နေပြည်တော် ဧပြီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့ရှိ တပ်မတော်ဆေးရုံ၊ ကရင် ပြည်နယ် ဘားအံမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ တို့၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူ များအား ဧပြီ ၂၃ ရက်နှင့် ယနေ့ တို့တွင် သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှုများ၊ ဆေးကုသပေးထား မှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို မေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများ အတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်