်တရားရုံးက မတ် ၁၉ ရက် ညပိုင်းတွင် မြောင်မြို့နယ် ရွှေဂူနီဘုရားအနီး လမ်းကြားမှ လုံခြုံရေးယာဉ်တန်းအား ခဲများဖြင့် ပစ်ပေါက်ပြီး ညမထွက်ရအမိန့်အား ဖောက်ဖျက် ကျူးလွန်ရာ၌ ပါဝင်သူ တရားခံ စံလင်းနှင့် နန်းစိုးအောင်၊ မတ် ၂၆ ရက် ညပိုင်းတွင် မြို့သစ်ရပ်ကွက် အတွင်း လူ ၅၀ ခန့်က ဆူပူဆန္ဒပြ၍ ညမထွက်ရ အမိန့်အား ဖောက်ဖျက်ကျူးလွန်ရာ၌ ပါဝင်သူ တရားခံ နောင်ရဲဇော်နှင့် ဝင်းမြင့်နိုင်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၈၈ (ဒု)အရ အလုပ်နှင့်ထောင် ဒဏ် ၃ လစီ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။
ရွှေဘိုမြို့နယ်တရားရုံးက မတ် ၈ရက်ညပိုင်းတွင် ရွှေဘိုမြို့ အမှတ် ၁၀ လမ်းပေါ်တွင် အကြောင်းမဲ့ရောက်ရှိနေပြီး ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ တရားခံ ပြေငြိမ်း၊ ဦးစိုးစိုးဦးနှင့် တင်ထွန်း၊ အမှတ် (၁၀) ရပ်ကွက် စစ်သားစုဆောင်းရေးတပ်အနီး အကြောင်းမဲ့ ရောက်ရှိနေပြီး ညမထွက်ရအမိန့်အား ဖောက်ဖျက် ကျူးလွန်သူ တရားခံ ကျော်နိုင်ဦး၊ တင်နိုင်ထွန်း၊ ဟိန်းကျော်ထွန်း၊ မင်းအောင်၊ လွှမ်းမိုးနှင့် မစန်းစန်း မိုးတို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၈၈ (ဒု)အရ အလုပ် နှင့် ထောင်ဒဏ် ၃ လစီ ကျခံရန် အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။ ။ အလုပ်နှင့် ထောင်ဒဏ် တစ်လစီ ကျခံ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် တရားရုံးက တရားခံ သူရိန်၊ ကောင်းမြတ်ကျော်၊ အောင်ကျော်ဦး၊ တင်ကိုထူး၊ ငွေစိုး၊ အောင်မြတ်ဟိန်း၊ ဝင်းသိန်း၊ နေထူးအောင်၊ မောင်နီနီကျော်၊ အောင်သူ ဖြိုး၊ ညီဝင်းနိုင်၊ ဟိန်းထက်အောင်၊ ကြည်စိုး၊ မြတ်သူ၊ မျိုးငြိမ်းအောင်၊ စိုးနိုင်၊ ကိုကို၊ ညီလေး၊ မြင့်သိန်း၊ ကောင်းမြတ်ဇော်၊ မောင်လေး၊ မင်းစိုးလွင်၊ ဘိုဘိုအောင်၊ လှဌေးကို၊ လွင်ဇိုင်းဝင့်၊ စိုးမြိုင်၊ ပြည့်စုံအောင်၊ သက်လေး၊ သက်ဇင်၊ အောင်ခန့်၊ အောင်ကျော်၊ ကိုဦး၊ သက်ဝေလတ်၊ စိုးသူရနိုင်၊ မိုးကျော်သူ၊ ကျော်စိုးနိုင်နှင့် ဖြိုးအောင်၊ ရေဖြူ မြို့နယ်တရားရုံးက ဦးကိုညွန့်၊ သက်ကိုနှင့် တင်ထွန်းအောင်၊ သရက်ချောင်းမြို့နယ်တရားရုံးက ဦးအောင်ဌေးနှင့် ဦးနေလင်း၊ မြိတ်မြို့နယ်တရားရုံး က ဦးဝင်းညွှန့်၊ အောင်အောင်၊ ဇော်ကို၊ ကျော်မျိုးနိုင်၊ မျိုးဟိန်းထက်၊ လှဌေး၊ ချစ်သိန်း၊ ကျော်လှိုင်၊ သာယာ၊ ခိုင်လှဖြူ၊ အောင်ချမ်းသာ၊ မျိုးငယ်၊ ဝေဇင်၊ အောင်ကျော်မျိုး၊ သီဟ၊ ရန်ပိုင်စိုး၊ မအေးအေးလတ်၊ ကျော်ဇင်မိုး၊ စောရန်နိုင်၊ အောင်ကိုကို၊ ထွန်းငယ်၊ ကျော်ဇင်လင်း၊ ထွန်းငယ်၊ လင်းသူရိန်၊ မြင့်စိုး၊ အာကာလွင်၊ ညီညီပိုင်စိုး၊ စံဝင်း၊ ကိုပေါက်၊ လွမ်းဝေဦး၊ ဇော်ဝင်း၊ အောင်မြင့်ဦး၊ မောင်မောင်၊ သက်ဇော်အောင်၊ သန်းထွန်းအောင်၊ မင်းမင်းထွန်း၊ မိုးကျော်သူ၊ မိုးမြင့်အောင်၊ ပြည့်စုံ၊ ဇော်မျိုးလွင်၊ စိုင်းတင့်စိုး၊ ကိုမွန်လေး၊ ကိုထိန်းလင်း၊ မင်းသူလွင်၊ အောင်ကျော်ဖြိုး၊ ထူးဇင်လင်း၊ လှိုင်ဖြိုး၊ ကျော်ထူး၊ ဟိန်းစိုး၊ ဇင်မင်းသူ၊ စိုးသော်၊ ဦးအောင်သန်း၊ တင်ကိုကို၊ သန်းနိုင်ဦး၊ ဝင်းအောင်၊ ဇင်မင်း၊ စိုးသူ၊ ဝင်းကျော်စိုး၊ ခင်ဇော်လတ်၊ မြင့်သန်း၊ ဇော်မျိုးထက်၊ နေမျိုး၊ ထိန်လင်းအောင်၊ ပြည့်ဖြိုးအောင်၊ ထွန်းသက်ပိုင်၊ ဇေယျာကိုကို၊ သီဟဇော်၊ ငြိမ်းချမ်းအောင်၊ ကျော်စိုးနိုင်၊ အောင်ဆန်းလွင်၊ ရဲကျော်ခိုင်၊ မိုးဇော်ဦး၊ အတာဦး၊ ကောင်းမြတ်သူ၊ မျိုးမင်းအေး၊ ဟိန်းဇော်ဖြိုး၊ ကျော်ကျော်၊ ရာဇာထွန်း၊ ဝဏ္ဏလင်း၊ ဇင်ဝင်းအောင်နှင့် ဇော်ဇော်ထိုက်၊ ကော့သောင်း မြို့နယ်တရားရုံး က ထင်လင်းကျော်၊ စိုးလွင်၊ ကျော်ဇောမြင့်၊ တင်လတ်၊ ဌေးအောင်၊ ကျော်ဇင် လင်း၊ နိုင်နိုင်ကျော်၊ သက်နိုင်ဦး၊ အောင်မြတ်နိုး၊ သန်းဇော်၊ ထက်လှဇော်၊ အောင်နိုင်ဦး၊ ကိုကိုဦး၊ အောင်ကျော်မိုး၊ သားထွေး၊ သန်းစိုး၊ မအိအိဖြိုး၊ ကိုကိုလွင်၊ ဇော်ဇော်ထက်၊ ဇော်ဇော်၊ အောင်နိုင်စိုး၊ မျိုးဇော်ဦး၊ သောင်းအေး၊ သန်းဇော်ထွေး၊ သောင်းဌေး၊ အောင်သက်ပိုင်၊ ကျော်မင်းသန့်၊ ရှိုင်းထက်၊ ကျော်ထွေး၊ ဇင်ကိုလွင်၊ ဖြိုးသော်ဒွေး၊ အောင်သန်းဦး၊ စိုးလေး၊ သက်ဇော်၊ အောင်ကျော်စိုး၊ နေမျိုး၊ ကိုကိုလွင်၊ မင်းထက်၊ မျိုးသက်ထွန်း၊ ထွန်းကိုကို၊ ကျော်သူထွေးနှင့် ကျော်ကျော်ထွေး၊ ဘုတ်ပြင်းမြို့နယ် တရားရုံးက ဇင်မင်းပိုင်၊ အောင်မင်းထွေး၊အောင်အောင်ဦး၊ ထွန်းမင်းလတ်နှင့် ထွန်းထွန်းဦးတို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၈၈ အရ အလုပ်နှင့် ထောင်ဒဏ် တစ်လစီ ကျခံရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ် အမ်းမြို့နယ် တရား ရုံးက ဖေဖော်ဝါရီလ ၉ ရက်နံနက်ပိုင်းတွင် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ် -၁၉ ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာ မှုမရှိဘဲ လူစုလူဝေးဖြင့် ဆိုင်းဘုတ်များကိုင်ဆောင် လှည့်လည်ခြင်းများပြုလုပ်ခဲ့သည့် ဒေါ်လမင်းကျော်၊ မစိုးကလျာထွန်း၊ မရတနာအောင်၊ မင်းထိုက်အောင်၊ မတင်တင်ချိုထွေး၊ မျိုးအောင်ချို နှင့် မသင်းမြတ်ခိုင် (ခ) ဖြူဖွေး တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀ (က) အရ ဒဏ်ငွေကျပ် သုံးသောင်းစီ ပေးဆောင်ရန်နှင့် မပေးဆောင်နိုင်ပါက ထောင်ဒဏ် ၁၅ ရက်စီ ကျခံရန်၊ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ ဒဏ်ငွေကျပ် ငါးသောင်းစီ ပေးဆောင်ရန်နှင့် မပေး ဆောင်နိုင်ပါက ထောင်ဒဏ် ၃ လစီကျခံရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
အောင်မျိုး