ယမန်နေ့မှအဆက်
၁၀။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆက်လက်ရှင်းလင်းရာ တွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ အသုံး ပြုခဲ့သည့် နောက်ဆုံး မဲစာရင်း soft copy များကို ရယူပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က စိစစ်ထုတ်ပြန်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ ထုတ်ပြန်ပြီးစီးမှုများအရ တိုင်းဒေသကြီး/ပြည်နယ် နှင့် ပြည်ထောင်စုနယ်မြေ ၁၁ ခုရှိ မြို့နယ်ပေါင်း ၁၀၆ မြို့ နယ်၊ မဲရုံပေါင်း ၁၄၂၁၄ ရုံကို စိစစ်ခဲ့ရာ မြို့နယ်ကော်မရှင် စာရင်းအရ မဲဆန္ဒရှင် ၁၄၄၈၅၃၃၀ ဦးဖြစ်သော်လည်း လဝကစာရင်းအရ ၁၁၁၁၁၈၁၆ ဦးသာရှိပြီး ၃၃၇၃၅၁၄ ဦးကွာခြားမှု ရှိကြောင်း၊ ၎င်းတို့အနက်နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၁၅၅၄၁၅၇ ဦး နိုင်ငံသားစိစစ်ရေး ကတ်တစ်ခုတည်းဖြင့် မဲစာရင်း ၃ ကြိမ်နှင့်အထက်ပါဝင်နေသူ ၁၁၁၂၃၉ ဦး နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်ပါဝင်သူ ၁၁၁၈၇၈၇ ဦး၊ စိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူနှင့် မဲစာရင်းထပ်နေသူ စုစုပေါင်း ၂၇၈၄၁၈၃ ဦးရှိသည်ကို တွေ့ရှိရပြီး ရာခိုင်နှုန်းအားဖြင့် မဲဆန္ဒရှင်၏ ၁၉ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယခုစစ်ဆေးထုတ်ပြန်မှုများ သည် မြို့နယ်တစ်ခုချင်းအလိုက် စိစစ်တွေ့ရှိမှုများ သာဖြစ်ပြီး အခြားတိုင်းဒေသကြီး/ ခရိုင်/မြို့နယ် များနှင့် တိုက်ဆိုင်စစ်ဆေးမှု (Cross Check) များ ပါဝင်ပါက တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ က မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်း CD PDF များကို အခြေခံထုတ်ပြန်ခဲ့သည့် မဲမသမာမှု ပြုနိုင်/ ဖြစ်နိုင်သည့် အရေအတွက် ၁၀၄၈၂၁၁၆ ဦး ရာခိုင် နှုန်း ၂၈ ဒသမ ၁၇ ရာခိုင်နှုန်းထက် ပိုမိုများပြားနိုင် သည်ကို စိစစ်တွေ့ရှိရပါကြောင်း ဖော်ပြပါ မြို့နယ် ၁၀၆ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများအပေါ် တပ်မတော် စိစစ်ချက်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စိစစ် တွေ့ရှိချက်များကို နှိုင်းယှဉ်ရာတွင်လည်း စိစစ်သည့် အခြေခံမဲဆန္ဒရှင် စာရင်း ကွာခြားချက်အရ ကော်မရှင်၏ စိစစ်တွေ့ရှိ မှု အရေအတွက်ကကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး (မှတ်ပုံတင်) မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၆၃၉၂၇ ဦး၊ တစ်ကြိမ်ထက်ပို၍ မဲစာရင်းတွင် ပါဝင် သူ (ထပ်နေသော မဲစာရင်း) ၃၅၈၀၁၈ ဦး ပိုမို စိစစ်တွေ့ရှိရပါကြောင်း၊ ယခုဆက်လက်ပြီး ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ထုတ်ပြန်လျက်ရှိမှု အခြေ အနေများကို တင်ပြမှာဖြစ်ပါကြောင်း၊ ပြည်ထော င်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှပြီလ ၈ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ၈ ခုအတွင်းရှိ မြို့နယ်ပေါင်း ၁၀၁ မြို့နယ်ရှိ မဲရုံပေါင်း ၁၃၁၉၂ ရုံ၏ ဆန္ဒမဲ လက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ ဝန်ထမ်းများပါဝင် သည့် ပူးပေါင်းအဖွဲ့ဖြင့် စနစ်တကျ ဖွင့်ဖောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ဆေးမှုစာရင်းချုပ် အရ ထုတ်ယူရရှိသည့် မဲလက်မှတ်ပေါင်း ၁၄၉၈၄၅၂၈၊ အသုံးပြု ၉၇၁၄၂၈၆၊ ကျန်ရမည့်အရေ အတွက် ၅၂၇၀၂၄၂ ဖြစ်သော်လည်း မြေပြင် လက်ကျန် ၄၈၄၁၅၀၃ ဖြစ်ပြီးကွာခြားချက်အနေဖြင့် ပျောက်ဆုံး ၅၉၇၄၀၃ နှင့် အပို ၁၆၈၆၆၄ ဖြစ်ပေါ် လျက်ရှိကြောင်း အဆိုပါ ပျောက်ဆုံးမဲ ၅၉၇၄၀၃ မဲနှင့် ပိုသုံး/ အပိုလက် ကျန်မဲ ၁၆၈၆၆၄ သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန် နှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်လုပ်ငန်း လမ်းညွှန်များနှင့် ညီညွတ်ခြင်းမရှိဘဲ မဲမသမာမှု များ ဖြစ်ပေါ်စေကြောင်း ရှင်းလင်းပြောကြားသည်။
မဲစာရင်းကွင်းဆင်းစစ်ဆေးမှု နေ့စဉ်ထုတ်ပြန်ပေး
၁၁။ ယခုဆက်လက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လက်ရှိဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည်များကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါကြောင်း၊ ပူးပေါင်း စစ်ဆေးရေး အဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသ ကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များရှိ မဲစာရင်းနှင့် ဆန္ဒမဲလက်မှတ်များကို မြေပြင်ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး စစ်ဆေးတွေ့ ရှိမှုများကိုလည်း နိုင်ငံပိုင်ရုပ်မြင်သံကြား၊ သတင်းစာ၊ ရေဒီယိုများမှ အသေးစိတ်စာရင်းဇယားများဖြင့် နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင်လည်း စိစစ်တွေ့ရှိမှု များ၊ မဲမသမာမှုဖြစ်စဉ်များကို Power Point, Video clip များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီးဖြစ် ၍ယနေ့သတင်းစာရှင်းလင်းပွဲတွင် စစ်ဆေးတွေ့ရှိမှု အခြေအနေများကို ခြုံငုံပြီးတင်ပြမှာဖြစ်ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲသည် ယခင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများနှင့်မတူဘဲ အခက်အခဲ၊ ကန့်သတ်ချက်များစွာကြားက ကျင်းပ ဆောင်ရွက်ရခြင်းဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာများလည်း ကြီးမားစွာပေါ်ပေါက်ခဲ့ကြောင်း၊ ကိုဗစ်၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ရွေးကောက်ပွဲကာလလုပ်ငန်းစဉ်များ ဖြစ်သည့် မဲစာရင်း ကပ်ထားခြင်းနှင့် မဲဆန္ဒရှင်များက ဖြည့်စွက်၊ ကန့်ကွက်၊ ပြင်ဆင်မှုဆောင်ရွက်ခြင်း၊ မဲလက်မှတ်အပ်နှံ၊ ရိုက်နှိပ် ထုတ်ပေးခြင်း၊ ရွေးကောက်ပွဲသုံးပစ္စည်းများ ဝယ်ယူဖြန့်ဝေခြင်း အပါအဝင် ရွေးကောက်ပွဲစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု လုပ်ငန်း ဆောင်ရွက်ရာတွင် ကန့်သတ်ချက်နှင့် အခက်အခဲများစွာရှိခဲ့ကြောင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း၊ မဲဆွယ်စည်း ရုံးခြင်း၊ ရုပ်မြင်သံကြား၊ရေဒီယိုမှ ဟောပြောစည်းရုံးရန် အသံသွင်းရိုက်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း ကိုဗစ်-၁၉ ရေရောဂါဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအရ အခက်အခဲများစွာရှိပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပါတီများက ကန့်ကွက်ခြင်း၊ အကြံပြုခြင်းနှင့် ရွေးကောက်ပွဲရွှေ့ဆိုင်း ပေးရန် တောင်းဆိုမှုများလည်းရှိခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ အထူးသဖြင့်ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များကို သင်တန်းပေးရာတွင် အပြည့်အဝဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ဝေးလံခေါင်ဖျားဒေသများနှင့် သွားလာရန် ကန့်သတ်မှုရှိသော ဒေသများအတွက် မဲရုံသုံး ပစ္စည်း၊ ကြိုတင်မဲလက်မှတ်နှင့် မဲလက်မှတ်များ အချိန်မီပို့ဆောင်ရန် အခက်အခဲရှိခဲ့သော်လည်း တပ်မတော်က လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော များကူညီပေးခဲ့သဖြင့် အချိန်မီရောက်ရှိဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၏ ထူးခြားချက်ကတော့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအရ Stay at Home ဒေသများရှိ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များထံ အိမ်တိုင်ရာရေရောက် လိုက်လံ၍ ကြိုတင်မဲကောက်ခံခြင်း၊ အခြားဒေသများရှိ အသက် ၆ဝနှစ်နှင့်အထက် မဲဆန္ဒရှင်များအား ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင် ကြိုတင်မဲပေးခွင့်ပြုခြင်း များဆောင်ရွက်ခြင်း၊ မိမိနေရပ် မပြန်နိုင်သူများအား ပုံစံ(၁၅)ဖြင့် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးခြင်း အပါအဝင် မဲစာရင်းဆိုင်ရာ၊ ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့ မဲပေးခြင်း လုပ်ငန်းစဉ်များ အတွက် ဖြေလျှော့ပြင်ဆင်သည့် ညွှန်ကြားချက် ထုတ်ပြန်ဆောင်ရွက်ခြင်းများ ရှိခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ်ရန် လိုအပ်သည့် ညွှန်ကြားချက်များကိုလည်း တွေ့ရှိရကြောင်း၊ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်သည့် မဲဆန္ဒနယ်မြေများစာရင်း ကြေညာရာတွင်လည်း ကန့်ကွက်မှုနှင့် အငြင်းပွားမှု များစွာရှိခဲ့ကြောင်း၊ အခြားထူးခြားချက်တစ်ခုကတော့ ကြိုတင်မဲပေးသူ အရေအတွက် အလွန် များပြားခြင်းဖြစ်ပြီး ကြိုတင်မဲကောက်ယူခြင်းနှင့် ကြိုတင်မဲပေးခြင်းဖြစ်စဉ်များမှာ ကန့်ကွက်လွှာ၊ အငြင်းပွားမှုနှင့် တိုင်ကြားမှုများစွာရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ပြည်သူ့ လွှတ်တော်တွင် မဲပေးသူပေါင်း ၂၇၅၁၂၈၅၅ ဦး အနက် ကြိုတင်မဲပေးသူ ၅၈၈၄၄၂၀ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၂၁ ဒသမ ၃၈ ရာခိုင်နှုန်းရှိပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးသူ ပေါင်း ၂၃၉၁၁၇၈၄ ဦး အနက် ကြိုတင်မဲပေးသူ ၁၄၃၈၁၈၂ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆ ဒသမ ၀၁ ရာခိုင်နှုန်းသာရှိသည်ကိုတွေ့ရှိရကြောင်း၊ ကြိုတင် မဲကောက်ခံခြင်း မဲပေးခြင်းများ ဆောင်ရွက်ရာတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာမှုဖြစ်စဉ်များကိုလည်း ယခင်သတင်းစာ ရှင်းလင်းပွဲများတွင် ဓာတ်ပုံ Video Clip များဖြင့် အသေးစိတ် ရှင်းလင်းတင်ပြ ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆန္ဒမဲလက်မှတ် မှားယွင်းထုတ်ပေး
၁၂။ ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဦးစီးသည့် ပူးပေါင်းအဖွဲ့များ ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များ မြေပြင်ကွင်း ဆင်းစစ်ဆေးချက်များကို အသေးစိတ်စာရင်းဇယား များဖြင့် ထုတ်ပြန်လျက်ရှိကြောင်း၊ မဲလက်မှတ်များ ပျောက်ဆုံးခြင်း တရားမဝင် အပိုသုံးခြင်း၊ အပိုရရှိ ခြင်းများ တွေ့ရှိရပြီး ထူးခြားချက်များအနေဖြင့် တပ်ကုန်းမြို့နယ်၊ ခရမ်းစပ်ကုန်း ကျေးရွာအုပ်စု၊ မဲရုံအမှတ်(၂)ကြိုတင်ဆန္ဒမဲလက်မှတ် လက်ကျန် ၂ စောင်တွင် ဆန္ဒပြုပြီး လက်ဗွေနှိပ်ပြီး အမည် စာရင်းဖြည့်သွင်းပြီးဖြစ်သော်လည်း မဲလက်မှတ် စာအုပ်တွင် လက်ခံဖြတ်ပိုင်းနှင့်တွဲလျက် ကျန်ရှိ နေကြောင်း တွေ့ရှိရခြင်း၊ (လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိ)၊ ပျော်ဘွယ်မြို့နယ်၊ တာမွေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ မုံရွာ မြို့နယ်၊ လှည်းကူးမြို့နယ် အပါအဝင် ထုတ်ပြန်ပြီး မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသည် ၂၀၂၀ ပြည့်နှစ် နိုဝင် ဘာလ ၈ ရက်နေ့နောက်ပိုင်းနှင့် ယခုမဲလက်မှတ် များ စစ်ဆေးချိန်မှသာ အသုံးပြုပြီး မဲလက်မှတ် လက်ခံဖြတ်ပိုင်းနှင့် အသုံးမပြုရသေးသော မဲလက် မှတ်များအား သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ အပ်နှံ ထားရှိကြောင်း တွေ့ရှိရခြင်း၊ ပေါက်မြို့နယ်၊ ကျောင်းကုန်းကျေးရွာအုပ်စု၊ မဲရုံအမှတ်(၁)မဲရုံ၌ ပေးသော မဲလက်မှတ်စာအုပ် ၁ အုပ်တွင် မဲလက် မှတ်လက်ခံဖြတ်ပိုင်း၌ မဲဆန္ဒရှင်အမည်၊ မဲရုံအမှတ်၊ ရပ်/ကျေးအမည်များ ထည့်သွင်းထားရှိမှု မရှိခြင်း၊ မုံရွာမြို့နယ်၊ မုံရွေးကျေးရွာအုပ်စု၊ မဲရုံအမှတ်(၂) တွင် အလားတူ မဲလက်မှတ်လက်ခံဖြတ်ပိုင်း ၁၉၇ စောင် တွေ့ရှိရခြင်း၊ (ဆိုလိုသည်မှာ မည်သူမဲပေး ထားကြောင်း တိုက်ဆိုင်စိစစ်ရန်ခက်ခဲခြင်း၊ မဲမသမာမှုဖြစ်နိုင်ခြင်း၊ ချီဖွေမြို့နယ် အပါအဝင် မြို့နယ်အချို့၏ ဆန္ဒမဲလက်မှတ်စာအုပ်များကို စိစစ်ရာတွင် သတ်မှတ်အရေအတွက် ၅၀ မပြည့်သော မဲလက်မှတ်စာအုပ်များ၊ အရေအတွက် ၅၀ ထက်ပိုနေသော မဲလက်မှတ်စာအုပ်များကို တွေ့ရှိ ရခြင်း၊ ရေစကြိုမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲတွင် ကြိုတင်ဆန္ဒမဲပေးရန်အတွက် ထုတ်ပေးခဲ့သော ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်များတွင် ရေစကြိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းများဖြစ်ကြသည့် ဦးကျော်နိုင်ဦး (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ)၊ ဦးချမ်းမင်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ သရေစည်သူ ဦးစိုးမောင်(အမျိုးသားနိုင်ငံရေးဒီမို ကရက်တစ်ပါတီ)၊ ဦးတင်အောင်(ပြည်သူ့ရှေ့ဆောင် ပါတီ)၊ ဦးလွင်မြင့်ဦး(အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ)နှင့် ဦးအောင်မြင့်ကြည် (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) တို့၏ အမည်များ မဟုတ်ဘဲ ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် သက်ဆိုင်ခြင်းမရှိသော မကွေးမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် ဒေါ်တင်မိုးခိုင် (ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ)၊ ဦးမြင့်ဦး (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ဦးဝင်းကိုကို (ပြည်သူ့ ရှေ့ဆောင်ပါတီ)၊ ဦးသန်းထွေး (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) နှင့် ဦးအောင်သိန်းကျော် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) တို့၏ အမည်များပါရှိသည့် ဆန္ဒမဲလက်မှတ်များပါ ရှိလာပြီး မှားယွင်းထုတ်ပေးခြင်း၊ ကြိုတင်မဲပေး သည့်ကာလ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု ၇ ခုရှိ မဲရုံပေါင်း ၈ရုံတွင်မဲလက်မှတ် မှားယွင်းသူ ၂၇၈ ဦးနှင့် ဆန္ဒမဲပေးပြီးသူ ၆၆၇ ဦး၊ စုစုပေါင်း ၉၄၅ ဦး မဲပေးထားကြောင်း စိစစ်တွေ့ရှိ ရသဖြင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ၎င်းမဲလက်မှတ် ၉၄၅ စောင်နှင့် လက်ကျန် ၅ စောင်ကို မြို့နယ် ရဲစခန်းတွင် သိမ်းဆည်းထားရှိပြီး ၎င်းအစား မဲလက်မှတ် ၁၉ ထုပ် ၉၅၀ စောင်ဖြင့် ပြန်လည် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ခြင်း၊ ရဲစခန်းအတွင်းရှိ ငွေတိုက်တွင်သိမ်းဆည်းထားသည့် ဆန္ဒပြုထား ခြင်းမရှိသေးသော ဆန္ဒမဲလက်မှတ်စာအုပ်အသစ် များကို ပြန်လည်စစ်ဆေးရာတွင် ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်များ ပါဝင်သက်ဆိုင်ခြင်းမရှိသည့် မကွေး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း များ အမည်သာပါသည့် ဆန္ဒမဲလက်မှတ် စုစုပေါင်း ၂၀၅၀ စောင် (အုပ်ရေအားဖြင့် ၄၁ အုပ်)ကို စစ်ဆေးတိုက်တွင် သဘင်ရွက်ခဲ့ခြင်းဖြင့် ပြန်လည် တွေ့ရှိရပြီး ချိပ်ပိတ်ကာ ရဲစခန်းအတွင်းရှိ ငွေတိုက်တွင် သိမ်းဆည်းထားခြင်း၊ ရေစကြိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိချိပ်ပိတ်ထားသော ဆန္ဒမဲလက်မှတ်စာအိတ် ၅ အိတ်တွင် NLD အမှတ် တံဆိပ်ပါ Label ကတ်ပြားအားသံကွင်းဖြင့်ဖောက်ကာ ဆန္ဒမဲလက်မှတ်အိတ် ချည်သောကြိုးဖြင့် တစ်ပါတည်း တွဲလျက်ချည်ထားပြီး ချိပ်ပိတ်ထား သည်ကိုတွေ့ရှိရခြင်း၊ ၎င်း Label ကတ်ပြားများမှာ မဲရုံတွင်အသုံးပြုရန် ထုတ်ပေးထားသည့် ပစ္စည်းများ မဟုတ်သဖြင့် NLD ရုံးမှ ပေးပို့သည့်မဲလက်မှတ်များ ဖြစ်နိုင်ပြီး ခိုင်လုံမဲများအဖြစ် အတည်ပြုရန်ခက်ခဲပြီး မဲမသမာမှုများ ပြုလုပ်ထားခြင်းများ တွေ့ရှိရကြောင်း ရှင်းလင်းပြောကြားသည်။ အလားတူ စိစစ်ချက်အရ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆန္ဒမဲလက်မှတ်များ၏ မှားယွင်းမှုနှင့် ချို့ယွင်း အားနည်းချက်များအနေနှင့်လည်း မကွေးတိုင်း ဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြည်သူ့လွှတ်တော်ဆန္ဒမဲ လက်မှတ် စာအုပ် ၁ အုပ်၏ အဖုံးတွင် ဆင်ပေါင်ဝဲ မြို့နယ်ဟု ဖော်ပြထားသော်လည်း အတွင်းတွင် မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် ဖြစ်နေခြင်း၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ထုတ်ပေးခဲ့သည့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ဆန္ဒမဲလက်မှတ်စာအုပ် ၂ အုပ်၏အဖုံးတွင် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)ဟု ဖော်ပြထားသော်လည်း အတွင်းတွင် မြို့သစ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒ နယ်အမှတ်(၂)ဆန္ဒမဲလက်မှတ် ဖြစ်နေခြင်း၊ မကွေး တိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲသို့ ထုတ်ပေးခဲ့သည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ဆန္ဒမဲလက်မှတ် စာအုပ် ၂ အုပ်၏ ပထမ ၂ ရွက်မှာ ပေါက်မြို့နယ် ပြည်သူ့လွှတ်တော်ဆန္ဒမဲ လက်မှတ်ဖြစ်သော်လည်း ဒုတိယ ၁၆ ရွက်သည် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် ဖြစ်နေခြင်း၊ တတိယ ၃၂ ရွက်သည် ပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်ဖြစ်နေခြင်း၊ စာအုပ်၁ အုပ်၏ ပထမ၂၆ ရွက်သည် ပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်ဖြစ်သော်လည်း ဒုတိယ ၂၄ ရွက်သည် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်ဖြစ်နေခြင်း၊ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ထုတ်ပေးခဲ့သည့် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် စာအုပ် ၁ အုပ်၏ ပထမ ၂ ရွက် သည် ဆောမြို့နယ် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက် မှတ်ဖြစ်နေခြင်း၊ မကွေးတိုင်းဒေသကြီး၊ စလင်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ထုတ် ပေးခဲ့သည့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)ဆန္ဒမဲလက်မှတ် စာအုပ် ၁ အုပ်၏ အဖုံးတွင် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)ဟု ဖော်ပြထားသော်လည်း အတွင်းတွင် နတ်တလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ဆန္ဒမဲလက်မှတ်ဖြစ်နေခြင်း၊ မကွေးတိုင်းဒေသကြီးရေစကြိုမြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲသို့ ထုတ်ပေးခဲ့သည့် ပြည်သူ့ လွှတ်တော်ဆန္ဒမဲလက်မှတ် စာအုပ် ၃၈ အုပ်တွင် မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်များ ရောထွေးပါဝင်နေခြင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ထုတ်ပေးခဲ့သည့် ဆန္ဒမဲလက်မှတ်များအနက် မဲလက်မှတ်စာအုပ် ၈၃၆ အုပ်သည် အစွန်းအထင်း ပါနေခြင်း၊ မဲလက်မှတ် စာအုပ် ၁၅ အုပ်တွင် ၅၀ ရွက်အစား ၄၈ ရွက်သာရှိခြင်း၊ မဲလက်မှတ် ၃၅ အုပ်တွင် ၅၀ ရွက်အစား ၅၂ ရွက်ဖြစ်နေခြင်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ထုတ်ပေးခဲ့သည့် အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၁) မဲလက်မှတ် စာအုပ် ၃၀ အုပ်မှာ အတွင်း၌ မဲလက်မှတ်များမှာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)၊ အမှတ်(၈)၊ အမှတ်(၁၀)တို့၏ဆန္ဒမဲလက်မှတ် ၄၁၉ ရွက်ရောနှောပါဝင်နေခြင်း၊ ရှမ်းပြည်နယ်၊ လွိုင်လင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ထုတ် ပေးခဲ့သည့် ဗမာတိုင်းရင်းသားလူမျိုး ဆန္ဒမဲလက်မှတ်တွင် လက်ချောင်းထိပ်မင်စွန်းနေသော မဲလက် မှတ်စာရွက် ၃ဝ ရွက်ပါဝင်နေခြင်းတို့ကို စိစစ်တွေ့ရှိရသဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် ဖွဲ့စည်းထားသော စေ့စပ်ညှိနှိုင်းရေး ကော်မတီများက ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်၍ ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း၊ ကနီမြို့နယ်၊ ဘုတ်ကုန်းကျေးရွာ မဲရုံအမှတ်(၂)မှ ပြည်သူ့ လွှတ်တော်ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းများ မတွေ့ရှိဘဲ ကြိုတင်မဲလက်ကျန်သာ တွေ့ရှိရသဖြင့် စိစစ်ခဲ့ရာ မဲလက်မှတ်လက်ခံဖြတ်ပိုင်းများကို မဲရုံမှူးက သိမ်းဆည်းထားပြီး လာရောက်အပ်နှံမှု မပြုခြင်းနှင့် မြို့နယ်လက်ကျန်မြေပြင်တွေ့ရှိ စာရွက် ၉၃၅၀ စောင် (၁၈၇ အုပ်) အနက် မဲလက်မှတ် နံပါတ်စဉ်မပါ ၉ အုပ်တွေ့ရှိရပြီး ၎င်းတို့အနက် ၁ အုပ်တွင် မဲဆန္ဒရှင်လက်မှတ် သို့မဟုတ် လက်ဗွေအမှတ်အသားမပါ အသုံးပြုပြီး ဖြတ်ပိုင်း ၄ စောင် ပါရှိကြောင်း တွေ့ရှိရခြင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ အနေဖြင့် ကြို့ပင်ကောက်မြို့နယ်၊ စစ်ကုန်း(၁)ကျေးရွာအုပ်စု မဲရုံ အမှတ်(၁)၊ ပဲခူးတိုင်း ဒေသကြီးလွှတ်တော်၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော် ဆန္ဒမဲ လက်မှတ်များအား ဖွင့်ဖောက် စစ်ဆေးခဲ့ရာ NLD ပါတီ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နော်ပွယ်စေး၏ ခိုင်လုံမဲ များထဲတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မှ ဆန္ဒမဲလက်မှတ် (အဝါရောင်နောက်ခံအညိုစင်း) များဖြင့် ထပ်မံ ဆန္ဒပြုမဲပေးထားသည့် ခိုင်လုံမဲ ၇၃ စောင် ရောနှောပါရှိနေကြောင်း တွေ့ရှိရခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ချောင်းရင်း ကျေးရွာအုပ်စု၊ မဲရုံအမှတ်(၂)၏ ကြိုတင်မဲ လက်မှတ် လက်ခံဖြတ်ပိုင်းများတွင် အခြားမဲရုံ၇ ရုံမှ မဲဆန္ဒရှင်များက မဲပေးထားခြင်း၊ မဲဆန္ဒရှင်လက်မှတ်မထိုးထားခြင်း၊ ပြည့်စုံစွာဖြည့် စွက်ထားရှိမှု မရှိခြင်း၊ မဲစာရင်းပုံစံ (၁)တွင် ဦးထွန်းမြင့်၊ ဦးဝင်းမြင့် ဒေါ်ခင်ရွှေ၊ ဒေါ်နွေးနွေးလှိုင်နှင့် ဒေါ်ဟေမာန်ဦး စသည့်မဲဆန္ဒရှင် ၅ ဦးတို့၏ အမည်အား ခဲတံဖြင့် ထပ်မံဖြည့်စွက်ထားရှိသော်လည်း ကျန်အချက်အလက်များ ဖြည့်စွက်ထားရှိမှု မရှိခြင်းနှင့် မဲပေးထားရှိခြင်း၊ သရက်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ မဲရုံအမှတ်(၃)၏ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၏ မဲဆန္ဒရှင် စာရင်း ပုံစံ(၁)ကိုမြေပြင်စစ်ဆေးချက်အရ ရပ်/ကျေး ကြိုတင်မဲပေးထားသည့် မဲစာရင်း အမှတ်စဉ် ၉၉၅ ဒေါ်အေး အေးအောင်၊ အမှတ်စဉ် ၉၉၈ ဒေါ်မိုင်မယ်စင်နှင့် အမှတ်စဉ် ၁၀၀၀ ဦးရန်နိုင် လင်းတို့နှင့် စပ်လျဉ်း၍ “မြို့ တွင်းဝင်ခွင့်မရသဖြင့် ဖုန်းဖြင့် ဆန္ဒပြု”ဟု မှတ်ချက်ပြု ရေးသားထား သည်ကို စိစစ်တွေ့ရှိရခြင်း၊ အစရှိသည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသည့် ဖြစ်စဉ်၊ ဖြစ်ရပ်နှင့် မှတ်တမ်းများကို စိစစ်တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ သက်သေခံ စာရွက်စာတမ်းများ၊ မဲလက်မှတ် နမူနာများကို လည်း တစ်ပါတည်း ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ရရှိသော စာရင်းဇယားများအရ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ အထိ သက်ဆိုင်ရာရဲစခန်းများသို့ အမှုဖွင့် တိုင်ကြားထားသည့် အမှုပေါင်း ၅၄၆ မှုရှိပြီး တရားစွဲတင် ၃၃၄ မှု၊ ပိတ်သိမ်း ၁၇၂ မှုနှင့် လက် ကျန် ၄၀ မှုဖြစ်ကြောင်း၊ တရားမဲ့ပြုကျင့်မှုများနှင့် စပ်လျဉ်း၍ ကန့်ကွက်လွှာ အမှုပေါင်း ၂၈၇ မှုရှိပြီး မဲဆန္ဒရှင်များက တင်ပြသည့်အမှု ၉၄ မှု၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများက တင်ပြသည့် အမှု ၁၉၃ မှုတို့ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှု ၂၉ မှု၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှု ၄၅ မှု တင်သွင်းခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက များစွာ ပိုမိုနေသည်ကို တွေ့ရှိရမှာ ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာ တွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်သည့် မဲစာရင်းစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)