နေပြည်တော် ဧပြီ ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ဟန်ကပြု -ရွာဟေ့လူ ကျေးရွာချင်းဆက်လမ်း ပေါ်တွင် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာ နှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၆၃၃ ဒသမ ၈၅၀သန်းဖြင့် ဆောင်ရွက်လျက်ရှိ သည့် မြေလမ်းပြုပြင်ခြင်းနှင့် အမာခံလမ်း ငါးမိုင်ခင်းခြင်း လုပ်ငန်း၊ ပေ ၈၀ သံကူကွန်ကရစ် တံတား တစ်စင်း၊ ပေ ၄၀ သံကူကွန်ကရစ်တံတား တစ်စင်းနှင့် ၁၀ ပေ သံကူကွန်ကရစ်တံတား နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ ငါးပေ Box Culvert ၁၆ စင်း၊ ရှစ်ပေ Box Culvert ခြောက်စင်း တည်ဆောက်ပြီးစီးမှုအခြေအနေ များကို ဘုတ်ပြင်းမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေလင်းအောင် နှင့်အဖွဲ့က မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ လမ်း/တံတားလုပ်ငန်း များ ပြီးစီးပါက နယ်မြေလုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးတို့ကို အထောက်အကူပြုမည့်အပြင် ဒေသခံပြည်သူလူထုတို့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့ကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ် ကြောင်း သိရသည်။
- သတင်းစဉ်