Skip to main content

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်(၂၄-၄-၂၀၂၁)

- နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှု အပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံအားပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးဖြစ်ပါသည်။

 

- ဖော်ပြပါ ဆရာဝန်များအနက် လွိုင်ကော်ပြည်သူ့ဆေးရုံမှ ဒေါက်တာ သီတာစိုး (လ/ထ ဆရာဝန်)သည် သုခစံ အထူးကုဆေးခန်း၌လည်းကောင်း၊ နမ့်ခမ်းပြည်သူ့ဆေးရုံမှ ဒေါက်တာ ခိုင်ဇင်ဝင်း (လ/ထ ဆရာဝန်)သည် (စိစစ်ဆဲ)ဆေးခန်း၌လည်းကောင်း၊ တန့်ယန်း မြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာညီမန်း(လ/ထဆရာဝန်)သည် (စိစစ်ဆဲ)ဆေးခန်း၌ လည်းကောင်း၊ နမ့်ခမ်းပြည်သူ့ဆေးရုံမှ ဒေါက်တာ ကျော်သူဝင်း(လ/ထ ဆရာဝန်)သည် (စိစစ်ဆဲ)ဆေးခန်း၌လည်းကောင်း၊ မုံရွာမြို့ပြည်သူ့ဆေးရုံမှ ဒေါက်တာ စုစုဝင်း (အထူးကု) သည် ဖြူစင်မေတ္တာ အထူးကုဆေးခန်း၌လည်းကောင်း တာဝန်ကျရာ ဆေးရုံများတွင် ကုသခြင်းမပြုဘဲ CDM ပြုလုပ်၍ ပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် သွားရောက် ကုသလျက်ရှိကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ အောက်ပါအတိုင်း စိစစ်တွေ့ရှိရပါသည်။

 

- အဆိုပါအမှုဖွင့်လှစ်ထားသော ဆရာဝန်များအား ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိရာ လက်ခံထားသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည့် အပြင် ၎င်းတို့ကိုလက်ခံ၍ ဆေးကုသခွင့်ပေးထားသည့် ပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များကိုလည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ဆေးရုံ/ဆေးခန်းပိုင်ရှင်များ ကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မည်သည့်ကျန်းမာရေးဝန်ထမ်းမဆို တာဝန်ကျရာ ဆေးရုံများ၌ CDM လှုပ်ရှားမှုတွင် ပါဝင်ကာ မူလတာဝန်များထမ်းဆောင်ခြင်းမရှိဘဲ အခြားပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များသို့သွားရောက်၍ အခကြေးငွေရယူ ဆေးကုသခြင်း၊ ကူညီလုပ်ဆောင်ခြင်းများ ပြုလုပ်ပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား လက်ခံထားသည့် ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းပိုင်ရှင်များအား CDM လှုပ်ရှားမှု၌ ပါဝင်သူများကို ထောက်ခံအားပေးခြင်းအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။