နေပြည်တော် ဧပြီ ၂၄
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စားသောက်ကုန်ထုတ် လုပ်သည့် လုပ်ငန်းရှင်များနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန ရန်ကုန်တိုင်း ဒေသကြီးရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံညှိနှိုင်းအစည်းအဝေး သို့ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဝင် များ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်း ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း အသင်း ချုပ်မှ အထွေထွေအတွင်းရေး မှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန်များမှ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ကုန်သွယ်မှုနှင့်ကုန် စည်စီးဆင်းမှုများ မှန်ကန်မြန် ဆန်စေရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း -ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်း “ဝန် ဦးမင်းမင်း၊ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရတို့က အချိုရည်မျိုးစုံ၊ -ကော်ဖီမစ်/တီးမစ်မျိုးစုံ၊ အသင့်ဖျော်ကော်ဖီမှုန့် (Instant Coffee)၊ နို့ဆီ၊ နို့စိမ်းတို့အား နယ်စပ်ဒေသများ/နယ်စပ်လမ်း ကြောင်းများမှ တင်သွင်းခြင်းကို ယာယီအားဖြင့် ခွင့်မပြုသည့် ကိစ္စ၊ တရားမဝင်ကုန်သွယ်မှု များ တားဆီးထိန်းချုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြ သူများက သိလိုသည်များကို ပြန်လည်မေးမြန်းကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန် ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ တာဝန် ရှိသူများ၊ နိုင်ငံတော်ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူ များနှင့်တွေ့ဆုံရာ ဘဏ်လုပ်ငန်း ပိုင်းဆိုင်ရာ တွေ့ကြုံနေရမှု အခြေ အနေများနှင့် စပ်လျဉ်း၍ နိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ များ၊ ပုဂ္ဂလိကဘဏ်များမှ တာဝန် ရှိသူများက ရှင်းလင်းပြောကြား ပြီး လုပ်ခလစာထုတ်ပေးမှု အခြေ အနေများနှင့် စပ်လျဉ်း၍ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်း မှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ၊ ဘဏ်လုပ်ငန်း | ဆိုင်ရာ OSS Bank အဖွဲ့တို့ကဆောင်ရွက်ပေးနေမှု အခြေအနေ များကို ရှင်းလင်းပြောကြားကြသည်။
သတင်းစဉ်