ယမန်နေ့မှအဆက်
မေး။ ။ တစ်ပတ်တစ်ခါ မြန်မာနိုင်ငံအတွင်း မှာ သေဆုံးသူအရေအတွက်တွေကို ကိန်းဂဏန်းအမျိုးမျိုး ဖော်ပြရေးသားနေကြပါ တယ်။ နောက်ဆုံးရရှိတဲ့ အရေအတွက်အရဆိုရင် ၇၄၁ ဦးဖြစ်ပြီး ကလေးသူငယ် ၅ ဦး ပါဝင်တယ်လို့ ကြားသိရပါတယ်။ ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက် ပြီး ဘယ်လိုများမှတ်ချက်ပေးလိုပါသလဲ။ အစိုးရ တာဝန်ရှိသူ တစ်ဦးအနေနဲ့ ဒီလိုကိန်းဂဏန်းတွေကို လက်ခံနိုင်ပါသလား။
ဖြေ။ ။ ဆန္ဒပြသူတွေအနေနဲ့ အကြမ်းဖက် သောင်းကျန်းမှုအဆင့်သို့ ကူးပြောင်း လာပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာလည်း မိမိကိုယ်ကို ခုခံကာကွယ် ဖို့နဲ့ အများပြည်သူကိုကာကွယ်ဖို့ ဒီအကြမ်းဖက် ဆူပူမှုတွေကို ဖြိုခွင်းရာမှာ လက်နက်တွေကို မဖြစ် မနေ အသုံးပြုလာခဲ့ရပါတယ်။ ဒီအတွက်ကြောင့် လည်း သေကျေဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ တရားဝင်သေဆုံးသူ အရေအတွက်ကို ထုတ်ဖော်ပြောကြားပေးပါ့မယ်။ ယနေ့အထိ သေဆုံးခဲ့ရသူ စုစုပေါင်း ၂၅၈ ဦး ရှိပြီဖြစ်ပါတယ်။ ၎င်းတို့အနက်မှ ၂၄ဝ ဟာ ကိုယ်စီလက်နက်စွဲကိုင် တိုက်ခိုက်လာခဲ့တဲ့အတွက် တန်ပြန်ပစ်ခတ်ဖြိုခွင်း ရာမှာ သေဆုံးခဲ့ရသူများဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ တခြားဘယ်သူမှထုတ်ဖော် ပြောကြားခြင်းမရှိဘဲ နှုတ်ပိတ်နေကြတဲ့ ကိန်း ဂဏန်းတွေကိုလည်း တစ်ဆက်တည်း ထုတ်ဖော် ပြောကြားလိုပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့အတွင်း ရဲစခန်း ၆၃ ခု၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၆၂ရုံး၊ရုံးဌာန ၅၂ရုံးလမ်းတံတား ၁၆ ခု၊ ဘဏ် ၁၃ ခု၊ စာသင်ကျောင်းနဲ့ အခြား အဆောက်အဦနေရာ ၁၀၅ ခုကို ဆန္ဒပြအကြမ်းဖက် သောင်းကျန်းသူများက တိုက်ခိုက်ဖျက်ဆီးခဲ့ကြ ပါတယ်။ ၎င်းတို့အနေနဲ့ မီးပုလင်းတွေ၊ လက်လုပ် ဗုံးတွေ၊ လက်လုပ်မိုင်းတွေကို အသုံးပြုခဲ့ကြပါတယ်။ စက်ရုံ ၁၃ ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ဒီလူတွေက လူလည်းသတ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့အထိ အပြစ်မဲ့ ပြည်သူ ၁၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး အယောက် ၃၀ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ ကြည့်မယ်ဆိုရင် တပ်မတော် သား ၇ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၇ ဦး သတ်ဖြတ်ခံခဲ့ ရပါတယ်။ တပ်မတော်သား ၄၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂၅၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
မေး။ ။ ဒီအကြမ်းဖက် ဆန္ဒပြသူတွေက လက်နက်တွေ ဒီလောက်အများအပြား ဘယ်ကနေ ရပါသလဲ။
ဖြေ။ ။ လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့ အစည်းတွေအနေနဲ့ကတော့အနောက် နိုင်ငံတွေရဲ့ ကူညီထောက်ပံ့မှုတွေကို ရယူနေတာ ကြာပြီဖြစ်ပါတယ်။ ဒီနယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး တောလမ်းတွေကနေတစ်ဆင့် ရယူ ကြတာဖြစ်ပါတယ်။ သူတို့တွေကတော့ လက်နက် ကိုင်တပ်ဖွဲ့တွေ ရှိပြီးဖြစ်ပါတယ်။ သူတို့တွေဆီက နေတစ်ဆင့် တချို့သောလက်နက်တွေက အကြမ်း ဖက်ဆန္ဒပြသူတွေက ရယူကြပါတယ်။ ကျန်တဲ့ လက်လုပ်ဗုံးတွေ၊ လက်လုပ်သေနတ်တွေ ပြုလုပ် နည်းတွေကတော့ အင်တာနက်ပေါ်မှာ ရှိနေတာ ဖြစ်တဲ့အတွက် ဒီကနေကြည့်ပြီး လုပ်ကြတာပဲ ဖြစ်ပါတယ်။ တကယ်မေးခွန်းထုတ်ရမှာက ဒီလို လက်နက်တွေရယူဖို့၊ ပြုလုပ်ဖို့ လိုအပ်တဲ့ ပိုက်ဆံ တွေကို ဘယ်ကရသလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒီပိုက်ဆံတွေကတော့ Soros Foundation ကနေ တစ်ဆင့် ရရှိခဲ့ကြတာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းပိုင် နိုင်ငံခြားငွေအများအပြားဟာ ကျွန်တော်တို့ နိုင်ငံ ထဲက ဘဏ်တွေမှာ လူမှုကူညီရေးခေါင်းစဉ်နဲ့ ရောက်ရှိနေတာတွေရှိပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ဖေဖော်ဝါရီလဆန်းပိုင်းမှာ တစ်စုံတစ်ဦးက ဒီဘဏ်ထဲမှာရှိနေတဲ့ ငွေပမာဏ အများအပြားကို ထုတ်ယူသွားတာပဲ ဖြစ်ပါတယ်။ ဘယ်ရည်ရွယ်ချက်နဲ့ ထုတ်ယူတယ်ဆိုတာ မသိရ ပါဘူး။ ဒီငွေတွေ ဘယ်ရောက်နေလဲ မသိရပါဘူး။
ကျွန်တော်တို့ရဲ့ လေ့လာသုံးသပ်ချက်တွေအရ တော့ ဒီငွေတွေနဲ့ပဲ အကြမ်းဖက်သူတွေအနေနဲ့ လက်နက်တွေ ဖောက်ခွဲရေးပစ္စည်းတွေ ဝယ်ယူ ခဲ့ကြတာ ဖြစ် နိုင်ပါတယ်။ ဒီဘဏ်စာရင်းထဲမှာ ရှိနေတာအမေရိကန်ဒေါ်လာ ၅ သန်းပါ။ ဒီအထဲက ၁ဒသမ ၅သန်းခန့်ကို ဖေဖော်ဝါရီလ ၈ရက်နေ့က ဒီ Foundation ရဲ့ ဌာနေကိုယ်စားလှယ်တစ်ဦးက မြန်မာကျပ်ငွေဖြင့် ထုတ်ယူသွားခဲ့ပါတယ်။ ဒီငွေသားပမာဏဟာ လွန်စွာကြီးမား တဲ့ ပမာဏ တစ်ခုဖြစ်ပါတယ်။ ကျန်တဲ့ ၃ ဒသမ ၅ သန်းကျော် ကဘဏ်စာရင်းထဲမှာဆက်လက်ရှိနေပြီးတော့ မိမိတို့အနေနဲ့ ထိန်းချုပ်ထားနိုင်ပြီးဖြစ်ပါတယ်။ သို့ပေမယ့်လည်း၁ ဒသမ၅ သန်းကတော့ ထုတ်ယူ သွားနိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့သိတဲ့ အရင်းအမြစ်တစ်ခုပဲ ရှိပါသေးတယ်။ တခြားအရင်း အမြစ်တွေလည်း ရှိနေနိုင်ပါသေးတယ်။ ကျွန်တော် တို့ နိုင်ငံအတွင်းမှာပဲ ဖြစ်နိုင်သလို အိမ်နီးနားချင်း နိုင်ငံတွေကနေတစ်ဆင့် ထောက်ပံ့နေတာလည်း ဖြစ်နိုင်ပါတယ်။
မေး။ ။ ဗိုလ်ချုပ်ရဲ့ အမြင်အရဆိုရင် ဒီဆန္ဒပြမှု တွေဟာ ဘယ်လောက်ထိ ကြာမြင့် ဦးမယ်လို့ ထင်ပါသလဲ။ အရေးပေါ်အခြေအနေ သတ်မှတ်ချက်ကရော ဘယ်အချိန်ထိ ဖြစ်နိုင်ပါ သလဲ။
ဖြေ။ ။ ကျွန်တော်တစ်ခု ထပ်ပြောချင်တာက ကျွန်တော်တို့ နိုင်ငံအတွင်းမှာ စစ်အာဏာသိမ်းမှုဆိုတာ မဖြစ်ခဲ့ပါဘူး။ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းပဲ အကုန်လုံးကို တရားနည်းလမ်းနဲ့ ဆောင်ရွက်နေ တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ဒီလိုအရေးပေါ်အခြေအနေ ကြေညာခြင်းနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေဟာ လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရေးသား ဖော်ပြထားပြီးသားပဲ ဖြစ်ပါတယ်။ နိုင်ငံကို အရေး ပေါ် အခြေအနေကာလအားဖြင့် ၁ နှစ် ကြေညာ ထားပါတယ်။ လိုအပ်ချက်အရ၂ နှစ်အထိသက်တမ်း တိုးမြှင့်ကြေညာနိုင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော် တို့အနေနဲ့ ၂ နှစ်တာကာလအတွင်းမှာ တရားမျှတ သောရွေးကောက်ပွဲသစ် ပြန်လည်ကျင် ပေမယ်ဆိုတဲ့အကြောင်းကို ကမ္ဘာကို တရားဝင် ထုတ်ဖော်ပြောကြားထားပြီးလည်း ဖြစ်ပါတယ်။
မေး။ ။ ဒီရွေးကောက်ပွဲမှာ ဘယ်သူတွေ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ပါသလဲ။
ဖြေ။ ။ ယနေ့အချိန်ထိ ကျွန်တော်တို့နိုင်ငံမှာ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ နိုင်ငံရေးပါတီပေါင်း ၃ ပါတီ တရားဝင်မှတ်ပုံတင် ထားပါတယ်။ အနောက်နိုင်ငံတွေ ပြောနေသလို ဆိုရင် ကျွန်တော်တို့နိုင်ငံမှာက နိုင်ငံရေးပါတီ ၂ခု တည်းရှိသလိုတောင် ဖြစ်နေပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကိုပဲ လူသိများကြပါတယ်။ တကယ်သာ ပြည်သူတစ်ရပ်လုံး တိုင်းရင်းသား လူမျိုးစုအားလုံး အနေနဲ့ ဒီပါတီတွေကိုပဲ ထောက်ခံ အားပေးနေတာမှန်တယ်ဆိုရင် တခြားသော နိုင်ငံ ရေးပါတီတွေ ပေါ်ပေါက်လာစရာအကြောင်း ရှိ ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိ တရားဝင် နိုင်ငံရေးပါတီပေါင်း ၃ ပါတီရှိပါတယ်။၂၀၂၀ ပြည့် နှစ် နိုဝင်ဘာလရွေးကောက်ပွဲမှာ ဒီ ၉၃ ပါတီထဲက နိုင်ငံရေးပါတီပေါင်း ၈၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ပါတယ်။ ကမ္ဘာမှာ တရားဝင်နိုင်ငံရေးပါတီ ၁၀၀ ခန့်ရှိတဲ့ နိုင်ငံဆိုတာ အတော်ရှားပါတယ်။
ကျွန်တော်တို့အကြောင်းကို စစ်အာဏာသိမ်း လိုက်တယ်ပဲ ပြောပြောနေကြပါတယ်။ ယနေ့ထိ အဲ့ဒီ နိုင်ငံရေးပါတီ ဘု ခုလုံး ရပ်တည်နေပါတယ်။ ရှင်သန်နေပါတယ်။ ဆက်လက်ရှိနေဦးမှာပါ။ ဒီအခြေအနေကိုမှ ပါတီစုံဒီမိုကရေစီ စနစ်လို့ မခေါ် ရင် ဘယ်အရာကို ခေါ်ချင်ပါသလဲ။ ကျွန်တော်တို့ ဆီမှာ တကယ်ပါတီတွေ စုံလင်စွာရှိပါတယ်။ ဒီအရာ သည်ပင်လျှင် တပ်မတော်အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လမ်းနေတယ်ဆိုတာရဲ့ လက်တွေ့ သက်သေပြချက်ပဲ ဖြစ်ပါတယ်။ မေးသွား တဲ့မေးခွန်းကို ဖြေကြားရမယ်ဆိုရင်တော့ ဒီ၉၃ ခု သော ပါတီတွေထဲက တရားဥပဒေ စည်းမျဉ်း စည်းကမ်းများအတိုင်း တရာဆင်ယော်ပုံတင်ထားပြီး ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများ သည် ပြဋ္ဌာန်း ဥပဒေများနဲ့ ဆန့်ကျင်မှုရှိပါက မည်သည့်ပါတီမဆို လာမယ့်ရွေးကောက်ပွဲအသစ်မှာ ပါဝင်ယှဉ်ပြိုင် နိုင်မှာပဲ ဖြစ်ပါတယ်။
မေး။ ။ အမျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်လည်း ဒီအတိုင်းဆို ပါဝင်လာနိုင်တယ်လို့ နားလည်ပါတယ်။ ဟုတ်ပါသလား။
ဖြေ။ ။ ကျွန်တော် ဖြေကြားခဲ့သလိုပါပဲ။ သက်ဆိုင်ရာနိုင်ငံရေးပါတီရဲ့ လုပ်ကိုင် ဆောင်ရွက်နေမှုတွေဟာ တည်ဆဲတရာဥပဒေ တွေနဲ့ ကိုက်ညီနေမယ်ဆိုရင် ပါဝင်နိုင်ပါတယ်။ ယနေ့ လတ်တလောအနေအထားမှာတော့ NLD ပါတီအနေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင် တရား ဥပဒေနဲ့ငြိစွန်းတဲ့ကိစ္စရပ်တွေကို လုပ်ကိုင်နေကြပြီး တရားဥပဒေဘောင် ပြင်ပရောက်ရှိနေတဲ့အတွက် ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတစ်ခုအတွက် တရား မဝင်စင်ပြိုင်အစိုးရဖွဲ့စည်းတယ်ဆိုတာ ကြီးလေးတဲ့ ပြစ်မှုကြီးတစ်ခုဖြစ် ပါတယ်။ ဒါပေမယ့် အချိန်တွေ ရှိပါသေးတယ်။ အချိန်က စကားပြောသွားပါလိမ့် မယ်။ သူတို့အနေနဲ့ အမြင်မှန်ရလာပြီး တရားဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လာမယ်ဆိုရင် တော့ လာမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင် လို့ရမှာ ဖြစ်ပါတယ်။
မေး။ ။ နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ဆိုရင် နေအိမ်အကျယ်ချုပ် နဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ ၃ လ ပြည့်တော့ မှာဖြစ်ပါတယ်။ တရားရင်ဆိုင်နေရတယ်လို့လည်း သိရှိရပါတယ်။ သူ့ကို ဘယ်လိုအခြေအနေ တွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါသလဲ။ တကယ်ပဲ သူ့ရဲ့ နေအိမ်မှာပဲ ထိန်းသိမ်းထားတာဟုတ်ပါသလား။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်း ပေးပါသလား။ ယခု လက်ရှိဖြစ်ပေါ်နေတဲ့ ဆူပူ အကြမ်းဖက်မှုတွေမှာ သူ့အနေနဲ့ ပါဝင်ပတ်သက် နေတယ်လို့ သံသယရှိပါသလား။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ နေအိမ်မှာပဲ နေအိမ်အကျယ်ချုပ် နည်းလမ်းအတိုင်း ထိန်းသိမ်းထားတာဖြစ်ပါတယ်။ နေအိမ်အကျယ်ချုပ်ကျခံသူတစ်ဦး ရသင့်ရထိုက်တဲ့ အခွင့်အရေးအားလုံးကို သူ့အနေနဲ့ ရရှိမှာဖြစ်ပါ တယ်။ ကျန်းမာရေးလည်း ကောင်းမွန်လျက်ရှိပါ တယ်။ ပုဂ္ဂိုလ်ရေးလိုအပ်ချက် တွေကိုလည်း ဖြည့်ဆည်းပေးထားပါတယ်။ ဒီအကြောင်းအရာတွေ ကိုလည်း သူ့ရဲ့ ရှေ့နေနဲ့ Video Call ပြောတဲ့အချိန်မှာ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ရှေ့နေကိုယ်တိုင် ဒီအရာအားလုံးကို တွေ့မြင်ခဲ့ရပြီးဖြစ်ပါ တယ်။ သူ၏ကျန်းမာရေးကောင်းမွန်ကြောင်းကို အတည် ပြု ပေးနိုင်ပါလိမ့်မယ်။ တရားစွဲဆိုထားမှုနဲ့ ပတ်သက်လို့က တော့ ယခင်က သိရှိပြီးဖြစ်ကြတဲ့ ပုဒ်မ ၆ ခုပဲရှိပါတယ်။ ထပ်မံပြီး သူ့ရဲ့ လာဘ်ပေး လာဘ်ယူမှုတွေနဲ့ ပတ်သက်ပြီးတော့ သက်သေ အထောက်အထားခိုင်လုံစွာဖြင့် စစ်ဆေးတွေ့ရှိထား တာတွေရှိပါ တယ်။ ပမာဏအား ဖြင့် များပါတယ်။ ပေးအပ်သူများကိုယ်တိုင်လည်း သက်သေထွက်ဆို ချက်တွေ ထွက်ဆိုထားပြီး ဖြစ်ပါတယ်။ တရားစွဲဆို တဲ့ အဆင့်အထိတော့ မရောက်သေးပါဘူး။ ဆက်လက်စုံစမ်းစစ်ဆေး ဆဲဖြစ်ပါတယ်။ အကြမ်း ဖက်မှုတွေနဲ့ ပတ်သက်ပြီး နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့အတွက် သူ့အနေနဲ့ တိုက်ရိုက် ဆက်သွယ်ညွှန်ကြားနိုင်ခြင်းတော့ မရှိနိုင်ပါဘူး။ ယခင်ကကြိုတင်စီမံခဲ့တာတွေတော့ ရှိကောင်းရှိနိုင် ပါလိမ့်မယ်။
ဒီလို စီမံခဲ့တာ ရှိ/မရှိဆိုတာကတော့ သက်သေအထောက်အထားရှိမှပဲ ပြောနိုင်မှာ ဖြစ်ပါတယ်။ သက်သေအထောက်အထားမရှိဘဲနဲ့ ကျွန်တော်တို့အနေနဲ့ တစ်စုံတစ်ရာ စွပ်စွဲအပြစ်တင် သွားမှာ မဟုတ်ပါဘူး။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ရှေ့နေနဲ့ လူကိုယ်တိုင်တွေ့ဆုံဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒီလို အခွင့် အရေးမျိုး သူ့အနေနဲ့ ရနိုင်ပါသလား။
ဖြေ။ ။ လက်ရှိအခြေအနေမှာတော့ဒီလိုအခွင့် အရေးမျိုးပေးဖို့ ဆုံးဖြတ်သွားမှာ မဟုတ်သေးပါဘူး။ ဒီလိုမဆုံးဖြတ်ရတဲ့အကြောင်း အရင်းထဲမှာ ကူးစက်ရောဂါကြောင့်လည်း တစ်စိတ် တစ်ပိုင်းပါဝင်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ကျန်းမာရေး ဟာ ကျွန်တော်တို့ရဲ့ တာဝန်ယူမှုအောက်မှာ ဖြစ်ပါ တယ်။ ဒါကြောင့် ကူးစက်ရောဂါ ရှိ/မရှိ ဆိုတာ အပြည့်အဝအာမခံမပေးနိုင်တဲ့အပြင် လူတွေနဲ့ သူ့ကို တွေ့ဆုံပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အလွန် အန္တရာယ်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ့ကျန်းမာရေးကို အထူးဂရုပြုစောင့်ရှောက်ထား ရှိပါတယ်။ နောက်ထပ်အချက်တစ်ချက်ကတော့ ကျွန်တော်တို့ရရှိထားတဲ့ ခိုင်မာတဲ့သတင်းတချို့ အရ ဆူပူ ဆန္ဒပြမှုတွေကို ဦးဆောင်လှုပ်ရှားနေတဲ့ ခေါင်းဆောင်အချို့ဟာ သူ့ရဲ့ ရှေ့နေကနေတစ်ဆင့် သူ့ထံဆက်သွယ်ရန် အစီအစဉ်ရှိတယ် ဆိုတဲ့သတင်း ဖြစ်ပါတယ်။ တရားရုံးမှာ တရားရင်ဆိုင်တာနဲ့ ပတ်သက်ပြီးသူ့အ နေနဲ့ကိုယ်တိုင်လာ ရောက်ဖို့ရော၊ ရှေ့နေအနေနဲ့ နေအိမ်ကို သွားရောက်တွေ့ဆုံဖို့ပါ လိုအပ်ချက်လုံးဝမရှိသေး ပါဘူး။ ရှေ့နေအနေနဲ့ ဒီလိုတောင်းဆိုလာတယ်ဆိုတာရဲ့ နောက်ကွယ်မှာ အခြားအကြောင်းအရာတွေ ရှိနေနိုင်ပါတယ်။ သူတို့ အနေနဲ့ တရားမဝင်ဆက်သွယ်မှုများ ဆောင်ရွက်ပြီး ညွှန်ကြားချက်တောင်းခံတာမျိုးတွေ ဆောင်ရွက် လာနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားလုံခြုံရေး အကြောင်းပြချက်အရ တွေ့ဆုံမှုကို ခွင့်ပြုပေးဖို့ မဖြစ်နိုင်သေးပါဘူး။