Skip to main content

နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဧပြီ ၂၃

နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက်၊ ဓမ္မဝိစယသာသနာ့ ဗိမာန်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဏိ ဇောတိက ကျွဲရှင်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဒုမ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိပုဂ္ဂိုလ် များ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဏိဇောတိက ကျွဲရှင်း ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဒုမ ဆရာတော်ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများ က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုတော်မူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ဝန်ကြီးဌာန အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာ သီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိ မြို့နယ်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ၉၀၄ အိတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင်ထေရဝါဒ ဗုဒ္ဓသာသနာ့ဂုဏ်ရောင်ထွန်း ပြောင်နေရခြင်းသည် သာသနာ့အရေး ရှေ့တန်းပေးလျက် အလေးအနက် ဆောင်ရွက်တော် မူကြသော သာသနာ့ဝန်ဆောင် ဆရာတော်သံဃာတော်များ၏ ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ဖြာကို သေချာတိကျ ဆောင်ရွက်တော်မူကြခြင်းကြောင့် ဖြစ်ပါကြောင်း၊ ဆရာတော်များ ဆွမ်းကွမ်းဘောဇဉ် မျှတပြီး သက်ရှည်ကျန်းမာစွာဖြင့် ဗုဒ္ဓမြတ်စွာ၏ ဓုရနှစ်ဖြာ သာသနာတော်ကို ဆထက်ထမ်းပိုး သယ်ပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်းနှင့် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး အနှစ်များမြောင်စွာ တည်တံ့ထွန်းလင်းဝေစည်နိုင်ပါစေကြောင်း လျှောက် ထားသည်။

ထို့နောက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရာဇဓာနီ သာမဏေကျော်ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇော ဘာသ မထေရ်မြတ်ကြီးထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ယနေ့တွင် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၆၂ ကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၆၂၃ ပါးတို့အား  ဆွမ်းဆန်တော် ၁၂၃ အိတ် လှူဒါန်း ခဲ့ကြောင်း သိရသည်။

သတင်းစဉ်