Skip to main content

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများမှ နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူပိုင် အဆောက်အဦ များအား မီးရှို့ဖျက်ဆီး

နေပြည်တော် ဧပြီ ၂၈
မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများအနေဖြင့် မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများမှ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူပိုင် အဆောက်အဦ များအား မီးရှို့ဖျက်ဆီးမှုများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကွန်းတောင်ကျေးရွာရှိ ခေတ္တရုပ်သိမ်းထားသည့် လုံခြုံရေး ရဲကင်းစခန်းအား လက်နက်များ ကိုင်ဆောင်ထားသည့် ဆူပူအကြမ်းဖက်သူ များက ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ဆူပူအကြမ်းဖက်သူများမှာ ကျေးရွာမြောက်ဘက် တောအတွင်းသို့ ထွက်ပြေးသွားသည်ကို တွေ့ရှိရပြီး ရဲကင်းစခန်းဆိုင်းဘုတ်နှင့် ရဲကင်းစခန်းရုံးရှေ့ရှိ ခုံတန်းရှည်တို့အား ရိုက်ချိုး ဖျက်ဆီးသွားသည်ကို တွေ့ရှိရသည်။
အလားတူ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၈၉)ရပ်ကွက်၊ ကွမ်အင်မင်းသားကြီးလမ်းရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား အကြမ်းဖက်သူများက မီးရှို့ခဲ့သဖြင့် မီးလောင်နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးအတွင်းရှိ ပြတင်းတံခါး ၁ ချပ်၊ လျှပ်စစ်မီတာ ၁ လုံး၊ TV ၁ လုံးတို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီအရေးယူ သွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်