တောင်ကြီး ပြီ ၁၄
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၁၂ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှာကြားချက်များကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ထပ်ဆင့်ရှင်းလင်းရခြင်းဖြစ်ကြောင်း၊ လုံခြုံရေး ကိစ္စရပ်များ၊ ရှေ့ဆက်ရမည့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကိစ္စရပ်များအတွက် ဆောင်ရွက် ရန် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အိမ်တစ်အိမ် တည်ဆောက်ရာတွင် ဖောင်ဒေးရှင်းခိုင်မာမှ ဖြစ်မည်ဖြစ်ကြောင်း၊ ဒါကြောင့် ယခုဖောင်ဒေးရှင်းသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများဖြစ်ကြောင်း၊ ဖောင်ဒေးရှင်းခိုင်မာမှ နိုင်ငံတော်၏ ယန္တရားကြီးလည်ပတ်နိုင်မည် ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ရပ်ကွက်/ကျေးရွာအတွင်း ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသူများရှိပါက ကူညီဆောင်ရွက်ပေး ရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရရှိ သေးသောသူများရှိပါက အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ဆက်သွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများရှိမှသာ နောင်လာမည့် ရွေးကောက်ပွဲတွင် မဲများပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ( ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို တို့က ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အထွေထွေဆွေးနွေးကာ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)