Skip to main content

ဒီးမော့ဆိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

ဒီးမော့ဆို ဧပြီ ၁၄

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုး တိုးတက်ရေးကို တစ်နိုင်ငံလုံး ပြည်နယ်/ ပြည်မအကြားအလပ် မရှိ တစ်ပြေးညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာကယား ပြည်နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုး ရေး ရန်ပုံငွေကျပ် ၂၈၃ ဒသမ ၀၂၆ သန်းဖြင့် ဒီးမော့ဆိုမြို့နယ် ခူးပရာ- ကန်ကလုပ် - စနိုက် (ခေါင်းကင်) ကျေးရွာချင်းဆက် မြေသားလမ်း ၇ မိုင် ၄ ဖာလုံ အနက် နှစ်မိုင် ကျောက်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊လမ်းရေရှည်ခိုင်ခံ့စေရန်အတွက် လမ်းတာချဲ့ခြင်း၊ စတက်ဘားခံ ခြင်း၊ Box Culvert လေးစင်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များအား သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေးတို့အတွက် ကယား ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မှ ညွှန်ကြားရေးမှူး ဦးသန့်ဇင် နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပြီးစီးပါက ဒီးမော့ဆိုမြို့နယ်အတွင်းရှိကျေးရွာ ခုနှစ်ရွာ၊ အိမ်ခြေ ၄၂၇ အိမ်၊ လူဦး ရေ ၂၄၉၄ ဦးတို့၏ လူမှုစီးပွားဘဝ များ တိုးတက်လာတော့မည်ဖြစ် ကြောင်း သိရသည်။ ငွေကြယ်