Skip to main content

ဆေးကုသရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံးနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဧပြီ ၁၄ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြည်သူ့ ဆေးရုံ၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇား တိုက်နယ်ဆေးရုံး၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော် တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ ဆေးရုံ၊ တောင်သာမြို့နယ် ဝဲလောင် တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ ဆေးရုံ၊ ပဲခူး တိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ပြည်သူ့ ဆေးရုံ၊ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့ နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံ တန်းမြို့နယ် ပြည်သူ့ ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေး ကုသရေးအဖွဲ့များ စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများ ကိုလိုအပ်သည့် ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွား နှင့် ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက် ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာ များအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံ ပြည်သူများအား ဆေးကုသပေးထားမှုများ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများ ကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြား ပြီးစားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည် များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။ ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးပင် ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်