Skip to main content

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်ရန်အတွက် မြန်မာအားကစားအဖွဲ့များ လေ့ကျင့်နေမှု ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဧပြီ ၂၄

 

ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစား အဖွဲ့များ အောင်မြင်မှုရရှိစေရေးအတွက် ရန်ကုန်မြို့ နှင့် နေပြည်တော် တို့၌ စခန်းသွင်းလေ့ကျင့်လျက် ရှိသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက် ၈ နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားလေ့ကျင့်ရေးကွင်း(၁) တွင် လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ် အားကစား သမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများ စံချိန် စံညွှန်းကောင်းမွန်ရေးနှင့် နည်းပြအုပ်ချုပ်သူများ လူရွေးချယ်ကိစ္စများနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ပီတန်း အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း၊ နေပြည်တော်အားကစား လေ့ကျင့် ရေးစခန်း Fitness Center Gym ခန်းမ၌ မြန်မာ အားကစားအဖွဲ့များဖြစ်ကြသော ဝူရှူး၊ ဂျူဒို၊ တိုက် ကွမ်ဒို၊ မြားပစ်၊ ဗိုဗီနမ် အားကစားအဖွဲ့များ၏ (Physical Training) wagocşaqsaozos လေ့ကျင့်နေမှု များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အလေးမအားကစားရုံတွင် လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်အလေးမလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ဘော်လီဘောအားကစားသမားများ လေ့ကျင့်နေမှု များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အားကစား သမားများ ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိပြီး နိုင်ငံ့ဂုဏ် ဆောင်နိုင်ရေးအတွက် စိတ်ဓာတ်မြှင့်တင်အားပေး ကာ အားကစားသမားများ လေ့ကျင့်ရန်လိုအပ်လျက် ရှိသော လေ့ကျင့်ရေး အထောက်အကူပစ္စည်းများ၊ အခြားကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် အားကစားကွင်းနှင့် ရုံးတည် ဆောက်နေမှုလုပ် ငန်းများကို လည်းကောင်း၊ လယ်ဝေးမြို့နယ်အားကစားကွင်း စိမ်းလန်းစိုပြည် ရေးနှင့် တည်ဆောက်မှု လုပ်ငန်းများကို လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် ဘောလုံးအားကစား ကွင်းနှင့် ရုံးတည်ဆောက်နေမှု လုပ်ငန်းများကို လည်းကောင်း၊ ပျဉ်းမနားမြို့နယ် ဘောဂသီရိ ဘောလုံးအားကစားကွင်းတည် ဆောက်နေမှု လုပ်ငန်း များကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ စားရိပ်သာ၌ မြန်မာ့လက် ရွေးစင်အားကစားသမားများ နေ့လယ်စာ စားသုံးနေမှုများကို ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ ကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

| သတင်းစဉ်