ယမန်နေ့မှအဆက်
၄၁။ Myanmar Public Press News Agency တာဝန်ခံအယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက ပထမဦး ဆုံး မေးလိုသည့်မေးခွန်းမှာ မိမိတို့နိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို ငါးနှစ်၊ နှစ်ကြိမ်ဖြတ်သန်းပြီးသည့်နောက် မျိုးချစ်စိတ် တော်တော်လေးအားနည်းလာသည်ကို တွေ့ရကြောင်း၊ နောက်ပိုင်းဒုတိယအကြိမ် လွှတ်တော် သက်တမ်းတွင် မိမိတို့နိုင်ငံက ယဉ်ကျေးမှုသည်တော်တော်လေး ယိုင်နဲ့လာကြောင်း၊ အမျိုးသားရေး စရိုက်လက္ခဏာများလည်း တော်တော်အားနည်းလာကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် မျိုးချစ် စိတ်ရှင်သန် ထက်မြက်ရေး၊ အမျိုးသားယဉ်ကျေးမှုနှင့် အမျိုး သားရေးစရိုက်လက္ခဏာများ ကာကွယ်မြှင့်တင်နိုင် ရန် တပ်မတော်ဘက်က မည်သို့စီစဉ်ထားပါသလဲ။ နောက်တစ်ချက်က ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများ ကိုလည်း ပြန်ပြီးပြုလုပ်ရန် အစီအစဉ်ရှိပါသလား ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
မျိုးချစ်စိတ် ဆိုတာ ပျောက်သွားလျှင် ရပ်တည်ဖို့ခက်ခဲ
၄၁။ ဗိုလ်ချုပ်ဇော်မင်းထွန်းက မျိုးချစ်စိတ်နှင့် ပတ်သက်ပါက အယူအဆအမျိုးမျိုးရှိပါကြောင်း၊ တချို့ liberal ဆန်သည့်လူများအနေဖြင့် မျိုးချစ်စိတ် ဆိုသည်ကို အန္တရာယ်တစ်ရပ်သဖွယ် မြင်မှုမျိုး ရှိပါကြောင်း၊ မိမိ ကိုးကား ပြောချင်သည်မှာ အရှေ့ တောင်အာရှ၏ Reality သမားကဲ့သို့ မိမိတို့သတ်မှတ် ထားသော စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုပြောသလို ပြောလိုကြောင်း၊ သူနှိုင်းယှဉ်သကဲ့သို့ မျိုးချစ်စိတ်သည် အမှန်က ကျောက်ချစရာ” | နေရာ တစ်ခုဖြစ်ကြောင်း၊ မည်မျှကြီးသည့်သင်္ဘော ဖြစ်ဖြစ်၊ မည်မျှကြီးသည့်ရေယာဉ်ဖြစ်ဖြစ် ကျောက်ချ စရာ နေရာ ပျောက်သွားမည်ဆိုပါက ရပ်တည်၍မရ ကြောင်း၊ မိမိတို့ ခဏခဏပြောနေသည့် မျိုးချစ်စိတ် နှင့် ပတ်သက်ပြီး Globalization ခေတ်ဟုပြောကြ ကြောင်း၊ Globalization ခေတ်တွင် သတင်းများ၊ စီးပွား ကူးသန်းမှုများ၊ ပညာရေးနှင့် နည်းပညာပျံ့နှံ့ သည်ကိုလက်ခံကြကြောင်းလူများပျံ့နှံ့မှုကို မည်သည့် နိုင်ငံက လက်ခံ နိုင်ပါသလဲ၊ ဒီမိုကရေစီ ဘိုးအေဟု ပြောသည့် အမေရိကန်သည် ၎င်း၏တောင်ဘက်မှာ ရှိသော မက္ကဆီကိုနိုင်ငံမှ ဝင်လာသည့် လူများကို လက်ခံပါသလား၊ လူများဝင်ရောက်ပျံ့နှံ့သည်ကို မည်သည့်နိုင်ငံမှလက်မခံကြကြောင်း၊ မျိုးချစ်စိတ်နှင့် မိမိနှိုင်းယှဉ်ပြောနေခြင်းမဟုတ်ကြောင်း၊ ၎င်း၏ Reality ကိုတော့ ဖျက်၍မရသေးဘူးဆိုသည်ကို ပြောနေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် တချို့နေရာ များမှာ liberal ၊ liberal ဆိုတိုင်းလည်း အကုန်လုံး မဟုတ်နိုင်ကြောင်း၊ နိုင်ငံကြီးအ နေဖြင့် အကုန်လုံး မဟုတ်သေးဘဲ မိမိတို့ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုဆိုး ကြောင်း၊ အဓိက ပြောချင် သည်မှာ ကျောက်ချစရာ နေရာ ပျောက်သွားပါက မျိုးချစ်စိတ်ဆိုတာပျောက် သွားလျှင် ရပ်တည်ဖို့ခက်ခဲကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအခြေခံမှုသည် ဗုဒ္ဓ ဘာသာယဉ်ကျေးမှုကို အခြေခံခြင်းဖြစ်သည့်အတွက် အခြေခံ ဥပဒေမှာလည်း ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး ပြဋ္ဌာန်းထားကြောင်း၊ တခြားဘာသာရေးအဖွဲ့များ ကိုလည်း အလေးပေးဆောင်ရွက်သွားရမည် ဆိုသည်ကို ပြဌာန်းထားကြောင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး နှင့်ပတ်သက်ပြီး တပ်မတော် ၏ခံယူချက်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဆိုပြီး ခံယူ ထားသည်ဖြစ်သည့်အတွက် အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
၄၂။ ဆက်လက်၍ Myanmar Public Press News Agencyမှတာဝန်ခံအယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက မိမိတို့ပြည် တွင်းမှာရှိသည့် မီဒီယာများကို အရေးယူ သင့်မှုများနှင့် အရေးယူထားပြီးပြီဟုသိရပါကြောင်း၊ သို့သော် လည်း ပြည်ပမှ ထုတ်လွှင့်လျက်ရှိသော သတင်းမီဒီယာများအချို့က မမှန်မကန်သတင်းများ နှင့် သွေးထိုး လှုံ့ဆော်နေသည်တွေ့ရကြောင်း၊ ထိုသတင်းများကို ပြည်တွင်းစီးဝင်မှုမရှိအောင် မည်သို့ကာကွယ်တားဆီးရန် စီစဉ်ထားပါသလဲ ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
၄၃။ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစီးဆင်းမှုနှင့် ပတ်သက်ပြီး မိမိတို့နိုင်ငံထက် ခေတ်မီသည့်နိုင်ငံ များတောင် လုံးဝမဝင်အောင်ဆိုတာ လုပ်နိုင်စရာမရှိ ကြောင်း၊ နည်းလမ်းမျိုးစုံရှိကြောင်း၊ အင်တာနက် လိုင်းပေါ်မှ စီးဝင်မှု ရှိကြောင်း၊ လေလိုင်းပေါ်မှ စီးဝင်မှု ရှိကြောင်း၊ ၎င်းတို့ကို မိမိတို့နိုင်ငံထဲ မစီးဝင်အောင်တားဆီးသည့်လုပ်ငန်းသည် မိမိမြင် သည်မှာ မှန်ကန် သည့်နည်းလမ်းမဟုတ်ကြောင်း၊ အဓိက မှန်ကန် သည့်လုပ်ငန်းက ဘာလဲဆိုသည်မှာ တိုင်းသူ ပြည်သား များ၏ စိတ်ထဲတွင် အမျိုးသားရေးကိုယ်ခံ စွမ်းအားကောင်းရန်၊ မြှင့်တင်ပေးရန်တို့က ပိုပြီး အဓိကကျသည်ဟု ဆိုလိုကြောင်း၊ မိမိဆိုလိုသည်မှာ မိမိတို့ အိမ်နီးနားချင်းနိုင်ငံများရှိကြောင်း၊ တရုတ် နိုင်ငံနှင့် ပတ်သက်ပြီး ကမ္ဘာ့မီဒီယာများက တော်တော် များများ အကောင်းရေးသားမှု တော်တော် များ ကြောင်း၊ သတင်းအပုဒ်တိုင်းတွင် ကြည့်လိုက်ပါက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မိမိတို့နိုင်ငံ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်က မြန်မာနိုင်ငံမီဒီယာ များပါပါကြောင်း၊ ဝူဟန်မြို့မှာ ဖြစ်နေသည့်အခြေ အနေကို တကယ်ကိုပဲ ငရဲ ကျနေသည့် အခြေအနေ ကဲ့သို့ ရေးခဲ့သည့် မီဒီယာများရှိကြောင်း၊ သို့သော် အမျိုးသားရေး ကိုယ်ခံစွမ်းအားက ပိုအရေးကြီး ကြောင်း၊ ၎င်းတို့တွင် အမျိုးသားရေးကိုယ်ခံစွမ်းအား ပိုကောင်းသည့်အတွက် သိပ်ပြီးပူ စရာမ လိုကြောင်း၊ သတင်းမီဒီယာကဏ္ဍတွင် နံပါတ်တစ်အချက်က သတင်းမီဒီယာများနှင့်ပတ်သက်ပြီး အမှန်များ ထုတ်လွှင့် နိုင်ရန် ပြည်တွင်းမီဒီယာများ၊ နိုင်ငံပိုင် မီဒီယာများက ကြိုးစားရမည်ဖြစ်သလို အမျိုးသား ရေး ကိုယ်ခံ စွမ်းအားကို state building နှင့်တင် မဟုတ်ဘဲ Nation building ကိုပါ မိမိတို့ အလေးထား ဆက်လက် ဆောင်ရွက် ရမှာဖြစ်ကြောင်း၊ လုပ်စရာ အလုပ်များ ကျန်ပါသေးသည်ဟု ပြောချင်ပါကြောင်း၊ ယခုကဲ့သို့ အကြံပေး မှုမျိုးကိုလည်း ကျေးဇူးတင် ပါကြောင်း ရှင်းလင်းဖြေကြားသည်။
၄၄။ ဆက်လက်၍ Myanmar Public Press News Agency မှ တာဝန်ခံအယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက | CDM ကြောင့် မသေသင့်ဘဲသေသွားသည့် ပြည်သူ များ၏စာရင်းကို ရပ်ကွက်အလိုက်၊ ရပ်ကွက်က စုစည်းပြီး မြို့နယ်၊ တိုင်းဒေ သကြီး၊ နိုင်ငံအနေဖြင့် မည်မျှ ရှိသွားပြီလဲဆိုသည်ကို စာရင်းကောက်ပြီး ထုတ်ပြန် ပေးရန် ဖြစ်နိုင် ပါသလား၊ ထုတ်ပြန်ပေးပါဟု အကြံပြု လိုကြောင်း၊ ထိုအတိုင်းဆိုပါက ယခုထက်ဆိုးကျိုး များကို ပိုပြီး သိသာမြင်သာမည်ထင်ကြောင်း၊ အိမ်ပတ်ဝန်းကျင်တွင်လည်း ကြုံခဲ့ရမှုများရှိကြောင်း၊ ဆေးရုံ၊ ဆေးခန်း အချိန်မီ ပို့ခွင့်မရ၍ အသက်ဆုံးရှုံး သွားသည့် လူများရှိကြောင်း၊ ထိုအချက်များကို ပြည်သူများသိခွင့်ရပါက ဝေဖန် ချင့်ချိန် နိုင်မည်ကို မျှော်လင့်မိ၍ သိလိုပါကြောင်း မေးမြန်းသည်။
၄၅။ ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့ ကြိုးစားလုပ် ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
၄၆။ ဆက်လက်၍ Myanmar Public Press News Agency မှ တာဝန်ခံအယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက ပညာရေး ဝန်ကြီးဌာနကို မေးမြန်းလိုကြောင်း၊ ပြီးခဲ့ သည့် အစိုးရလက်ထက်တွင် အကြောင်းအမျိုးမျိုး ကြောင့် တချို့ ကိစ္စများ၌ ပုဂ္ဂိုလ်ရေးသဘော
ထားအမြင်ချင်းမတူမှုကြောင့် အရေးယူခံရသည့် ပညာရေးဝန်ထမ်းများရှိကြောင်း၊ ဇေယျဝတီ အထက် တန်းကျောင်းအုပ် ဒေါ်သီတာမြဆွေအား ပစ်စာမှာပါသည့် အကြောင်းအရာက ကျောင်းပြောင်း လက်မှတ်တွင် အလှူငွေ ၅၀၀၀ ကောက်ခံပါ သည်ဟုပါရှိကြောင်း၊ ထိုကိစ္စနှင့် ဟိုစစ်ဒီစစ်လုပ် ကြောင်း၊ နောက်ကြောင်း ရာဇဝင်များ ရှိကြောင်း၊ သဘောထားအမြင်ချင်း မတူမှုရှိကြောင်း၊ ပုဂ္ဂိုလ် ရေးကိစ္စများရှိကြောင်း၊ သို့သော် ပညာရေး ဝန်ကြီးဌာန က Disable လုပ်လိုက်ကြောင်း၊ ယင်းကိစ္စကို အယူခံ ဝင်မှုမရကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးက ပညာရေးဝန်ကြီးဌာနကို တရားစာချွန်လွှာနှင့် ရင်ဆိုင်ကြောင်း၊ ဆရာမကြီးဘက်က တရားနိုင် ကြောင်း၊ ထို့နောက် အလုပ်ပြန်ခန့်ကြောင်း၊ ယင်း နောက် မကြာခင်ပြန်စစ်ပြီး နောက်တစ်ခါ Disable မဟုတ်သော်လည်း Removal ဆိုပြီး Gratuity ၏ ၂၅ ရာခိုင်နှုန်းသာ ခံစားခွင့်ပေးမည်ဆိုပြီးအကြောင်း ပြန်ကြား ခြင်းမျိုး ဖြစ်ခဲ့ကြောင်း၊ ထိုကိစ္စသည် လုံးဝမဖြစ်သင့် မဖြစ်ထိုက်သည့်အခြေအနေတစ်ရပ် ဖြစ်နေကြောင်း၊ ဆရာမကြီး ဒေါ်သီတာဆွေနည်းတူ တခြားပညာရေးဝန်ထမ်း ၈၀ ကျော်လည်းရှိ သည်ဟု ကြားသိရကြောင်း၊ ထိုပညာရေးဝန်ထမ်း ကိစ္စနှင့်ပတ်သက်ပြီး တကယ့်ခံစားခွင့်ရနိုင်သော၊ ဖြစ်သင့်သည့်အခြေအနေမျိုးကို တချို့မှာ ပြန်လည် တာဝန်ထမ်းဆောင်၍ ရမည့်အခြေအနေမျိုးရှိမည် ဟု ထင်ကြောင်း၊ ပြန်လည်ခံစားခွင့်ရအောင် အမြန် ဆုံးဆောင်ရွက်ပေးဖို့ ဖြစ်နိုင်သလားဆိုတာ သိလိုပါ ကြောင်း မေးမြန်းသည်။
၄၇။ ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ၎င်းကိစ္စအရေးယူမှုက ပစ်စာဆိုပါက အရေးယူမှုသည် မိမိတို့ဆီမှာစိစစ်ပြီး အရေးယူ ကြောင်း၊ DE အဖွဲ့ က အရေးယူစိစစ်ပြီး ပညာရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲ မှုကော်မတီအစည်းအဝေးနှင့် ဆောင်ရွက်ထားသည့်ကိစ္စများဖြစ်ကြောင်း၊ ထို့ကြောင့် ရှေ့နေချုပ်ရုံးက ညွှန်ကြား သည့်အတိုင်း ပြန်ခန့်၊ ပြန်စစ်မှုတွင် တရားခုံမအောင်ခဲ့ပါက မိမိတို့နောက် တရားခုံနှင့် ပြန်လည် စိစစ်ကာ MOEC သို့တင်ပြပြီး ဆောင်ရွက်ထားသောကိစ္စများဖြစ်သည့်အတွက် ကြောင့် မှန်မှန် ကန်ကန် ဆောင်ရွက်ထားခြင်းဖြစ် ကြောင်း၊ ထိုပစ်စာမှာပါသည့် အချက်များသာမကဘဲ တစ်ခါတစ်ရံ စစ်လိုက်သည့်အချိန် နောက်ကြောင်း များက ထပ်မံပေါ်လာမှုများ ရှိကောင်းရှိနိုင်ကြောင်း၊ ယင်းကိစ္စများနှင့် ငြိစွန်းခြင်းများလည်း ဖြစ်နိုင် ကြောင်း၊ ပညာရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် တင်ပြဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
၄၈။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ဖြေကြား ရာတွင် ဥပဒေအရ နှစ်နာသူရှိပါက နှစ်နာသူက တရား ဥပဒေအဆုံးအဖြတ်အဆုံးစွန်အထိဆောင်ရွက် ၍ရကြောင်း၊ ဤတစ်မှုပြီးသွားလျှင် နောက်တစ်မှု ထပ်စွဲခံရပါက ထိုကိစ္စနှင့်ပတ်သက်ပြီး ထပ်မံတင်ပြ ၍ရကြောင်း၊ နှစ်နာသူဘက်ကလုပ်ပိုင်ခွင့်အတိုင်းသာ ဆက်လက် လုပ်ဆောင် ရန် မိမိအကြံပေးလိုကြောင်း ရှင်းလင်းဖြေကြားသည်။
ပိုမိုကောင်းမွန်သည့်ငွေကြေးလည်ပတ်မှုဖြစ်စေရေး
၄၉။ General Life သတင်းဌာနမှ သတင်းထောက် ဦးခိုင်ထူးက ယခုလက်ရှိ ဘဏ်လုပ်ငန်းများ၏အခြေ အနေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တာဝန်ရှိလူကြီးများ အသိပင်ဖြစ်ကြောင်း၊ ယခု လက်ရှိတွင် ပုဂ္ဂလိက ဘဏ်များနှင့် ATM စက်များမှ ငွေသွင်း၊ ငွေထုတ်ကိစ္စများ ဆောင်ရွက်ရာ ငွေကြေး | ကန့်သတ်ထားခြင်း၊ တန်ဖိုး ကန့်သတ်၍ ထုတ်ယူ သုံးစွဲရခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အဆိုပါ အခြေအနေသည် အသေးစား၊ အလတ် စား စီးပွားရေး လုပ်ငန်းများ၏ ငွေကြေးလည်ပတ်မှုကို ထိခိုက်မှုများ ရှိနေပါကြောင်း၊ ATM စက်များတွင် တန်းစီ၍ ငွေထုတ်သည့်အခါတွင်လည်း စီနီယာ၊ ဂျူနီယာ စနစ်ဖြင့် တန်းစီရသည့်အတွက် ၁၅ ယောက်ခန့် ထုတ်ယူ ပြီးပါက နောက်ဆုံးမှလူက၂ နာရီခန့်တန်းစီ ၍ စောင့်ခဲ့ရသော်လည်း ၎င်းအလှည့်တွင် ATM | စက်ထဲ၌ ငွေမရှိ တော့သဖြင့် မထုတ်ရဘဲ ပြန်ခဲ့ရသည့် အခြေအနေများရှိခဲ့ကြောင်း၊ အဆိုပါ အခြေအနေများ နှင့် ပတ်သက်၍ ငွေကြေးလည်ပတ်မှု ပုံမှန်ဖြစ်စေရေး နှင့် ယခုထက် ပိုမိုကောင်းမွန်သည့် ငွေကြေး လည်ပတ် မှုဖြစ်စေရေး မည်ကဲ့သို့ဆက်လက်ဆောင် ရွက်ပေးသွားမည်ကို သိလိုကြောင်း မေးမြန်းသည်။ ၅၀။ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘဏ်များ ပြန်လည် ဖွင့်လှစ်နိုင်မှုအနေဖြင့် ဗဟိုဘဏ်မှ ခွင့်ပြုထားသည့် ဘဏ်ခွဲ အရေ အတွက်၏ ၁၀ ရာခိုင်နှုန်း မကျော်နိုင် သေးမှုနှင့် ATM စက်မှငွေထုတ်ရာတွင် တွေ့ကြုံရ သည့်အခက်အခဲများကို သိရှိရ ပါကြောင်း၊ အချို့ ဘဏ်များဆိုလျှင် ATM မှတစ်ဆင့် ငွေပေးသွင်းနိုင် သည့်စနစ်ဖြင့် ဘဏ်ခွဲများသို့ သွားရောက် ရန်မလိုဘဲ ငွေပေးသွင်းနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် ဘဏ်များတွင် သွားရောက် ငွေထုတ်ယူရာ၌ ယခင်ကဲ့သို့ တိုကင်ယူ၍ တန်းစီနေရသည့် ပြဿနာ များ၊ ငွေကြေးထုတ်ယူရာတွင် ကန့်သတ် မှုထားရှိ သည်ဟုလည်း သိရှိရပါကြောင်း၊ ယခုကဲ့သို့ ဖြစ်နေ ခြင်းသည် ဘဏ်များအနေဖြင့် လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဝန်ထမ်းအခက်အခဲကြောင့်သာ ဖြစ်ပါကြောင်း၊ အချို့ဝန်ထမ်းများက CDM လုပ်နေကြ ကြောင်း၊ အစိုးရဝန်ကြီးဌာနများမှဝန်ထမ်းများ CDM လုပ်ခြင်းသည် အစိုးရကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ သို့သော် Professional Life မဟုတ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များမှ ဝန်ထမ်းများ CDM လုပ်ခြင်း သည် အမှန် တကယ် အားဖြင့် ပုဂ္ဂလိကဘဏ် ပိုင်ရှင်များနှင့် ဥက္ကဋ္ဌများသာ နစ်နာကြောင်း၊ အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ ဖြေရှင်း ပေးနိုင်ရန် ကြိုးစား အဖြေရှာဆဲဖြစ်ကြောင်း၊ လက်တွေ့လုပ်ဆောင်မည့် လုပ်ငန်းစဉ်အနေဖြင့် အချက် အချာ ကျသည့်မြို့နယ် တစ်မြို့နယ် သို့မဟုတ် တိုင်းဒေသကြီးတစ်ခုလျှင် ဘဏ်နှင့် ပတ်သက်သည့် ဝန်ထမ်း များမည်မျှရှိသည် ကို တွက်ချက်နေကြောင်း၊ မည်သည့်လုပ်ငန်းများကို မည်ကဲ့သို့ အစားထိုးရမည်ကိုလည်း တွက်နေ ကြောင်း၊ မြို့နယ်တစ်ခုတွင် ဘဏ်ခွဲ သုံးလေးခုရှိသည့် ဘဏ်ကို ဘဏ်ခွဲအားလုံးမဖွင့်တော့ဘဲ လုံခြုံ သည့် နေရာတွင် အဆိုပါဘဏ်နှင့်ပတ်သက်သည့် ဘဏ်ခွဲ တစ်ခုဖွင့်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မကြာမီဖြစ်ပေါ်လာနိုင်မည်ဟု မျှော်လင့်ပါ ကြောင်း၊ ဘဏ်အားလုံး မဖွင့်နိုင်သေးသည်ကတော့ သေချာ ပါကြောင်း ပြန်လည်ဖြေကြားသည်။
၅၁။ Voice Of Myanmar (VOM)သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းကတပ်မတော် က အာဏာ လွှဲပြောင်းရယူခဲ့သည်မှာ နှစ်လကျော်ခန့် ရှိပြီဖြစ်ကြောင်း၊ နေပြည်တော်တစ်ခုသာ အခြေအနေ ထိန်းသိမ်း နိုင်သည်ကို တွေ့ရကြောင်း၊ မြေအနေ အထားအရ အပြည့်အဝ ယန္တရားမလည်ပတ်နိုင် သေးကြောင်း၊ မည်သည့် အချိန်ခန့်တွင် လည်ပတ် နိုင်မည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
၅၂။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုမေးခွန်းကို မှားနေသည်ဟု ယူဆကြောင်း၊နေပြည်တော်တစ်ခုတည်းသာ ထိန်းချုပ် နိုင်သည်ဆိုသည့် မေးခွန်းသည် အယူအဆ တစ်ခုသာဖြစ်ကြောင်း၊ မေးခွန်းမှားနိုင်သည်ဟုသာ မိမိ ဆိုလို ခြင်းဖြစ်ပြီး ကန့်ကွက်ခြင်းမဟုတ်ပါ ကြောင်း၊ ယခုဆူပူဆန္ဒပြမှုအခြေအနေနှင့်ပတ်သက် ပြီး အများဆုံး ဖြစ်ပေါ်သည်ကတော့ ရန်ကုန်၊ မန္တလေး၊ မုံရွာတစ်ဝိုက်ဖြစ်ကြောင်း၊ ဖေ့စ်ဘွတ် ပေါ်တွင် ဖြစ်စေ၊ မီဒီယာများ သည့်အခါတွင်ဖြစ်စေ ကြည့်လျှင်သိနိုင်ကြောင်း၊ လူစုခိုင်းလိုက်ပြီး ဓာတ်ပုံ ရိုက်သည်ကတော့ မြန်ပါကြောင်း၊ ရန်ကုန် မှာတောင် ဘယ်လိုအခြေအနေမျိုးရှိသည်ဆိုသည်ကို ရန်ကုန် ကလာသည့် သတင်းထောက်ကြီးများကို မေးကြည့် လျှင် သိနိုင်ကြောင်း၊ ရန်ကုန်၌ ယခင်အခြေအနေ နှင့်ယခုအခြေအနေ မည်သို့ကွာခြားသည်ကို လက် တွေ့မေးကြည့်လိုက်လျှင် ပိုပြီးကောင်းပါကြောင်း၊ မိမိပြောနိုင်သည်မှာ ပြည်သူများဂရုစိုက်ရမည်က ဆန္ဒပြမှုများ လျော့နည်းသွားသည်မှာမှန်ကြောင်း၊ သို့သော် အကြမ်းဖက်မှုများဖြစ်လာနိုင်ကြောင်း၊ အကြမ်းဖက်မှုများ ဖြစ်ပေါ် လာ နိုင်သည့်အကြောင်း ရင်းကလည်း ဆန္ဒပြမှုများ လျော့နည်းသွားသည် ဆိုသည်ကို ကာမိအောင်ဖြစ်ကြောင်း၊ သို့သော် ပြည်သူလူထုအနေဖြင့် ထိုအရာများကို ဂရုစိုက်ကြဖို့ မေတ္တာရပ်ခံလိုကြောင်း ဖြေကြားသည်။
၅၃။ VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက အမှိုက်ကစ ပြာသာဒ်မီးလောင် ဆိုသကဲ့သို့ပင် ဘဏ် ကိစ္စနှင့်ပတ်သက်၍ အခြေခံ လူတန်းစား တော်တော်များများ ဒုက္ခရောက်နေ ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး မည်သို့ဖြေရှင်း မည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။ ဘဏ်များကို စုပေါင်းပြီး ဖွင့်မည် ။
၅၄။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပထမအဆင့်ဖြေရှင်း မည့်ပုံစံမှာ ဘဏ်များကို စုပေါင်းပြီး ဖွင့်မည်ဖြစ် ကြောင်း၊ ဒုတိယအဆင့်မှာ တာဝန်ခံပြီးလုပ်ပေးမည် ဖြစ်ကြောင်း၊ တာဝန်ခံပြီး လုပ်ပေးမည်ဆိုသည်မှာ ဥပမာ- မြန်မာ့ စီးပွား ရေး ဘဏ်က ဖွင့်နိုင်သည်ဆိုလျှင် မြန်မာ့စီးပွားရေးဘဏ်၌ အခြားဖွင့်နိုင်သည့် ဘဏ်ခွဲများဖွင့်နိုင်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိ ကြောင်း၊ မကြာမီ အောင်မြင်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
၅၅။ VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိမြေပြင်တွင် ဖြစ်ပေါ်နေ သည့်အခြေအနေ အကုန်လုံး သိ/မသိ သိလိုပါ ကြောင်း၊ TVတွင် ဈေးများ၊ ဘုရား များမှာစည်ကားနေ သည်ဟု ကြေညာနေကြောင်း၊ လွှင့်နေသည့်အစီ အစဉ်များသည် နေ့စဉ်ထပ်နေကြောင်း၊ ထို့ကြောင့် မြေပြင်အခြေအနေနှင့် သတင်းလွှင့်နေသည့်အခြေ အနေ အနည်းငယ် ကွာဟမှုဖြစ်ပေါ်နေကြောင်း၊ ယင်းအခြေအနေကို သိ/မသိ သိလိုပါကြောင်း၊ မေးမြန်းသည်။ ။
၅၆။ ဗိုလ်ချုပ်ဇော်မင်းထွန်းက မည်သည့် ခေါင်းဆောင်မှ မြေပြင်အခြေအနေကို ၁၀၀ ရာခိုင် နှုန်းမသိကြောင်း၊ မိမိလည်း ၁၀၀ ရာခိုင်နှုန်းမသိ ကြောင်း၊ သို့သော် သိသင့်သိထိုက်သလောက် သိကြောင်း၊ မည်သို့ပင်ဖြစ်စေ နိုင်ငံ့ ခေါင်းဆောင် တစ်ဦးလုပ်သည့်နေရာတွင် သတင်းပေးသည့် သတင်းဌာနများစွာရှိကြောင်း၊ သတင်းဌာန တစ်ခု တည်းက သတင်းပေးခြင်းမဟုတ်ဘဲ မျက်စိ၊ နား များစွာရှိကြောင်း၊ အရာအားလုံးကို သိသင့် သလောက် သိပါကြောင်း၊ မည်သူမှ ၁၀၀ ရာခိုင်နှုန်း သိနိုင်ခြင်းမရှိကြောင်း၊ ဆေးရုံများနှင့် ဘဏ်များ ဖွင့်နိုင်သည့် နေရာ များကို ပြသခြင်းရည်ရွယ်ချက် သည် အချို့ မီဒီယာများတွင်ပါသကဲ့သို့ တစ်နိုင်ငံလုံး တွင် အရောင်းအဝယ်များ ပိတ်ထား သည်၊ ဈေးများ၊ ဆေးရုံများ၊ ဘဏ်များ ပိတ်ထားသည်ဆိုသည်မှာ မဟုတ်ကြောင်းကို ပြသလိုခြင်း ဖြစ်ကြောင်း ၊ ပြန်လည်ဖြေကြားသည်။ ၅၇။ VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်း က ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ် သေသွားပြီဆိုသည့် သတင်းနှင့် ပတ်သက်ပြီး သတင်းထွက်နေသည့်အတိုင်း ဟုတ်/ မဟုတ် သိလိုကြောင်း မေးမြန်းသည်။
ဆူပူအုံကြွမှုများဖြစ်လာအောင်အစပျိုးနေခြင်းဖြစ်
၅၈။ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က သတင်း မီဒီယာတစ်ခုတွင်တွေ့ကြောင်း၊ မည်သူကစပြီး ဖွလိုက်သည် ကိုမသိကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပျက်နေသည်မှာ သတင်းမီဒီယာများကလည်း media logo တပ်ထားပြီး တော်တော်လေး ဆိုးရွားနေကြောင်း၊ ဦးဘိုဘိုငယ် ကျန်းမာစွာရှိကြောင်း၊ အချုပ်ထဲမှာမဟုတ်ကြောင်း၊ အချုပ် အနှောင်လည်းမခံရကြောင်း၊ ရိပ်သာ၌ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် |ထိန်းသိမ်း ရမည် ဆိုသည့်လူကို ထိန်းသိမ်းထား ကြောင်း၊ စစ်ဆေးရမည့်သူများကို စစ်ဆေးနေတာရှိ ကြောင်း၊ သို့သော် ဥပဒေအရ အရေးယူခံရမည့်သူ မဟုတ်ဘူးဆိုလျှင် ထိုသူများကို ချုပ်နှောင်ထားမည် မဟုတ်ကြောင်း၊ ရိပ်သာ၌ သာထားပြီး စစ်ဆေး လျက်ရှိကြောင်း၊ ထိုအရာနှင့်ပတ်သက်ပြီး မိမိ ပြောလိုသည်မှာ ထိုသတင်းသည် အမှန် မဟုတ်ကြောင်း၊ သို့သော် တစ်ခုဂရုစိုက်ရမည်မှာ ယခုရက် ပိုင်းအတွင်း ရည်ရွယ်ချက်ရှိရှိနှင့် သတင်းတချို့ကို ဖွနေကြောင်း၊ ဥပမာ- နေပြည်တော်က BBC ကိုအောင်သူရ ထိန်းသိမ်းခံရစဉ်က ထိန်းသိမ်းခံရပြီး တစ်ရက် နှစ်ရက် ခန့်ကြာ သော အခါ ကိုအောင်သူရ သေပြီ ဆိုပြီး သတင်းထောက်တစ်ဦးကပဲ စပြီး ကြောင်း၊ မိမိတို့ဆီကို ဖုန်းနှင့် မေးမြန်း ကြ သည်များ ရှိပါကြောင်း၊ ထိုအရာများ၏နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိကြောင်း၊ ယခု ဦးဘိုဘိုငယ် လည်း ဆုံးသွားပြီဆိုသည်ကို ဖွနေကြကြောင်း၊ အချို့ ဆန္ဒပြ မှုများ၊ ဆူပူမှုများ အရှိန်ကျလာသည့်အချိန်တွင် ထင်ရှားသည့်သူ တစ်ယောက်ယောက် သို့မဟုတ် လူအများ အာရုံစိုက်ခံရသည့်သူ တစ်ယောက်ယောက် ကို သေပြီဟုပြောပြီး ဆူပူအုံကြွမှုများဖြစ်လာအောင် ဖြစ်စေ၊ အကျိုးသက်ရောက်မှုတစ်ခုခု ရရှိလာအောင် ဖြစ်စေ ဆောင်ရွက်ခြင်း၊ အစပျိုးနေခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း ပြန်လည်ဖြေကြားသည်။
၅၉။ VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ရှမ်းပြည်နယ် ဝမ်ဟိုင်း၌ ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရသည် ဆိုသည့် သတင်း ဟုတ်/မဟုတ်ကို သိလိုပါကြောင်း မေးမြန်းသည်။
၆၀။ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က မနက် ၁၀ နာရီခန့်တွင် ဝမ်ဟိုင်း၌ ရဟတ်ယာဉ်တစ်စင်း ပစ်ခံရ ကြောင်း၊ ထိုရဟတ်ယာဉ်က ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အတွက်သွားသည့် ရဟတ်ယာဉ်ဖြစ်ကြောင်း၊ ထိုရဟတ်ယာဉ်သည် SSPP နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့ တွေ့ဆုံရန် သွားခြင်း ဖြစ်ကြောင်း၊ အခြေ အနေကောင်းကြောင်း၊ စစ်သည်ဆိုရာတွင်လည်း ရဟတ်ယာဉ်က အနိမ့်ပျံသည့်အချိန်တွင် မြေပြင်၌ SSPP က လူနာသယ်သည့် အဖွဲ့တစ်ဖွဲ့ ရှိနေကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သွားလုပ်သည်ကိုလည်း မည်သူမျှမသိကြောင်း၊ ထို့ကြောင့် ရဟတ်ယာဉ်က အနိမ့်ကဖြတ်ပျံလာသည့်အချိန် ၎င်းတို့က အောက် ကနေပစ် လိုက်ခြင်းဖြစ်ကြောင်း၊ ရဟတ်ယာဉ်ရောက် သည့်အချိန်မှာပင် ၎င်းတို့ကလည်း ပစ်လိုက်မိသည် ကိုဝန်ခံပြီး တောင်းပန်ခဲ့ကြောင်း၊ ထို့နောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ခဲ့ကြောင်း၊ ဆွေးနွေး မှုများ အောင်မြင်မှု ရှိကြောင်း ပြန်လည်ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)