Skip to main content

တိုင်းဒေသကြီးပြည်နယ်များရှိ ဒေသခံ ပြည်သူ လူနာများအား တပ်မတော် ဆေးရုံများ၌ ဆက်လက်လက်ခံကုသ

နေပြည်တော် ဧပြီ ၁၄ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ရက်မှ ယနေ့ အထိ ပြင်ပလူနာ ၁၃၉၈၉၇ ဦး၊ အတွင်းလူနာ ၄၀၆၆ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၆၆၀၀၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၃၄၃၅ စုစုပေါင်း ၁ဝဝ၃၅ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် | လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားလူနာ ၃၄၇၄ ဦးကို ခွဲစိတ်မွေးဖွားပေး နိုင်ခဲ့ကာ ၅၂၆၈ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိ ကလေးငယ် ၈၇၄၂ ဦးကို အောင်မြင်စွာ မွေးဖွား ပေးနိုင် ခဲ့သည်။ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက် နိုင်ရန် အတွက် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများ ကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်း များ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာ များနှင့် လူနာစောင့်များ နေထိုင် စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်