နေပြည်တော် ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာ ပင်တိုက်နယ် ဆေးရုံ၊ ညောင်ရမ်း တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့ နယ် ပင်းတလဲတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်း တိုက်နယ် ဆေးရုံ၊ မတ္တရာပြည်သူ့ ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ် မြို့နယ် ယင်းတော်တိုက်နယ် ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံ၊ တောင်သာမြို့နယ် ဝဲလောင် တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့ နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ် ဆေးရုံနှင့် လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများ နှင့် လူနာရှင်များက အကူအညီ တောင်းခံမှုကြောင့် တပ်မတော် မှ ဆေးကုသရေး အဖွဲ့များ အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံ ပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုးအကြော ရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိ ရောဂါ၊နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများကို ဆက်လက်ဆောင် ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင် ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်နေမှုများကိုတိုင်းစစ်ဌာနချုပ် အသီးသီးရှိ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေးထားမှု အခြေအနေ များ၊ ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအ နေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေး စကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်ကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။ ထိုသို့ ကျန်းမာရေးစောင့် ရှောက်မှုအပေါ် ဒေသခံ ပြည်သူ များအနေဖြင့် အထူးပင်ကျေးဇူး တင် ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်