Skip to main content

မြို့နယ်အချို့၌ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင်အသုံးပြုမည့်လက်နက်၊ပစ္စည်း၊ကိရိယာများအားလက်ဝယ်ထားရှိသူများနှင့်အတူဆက်လက်ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ ဧပြီ - ၂၄

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအားပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီး လျက်ရှိပါသည်။

 

ဧပြီလ ၂၃ ရက်တွင် ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်၊ မြို့ပတ်()လမ်း၊ အိမ်အမှတ်(၁၄/၇၈) ကျော်မင်းသူ()ဦးကျော်စိန်အား ဂျင်ကလိ ၁၃ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ မိုးကုတ်မြို့၊ ရွှေကူ(၁၉)ရပ်ကွက်၌ ဆူပူအကြမ်းဖက်မှု တွင်ပါဝင်သည့် ဦးလှိုင်()ဦးသောင်းနှင့် သက်ဝေလွင်()ဦးဌေးလွင်တို့ ဦးအား ၎င်းတို့၏ နေအိမ်များ၌ လည်းကောင်း၊ မွန်းလွဲ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်()ရပ်ကွက်နေ ကျော်စိန်()ကျော်ကျော်လွင်(၄၉)နှစ် () ဦးမောင်ဝင်း၏နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ကျော်စိန်() ကျော်ကျော်လွင်အားဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ကော်ပိုက်ဖြင့်ပြုလုပ် ထားသည့် လက်လုပ်သေနတ်ကိုယ်ထည်၃ခု၊လက်လုပ်လေအိုး၂လုံး၊စတီးပိုက်မျိုးစုံ၄ချောင်း၊ဟော်လိုပိုက်၃ချောင်း၊ သံပိုက်၂ချောင်း၊ ကော်ပိုက်အတို၆ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 

အလားတူ မွန်းလွဲ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ အောင်ချမ်းသာရပ်ကွက်နေ ဦးရာ (စိစစ်ဆဲ)၏နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ဦးရာအား နေအိမ်တွင်မတွေ့ရှိဘဲ၎င်း နေအိမ်အတွင်းမှဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ဂျင်ကလိ၃၀ချောင်း၊လက်လုပ်မိုင်း၆လုံး၊ ကျည်ကာ အင်္ကျီ၂ထည်၊ ဖိုက်ဘာ ဦးထုပ်၅လုံး၊ ခမောက်၁၅လုံး၊မျက်နှာဖုံးစွပ်၂ခု၊CRPHစာတမ်းပါဆိုင်း ဘုတ်၂၀ခု၊နိုင်ငံတော် ဆန့်ကျင်ရေး စာသားပါကဒ်၅၀ခု၊ဆေးဗူး ၂၅ဗူး၊ ဓာတ်ငွေ့ကာ စုံနှင့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

 

အလားတူမွန်းလွဲ နာရီ ၅၀ မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်၊ ၅၄လမ်းနှင့် ၂၈ လမ်းထောင့်အနီးလူနေထိုင်ခြင်း မရှိသောခြံဝင်းအား သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာအဆိုပါခြံဝင်းအတွင်းမှ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင်အသုံးပြုသည့် ဒိုင်း ၂၅ ခု၊ ဂျင်ကလိ ၂၅ ချောင်း၊ လေးခွ လက်နှင့် မီးစာတပ်ဆင်ထားသည့် ဓာတ်ဆီပုလင်း ၂၄ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

 

အလားတူ ညနေ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး မိုးကောင်း-ချောင်းစောင့်လမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ချောင်းစောင့်ကျေးရွာဘက်မှ သိမ်ဆိပ်ကျေးရွာဘက်သို့ သိမ်ဆိပ်ရပ်ကွက်နေ ရဲထက်အောင် (၂၁)နှစ် ()ဦးစန်းဝေ မောင်းနှင်ပြီး တိုးဝင်းအောင် (၁၉)နှစ် ()ဦးမင်းမြတ်ခိုင် လိုက်ပါစီးနင်းလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ တိုးဝင်းအောင် လွယ်ထားသော ကျောပိုးအိတ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပုလင်းမိုင်း လုံး၊ မီတာခွက် လုံး၊ Panasonic(Hi Top)9V ဓာတ်ခဲ ၁၀ လုံး၊ စံချိန်ကိုက်နာရီ Relay တပ်ဆင်ပြီး လုံး၊ ဝါယာကြိုး နီ/စိမ်း ခွေ၊ Relay အချိန်ထိန်းကိရိယာ ခု၊ ပရက်စစ်တာ ကြီး/သေး ၇၄ ခု၊ ကွန်ပရက်ဆာ ခု၊ ဂျင်ကလိ ခု၊ မိုင်းတပ်ဆင်ပုံစာရွက် ရွက်၊ ခဲဂေါက် ခု၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

  အလားတူညနေ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၃လမ်း၊၂၈လမ်းနှင့်၂၉လမ်းကြားရှိမအိစတိုးဆိုင်အား သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာဆိုင်ရှင် အားမတွေ့ရှိရဘဲအဆိုပါစတိုးဆိုင်အတွင်းမှဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ဦးထုပ်မျိုးစုံ၁၃၃လုံး၊ လက်ထိပ်မျိုးစုံ၂၆၂ခု၊ ရာဘာတုတ်မျိုးစုံ၂၀၁ချောင်း၊ နှာခေါင်းအုပ်မျက်နှာဖုံး၉၂ခု၊နှာခေါင်းစွပ်မျက်မှန် ၁၆ခု၊မျက်မှန်အကြည်၂၁၁ခု၊PPEဝတ်စုံ၁စုံ၊ BAT တံဆိပ်ပါတုတ်၂ချောင်း၊ Police စာတမ်းပါငရုတ်သီးအရည်ဖြင့်ပြု လုပ်ထား သောဖြန်းဆေးဗူး၁ဗူးနှင့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။         အလားတူ ညနေ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်() အရှေ့ရပ်ကွက်ရှိအမှတ်(၁၃) အခြေခံပညာမူလတန်းကျောင်းဝင်းအ တွင်းခြုံများကြားတွင်ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံး ပြုသည့် ပစ္စည်းများတွေ့ရှိကြောင်း သတင်းအရလုံခြုံရေး တပ်ဖွဲ့ဝင်များကသွားရောက် စစ်ဆေးခဲ့ရာ မီးစာတပ်ထားသည့် ဓာတ်ဆီပုလင်း ၂၆ လုံး၊ ဒိုင်းကာ ၁၈ ခု၊ ဖိုက်ဘာဦးထုပ် လုံး၊ လေးခွ လက်၊ ကျောက်စရစ်ခဲ ၂၀ လုံး၊ ပေပတ်လည်ခန့် ဆိုင်းဘုတ် ၂၀၀ ခုတို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

 

အလားတူဧပြီလ ၂၄ ရက်နံနက် နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ ဇောတိကလမ်း၊ ဂျိုးဖြူရေပိုက်လုံးဘေးရေမြောင်းအတွင်းတွင် ဆူပူ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာအဆိုပါရေမြောင်းအတွင်းမှ ဒိုင်း ချပ်၊ တာယာကွင်း ၁၃ လုံးတို့အားလည်းကောင်း၊ မင်းတပ်မြို့၊ စံပြရပ်ကွက်၊ မြို့မဈေးလမ်းဆုံ၊ ဗိုလ်ချုပ်ကြေးရုပ်အနီး၌ ဆန့်ကျင်စာသားများလိုက်လံကပ်နေသည့် လိန်းထန်းလိန်း () ဦးလိန်းထန်း၊ ထန်းကီးကီး()ဦးမနားထန်း၊ မလေးအောင်အွယ်() ဦးထွန်းလင်းအောင်၊ မလိန်းကီးတီး()ဦးထာလိန်းကီး၊ မကီးလိန်းဟိဏ်း() ဦးကီးလိန်း၊ မရှိန်းအွယ်()ဦးခွီးရှိန်နှင့် မမေနှင်းဦး()ဦးထွန်းရီတို့ ဦးအား ဆန့်ကျင်စာသားများနှင့်လည်းကောင်း၊ မဟာအောင်မြေ မြို့နယ်၊  သံလျက်မှော်အနောက်ရပ်ကွက်၊ သပြေညွန့်ရပ်၊ နွားသတ်ရုံအနီး၌ ဆူပူအကြမ်းဖက်သူ အမျိုးသား ဦးအား လက်လုပ်သေနတ် လက်၊ လက်လုပ်မိုင်း လုံး၊ အသံမိုင်း လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်ရှိ နဂါးရုံဘုရား၌ ဆူပူအကြမ်းဖက်သူ အမျိုးသား ဦးနှင့် အမျိုးသမီး ဦးတို့အားလည်းကောင်း ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။  

 

အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအားလက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူ များအားဥပဒေနှင့် အညီအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။