နေပြည်တော် ဧပြီ ၂၇
ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) ၏ (၇၇) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဧပြီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
ကျင်းပ
အစည်းအဝေးကို “Building back better from crises through regional cooperation in the Asia and the Pacific" ခေါင်းစဉ်ဖြင့် ကျင်းပသည်။
ဧပြီ ၂၆ ရက်တွင် ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနား၌ ကုလသမဂ္ဂဌာနချုပ်၊ စီးပွားရေးနှင့် လူမှုရေး ကောင်စီ (ECOSOC) နှင့် UNESCAP မှ အကြီးအကဲများက အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး အာရှ-ပစိဖိတ်ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ ခေါင်းဆောင်များ က ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ရေးအတွက် ဒေသ တွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒများ၊ အကြံပြုချက်များကို Video Message များဖြင့် ပြောကြားခဲ့ကြသည်။
ဧပြီ ၂၇ ရက်တွင် ဆက်လက်ကျင်းပသည့် အစည်းအဝေး၌ သက်ဆိုင်ရာ နိုင်ငံအလိုက် Country Statement ပြောကြားခြင်း အစီအစဉ်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ပါဝင်ပြောကြားသည်။
ထို့သို့ ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် SDGs အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ကိုဗစ်-၁၉ စီးပွားရေးထိ ခိုက်မှုကုစားရေးစီမံချက်(CERP) ချမှတ်ဆောင်ရွက်ခဲ့မှု၊ ဆက်လက်၍ မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် (MERP) ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်လုပ်ဆောင်နေမှု အခြေအနေများ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ASEAN Comprehensive Recovery Framework (ACRF) နှင့်ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက် မှု(RCEP)တို့တွင် ပါဝင်ဆောင်ရွက်နေသည့် အခြေအနေများ၊ မြန်မာ နိုင်ငံအနေဖြင့် အားလုံးပါဝင်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်စေရေးမူနှင့်အညီ နိုင်ငံအချင်းချင်း၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကတိကဝတ်များကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို အဓိက ပြောကြားသည်။
ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ကူညီထောက်ပံ့
ဆက်လက်၍ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် SDGs ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင် ရေးအတွက်သာမက အမျိုးသားအဆင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ ဖြစ်သော MSDPI CERP နှင့် MERP တို့ကို အကောင် အထည်ဖော်ရာ၌ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ကူညီထောက်ပံ့မှုသည် အရေးကြီးပါသဖြင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျားမ တန်းတူညီမျှရေးနှင့် အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့တွင် နှောင့်နှေးမှုမရှိဘဲ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ UNSCAP အဖွဲ့ဝင်နိုင်ငံများ၊ တွဲဖက်အဖွဲ့ဝင်နိုင်ငံများ၊ အလှူရှင်နိုင်ငံများနှင့် အစိုးရ မဟုတ်သော အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးကို ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဒေသတွင်းနှင့် ဒေသခွဲနိုင်ငံများအတွင်း ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်နေမှု အခြေအနေများ၊ ဖွံ့ဖြိုးမှုအနည်းဆုံး၊ ကုန်းတွင်းပိတ်ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးဆဲ ပစိဖိတ်ကျွန်း နိုင်ငံများ၏ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူမှု စီးပွား သက်ရောက်မှုများအပေါ် တုံ့ပြန်ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ အာရှ-ပစိဖိတ် ဒေသတွင်း ၂၀၃၀ အာဂျင်ဒါ အကောင်အထည်ဖော်မှု အခြေအနေများနှင့် UNESCAP မှ အဖွဲ့ဝင် နိုင်ငံများသို့ ပံ့ပိုးပေးလျက်ရှိသည့် ဦးစားပေးကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်သည်။
ပံ့ပိုးပေးလျက်ရှိ UNESCAP သည် အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းဆောင် ရည်မြှင့်တင်ရေးအတွက် မေခရိုစီးပွားရေးမူဝါဒနှင့် ဘဏ္ဍာရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် တီထွင်ဖန်တီးမှု၊ ပို့ဆောင်ရေး၊ စာရင်းအင်း၊ လူမှုရေးဖွံ့ဖြိုး တိုးတက်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ သတင်းအချက်အလက်နည်းပညာနှင့် သဘာဝဘေး အန္တရာယ်လျော့ပါး ရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် နည်းပညာအကူအညီများ ပံ့ပိုးပေးလျက်ရှိသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဧပြီ ၁၉ ရက်တွင် UNESCAP ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး နှစ်စဉ် ကျင်းပသည့် UNESCAP ၏ နှစ်ပတ်လည်အစည်း အဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်