နေပြည်တော် ဧပြီ ၁၄
နေပြည်တော် ဧပြီ ၁၄ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ သည် ဧပြီ ၁၃ ရက် ညနေ ၃ နာရီတွင် လွိုင်လင်မြို့နယ် ဟိုတင့် ကျေးရွာအနီး လွိုင်လင်-တောင်ကြီး ကားလမ်း တွင် ခွန်ပန်းအောင် မောင်းနှင် ပြီး ခွန်မောင်ဦးနှင့် ခွန်မောင်းလိုက်ပါ လာသည့် ယာဉ်ကိုရှာဖွေရာ စိတ်ကြွ ရူးသွပ် ဆေးပြား ၃၀၀၀၀ ကို သိမ်းဆည်း ရမိခဲ့သည်။
အလားတူ ဧပြီ ၁၃ ရက် မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံ မြို့နယ်ရွာငံ-ကျောက်ဆည်သွားကားလမ်း ညောင်လေးပင် စစ်ဆေးရေး ဂိတ်တွင် ဝေလင်းအောင်(ခ)ဗူးသီး မောင်းနှင် လာသော ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၂၄ ကီလို ကို လည်း ကောင်း ထို့အတူ ဧပြီ ၁၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံး မြို့နယ်ဖာလိုင်ကျေးရွာဟိုပုံး-တောင်ကြီး သွားကား လမ်းတွင် ခွန်အောင်နိုင်မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၈၀၀ ကိုလည်း ကောင်း ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်နေ အားဂျာ၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွ ရူးသွပ် ဆေးပြား ၆၆၈၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား