နေပြည်တော် ဧပြီ ၂၄
အကြမ်းဖက်သူများ အနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အအုံ များ၊ အေးချမ်းစွာနေထိုင်ကြသော ပြည်သူလူထု၏ နေအိမ်များအား မီးပုလင်းဖြင့် ပစ်ပေါက်မီးရှို့ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှား နေသော လမ်းမကြီးများ ပေါ်တွင် ကားတာယာများအား စုပုံမီးရှို့ ခြင်းများကို အဆင်အခြင်မဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်ရာတွင် ဧပြီ ၂၃ ရက် နံနက် ၃ နာရီ မိနစ် ၂၀ တွင် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့ အမှတ်(၁)ရပ်ကွက်နေ ဦးထွေးနိုင် (၃၄) နှစ် (ဘ) ဦးတင် ထွေး ပိုင်ဆိုင်သော Happy Life စားသောက်ဆိုင်အား အကြမ်းဖက် သူများက ဆိုင်ကယ်သုံးစီးခန့်ဖြင့် ရောက်ရှိလာပြီး မီးပုလင်းများဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ မီးပုလင်းများမှ စားသောက်ဆိုင် အမိုးပေါ် ကျရောက်ပေါက်ကွဲ မီးလောင်ခဲ့သဖြင့် စားသောက် ဆိုင်၏ အမိုးအနည်းငယ် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ သိရသည်။ အလားတူ ဧပြီ ၂၄ရက် နံနက် -၄ နာရီ မိနစ် ၄၀ တွင် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ တောင်ပိုင်း ရပ်ကွက် ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား အကြမ်းဖက်သူ များက ဒီဇယ်မီးတုတ် နှစ်ချောင်း ဖြင့် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေး ခဲ့ရာ အကြမ်းဖက် သူများအား မတွေ့ရှိရဘဲ အကြမ်းဖက် သူများ မီးရှို့ ဖျက်ဆီးခဲ့မှု ကြောင့် ရုံးတံခါးမှန် လေးချပ်၊ ရုံးခန်းအတွင်း ဝိုင်ယာရှော့ ဖြစ်ကာ မီးသီးနှစ်လုံး၊ ပန်ကာ တစ်လုံး၊ မီးချောင်းတစ်ချောင်း တို့ ပျက်စီးနေသည်ကို တွေ့ရှိ ရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီခွဲ တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ကောင်းမတံရပ်ကွက်ရှိ တရုတ်-မြန်မာ ဝင်/ထွက်ပေါက် နန်းတော်ရှေ့ ဂိတ်ပေါက်တံခါး အနီး လမ်းမပေါ်၌ ပြည်ထောင်စု လမ်းမကြီးအတိုင်း အကြမ်းဖက် သူ အမျိုးသား လေးဦး မောင်းနှင် လာသည့် 6P-7754 Hijet အဖြူ ရောင်ယာဉ် ရောက်ရှိလာပြီး ကား တာယာ ရှစ်လုံးအား မီးရှို့ကာ မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်မီးငြိမ်းသတ် ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှု ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိ ကြောင်း သိရသည်။
အထက်ပါကဲ့သို့ အကြမ်းဖက် ၊ ဖျက်ဆီးမှု လုပ်ရပ်များအား ကျူးလွန်ခဲ့သူများအား စုံစမ်း ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်