ကနောင်
ယမန်နေ့မှအဆက်
ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာရန်ကြိုးပမ်း
ပြည်သူများ ခရီးသွားလာမှုလွယ်ကူစေရေး အတွက် ကိုဗစ်-၁၉ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ရပ်နား ထားခဲ့ရသော မလိခအမြန်ရေယာဉ် စစ်တွေ - ရသေ့တောင် - ဘူးသီးတောင် ခရီးစဉ်ကိုလည်း မတ်လဆန်းမှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲလျက်ရှိနေပြီဖြစ်သည်ကိုလည်း မြင်တွေ့ရ သကဲ့သို့ မတ်လ ၂၄ ရက်နေ့တွင်လည်း မန္တလေး - ဗန်းမော် သင်္ဘောခရီးစဉ်များကို ပုံမှန်ပြေးဆွဲ ပေးလျက်ရှိနေပြီ ဖြစ်ပါသည်။ ။
ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလ ကြာရှည်စွာ ပိတ်ထားခဲ့သည့် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ ဆာဖာ ရီဥယျာဉ် (နေပြည်တော်)၊ နက္ခတ်တာရာပြခန်း (နေပြည်တော်)၊ တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)နှင့် တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ၂ တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လည်းကောင်း၊ အမျိုးသား ကန်တော်ကြီးဥယျာဉ် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် လှော်ကား ဥယျာဉ်တို့ကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအစီအစဉ်များနှင့်အညီ မတ်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်သဖြင့် အများ ပြည်သူတို့ စိတ်အပန်း ပြေသွားရောက်လည်ပတ် နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ။ ခရီးသွားကဏ္ဍကို ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိ
ထို့အတူ ခရီးသွားလုပ်ငန်းများ ပြန်လည် လည်ပတ်လာစေပြီး မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေနိုင်ရန်အတွက်လည်း ဒုတိယ တစ်လတာအတွင်း ခရီးသွားကဏ္ဍကို ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရပါသည်။
ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတစ်ခုဖြစ်သည့် ပုဂံညောင်ဦးဒေသ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဟိုတယ်လုပ်ငန်း ရှင်များနှင့် တွေ့ဆုံခြင်း၊ ခရီးစဉ် ( အသစ်များ၊ ခရီးသွားလာမှုဆိုင်ရာအစီအမံများကို မတ်လ ၄ ရက်နေ့တွင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ( မတ်လ ၆ ရက်နေ့တွင်လည်း ပြင်ဦးလွင်မြို့ အတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုများ အတွက် ဆွေးနွေးညှိနှိုင်းခြင်း၊ မတ်လလယ်တွင် လည်း ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ လုပ်ငန်းရှင်များ နှင့် တွေ့ဆုံခြင်း၊ ရန်ကုန်မြို့ အနီးတစ်ဝိုက် အပန်း ဖြေနေရာများ ဖော်ထုတ်ခြင်းများ ဆောင်ရွက်နိုင် လျက်ရှိသည်ကို မြင်တွေ့ရသည်။
ချင်းပြည်နယ်အတွင်း ဒေသခရီးသွားလုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အစီအမံများ ချမှတ်ဆောင်ရွက် လျက်ရှိနေပြီဖြစ်ရာ ချင်းပြည်နယ် ထန်တလန်မြို့နယ် ကျီရီးယန်းတောင်ကို အမျိုး သားဥယျာဉ်အဖြစ် အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး တီးတိန်၊ ဟားခါး၊ ထန်တလန်နှင့် ဖလမ်းမြို့နယ်များ အသီးသီးတွင်လည်း ဘေးမဲ့တောများ၊ သဘာဝ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ခရီးစဉ် အသစ်များကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြင့် ပြည်တွင်းခရီးသွားကဏ္ဍကို အမြန်ဆုံးအ ကောင် အထည်ဖော်လျက်ရှိနေပြီ ဖြစ်ပါသည်။ မန္တလေး-ဗန်းမော် သင်္ဘောခရီးစဉ်များပြန်လည်ပြေးဆွဲ ယာယီရပ် ဆိုင်းထားခဲ့ရသည့် မန္တလေးဗန်းမော် သင်္ဘောခရီးစဉ်များကို မတ်လ ၁၃ ရက် နေ့တွင် ပြန်လည်ပြေး ဆွဲပေးနိုင်ခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။ ပြဒါးပျံအမည်ရှိ သင်္ဘောသည် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့ပြီး ကျောက်မြောင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာနှင့် ရွှေကူမြို့ ဆိပ်ကမ်းများတွင် ဆိုက်ကပ်သွားမည် ဖြစ်ကာ ခရီးသည်နှင့် ကုန်စည်များကို တင်ဆောင် နိုင်ရေးအတွက် ရည်ရွယ်ပြေးဆွဲ ပေးခြင်းပင် ဖြစ်ပါ သည်။ ။
ကိုဗစ်ကပ်ရောဂါကြောင့် ပြည်သူများ စိတ်နှလုံးမွန်းကျပ်မှုကို ပြေလျော့စေနိုင်ရေး အတွက် ခရီးသွား လာအပန်းဖြေနိုင်ရေးရည်ရွယ်၍ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခရီးသွားလာနိုင်ရေး မော်တော် ယာဉ်လိုင်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ ခရီးသွားကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်းကိုလည်း ဆောင်ရွက် ပေးလျက်ရှိ သည်ကို မြင်တွေ့ရသည်။ ထို့ပြင် မြန်မာ့မီးရထားမှ လည်း မန္တလေး-နေပြည်တော်-ရွာသာကြီး အမှတ်(၉၂၄)အစုန် ကုန်သေတ္တာရထားခရီးစဉ်ကို မတ်လ ၁၇ ရက်နေ့တွင် စတင်ပြေးဆွဲပေးခဲ့သည်။ သို့သော် မသမာသူ အကြမ်းဖက်သမားများက သံလမ်းဆက်များ ဖြုတ်ထားခြင်း၊ သံလမ်းထိန်း ကလစ်များဖြုတ်ထားခြင်း ကြုံရသော်လည်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးရထားဝန်ထမ်းများ၏ ပြန်လည်ပြုပြင်ပေး မှုကြောင့် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းသို့ အောင်မြင်စွာရောက်ရှိခဲ့သည်ကိုလည်း မြင်တွေ့ရ သည်။
မြန်မာ့မီးရထားမှ နေပြည်တော်-မန္တလေး လမ်းပိုင်းခရီးသည်များ သွားလာမှု လွယ်ကူစေရေး အတွက် RBE နှစ်တွဲပါ လူစီးရထားတွဲဆိုင်းဖြင့် နေပြည်တော်-သာစည်-မန္တလေး ခရီးစဉ်ကိုလည်း မတ်လ ၂၃ ရက်နေ့တွင် စတင်ပြေးဆွဲပေးနိုင်ခဲ့ပါ သည်။ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်မှု ကောင်စီ၏ စီမံမှု၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ၏ ကြီးကြပ်မှုဖြင့် ကိုကိုးကျွန်းမြို့နယ်သို့ ပြေးဆွဲ သည့် MV. CHARITES သင်္ဘောခရီးစဉ်ကိုလည်း မတ်လ ၂၈ ရက်နေ့တွင် စတင်ပြေးဆွဲပေးနိုင်ခဲ့ပါ သည်။
ထင်ရှားကျော်ကြားသည့် ခရီးသွားဒေသများ ၂ ဖြစ်သော ပုဂံညောင်ဦးဒေသ၊ ငပလီ၊ ချောင်းသာ ကမ်းခြေ စသည့် ဒေသများကိုလည်း ခရီးသွားရာသီ ဖြစ်သည်နှင့်အညီ ခရီးသည် ပိုမိုဝင်ရောက်လာစေ ရန်အတွက် ဟိုတယ်များ ပြန်လည်ဖွင့်လှစ်ပေးခြင်း၊ အပန်းဖြေခရီးစဉ်သစ်များ ဖော်ဆောင်ခြင်းတို့ကို လည်း စတင်ဆောင်ရွက်နေသည်ကို မြင်တွေ့ရ သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးအစီအမံများ ကမ္ဘာ့ကပ်ရောဂါကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို နိုင်ငံတော်အဆင့်သံဃမဟာနာယက အဖွဲ့ဝင်များအား ဒုတိယအကြိမ် ထိုးနှံခြင်းကို မတ်လ ၁၉ ရက်နေ့တွင် စတင်ထိုးနှံပေးလျက်ရှိ သည်။ ထို့ပြင် မတ်လ ၁ ရက်နေ့မှစတင်၍ ဒေသ | အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည် ကိုလည်း မြင်တွေ့ရပါသည်။ တပ်မတော်အနေဖြင့် တိုင်းစစ် ဌာနချုပ်နယ်မြေအသီးသီးရှိ ဆရာတော်၊ သံဃာတော်များအပါအဝင် အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးထိုးလုပ်ငန်းများကို ( တစ်လတာအတွင်း ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ခဲ့ ( ပါသည်။ ။
ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာ
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ပြည်သူများ၏ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ၊ အခက် အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် ဆေးရုံများနှင့် ယာယီ ကုသရေး ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေး လျက်ရှိသည်ကို မြင်တွေ့ရပါသည်။
သာသနာရေးဆောင်ရွက်ချက်များ
နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ပလ္လင်တော်အပိုင်း ၂ နှင့် အပိုင်း (၁/၂) အရန်တို့ကို ကြိုဆိုပင့်ဆောင်ခြင်း မဟာ ( မင်္ဂလာအခမ်းအနားကို မတ်လ ၁၄ ရက်နေ့တွင် လည်းကောင်း၊ မတ်လ ၂၆ ရက်နေ့တွင် ပဉ္စမအကြိမ် ရုပ်ပွားတော်မြတ်ကြီး အစိတ် အပိုင်းများအား ကြိုဆို ပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကိုလည်း ကောင်း အောင်မြင်စွာ ကျင်းပနိုင် ခဲ့ပြီဖြစ်ပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် အကြိမ် (၆၀) မြောက် မဟာ ဘွဲ့နှင်း သဘင် အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါ သဏလိုဏ်ဂူသိမ်တော်ကြီး အတွင်း ကျင်းပခဲ့ပြီး သာသနာဝင်စာမေးပွဲများတွင် ဂုဏ်ထူးများဖြင့် အောင်မြင်ကြသော အထူးအောင် သံဃာတော်များ၊ သီလရှင်များအား ဘွဲ့တံဆိပ်တော် များနှင့် အောင်လက် မှတ်များကို ချီးမြှင့်ပေးအပ်နိုင်ခဲ့ သည်။ မတ်လ ၂၇ ရက်နေ့တွင်လည်း ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ပူဇော်ပွဲမဟာမင်္ဂလာကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်ရှိ သာသနာ့မဟာဗိမာန်တော် ကြီးတွင် ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့ကိုယ်တိုင် ကြည်ညိုစွာ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံ ဆိပ်တော်ရ ဆရာတော်ကြီး ၁၃ ပါးနှင့် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာ တော်ကြီး ခုနှစ်ပါးတို့အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်နိုင်ခဲ့ခြင်းအပြင် ကျန်းမာရေးအခက်အခဲ ကြောင့် ဘွဲ့တံဆိပ်တော် များ ဆက်ကပ်ပွဲသို့ မတက် ရောက်နိုင်သည့် ဆရာတော်ကြီးများကို သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိ သူများက သွားရောက် ဆက်ကပ်ပူဇော်ပေးခဲ့ရာတွင်လည်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် နဂါးနှစ်ကောင် ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော် ဩဝါဒါစရိယ အဘိဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိအား အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို နိုင်ငံတော် စီမံအုပ် ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် မတ်လ ၂၈ ရက်နေ့တွင် သွားရောက် ဆက်ကပ် ခဲ့ရာ သာသနာတော်အတွက် တစ်ဖက်တစ်လမ်းမှ အားဖြည့်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၆၀၉ ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် မဟာပဋ္ဌာန်းဒေသနာ တော်ရွတ် ဖတ်ပူဇော်ခြင်းကို မတ်လ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း၊ ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး၏ ၁၂၈ ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မတ်လ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ကျင်းပနိုင်ခဲ့ခြင်း၊ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုး များ၊ အခြားဘာသာရေးကျောင်းများ၌ အများ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် | ဝတ်ပြု ကြည်ညိုနိုင်ခဲ့ခြင်းတို့ကိုလည်း ယခုလအတွင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို ဝမ်းမြောက် ဖွယ်မြင် တွေ့ရ ပါသည်။
ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာ မည့် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင်တည်ထား ပူဇေမည့်ဘူမိဖဿမုဒြာ ထိုင်တော် မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများအား နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများထံ တင်ပြ
လျှောက်ထား၍ ဩဝါဒခံယူပွဲကိုလည်း မတ်လ ၂၅ ရက်နေ့တွင် ကျင်းပနိုင်ခဲ့ပါသည်။ အခမ်းအနား တွင် ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ ဆရာတော် ကြီးများထံ တင်ပြလျှောက်ထားခဲ့ပြီး ဉာဏ်တော် ၈၁ ပေအမြင့်ရှိ စကျင်ဆင်းတုတော်ကြီးကို မြန်မာ နိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပလျက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း ပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်ကားမှုဖြစ်စေရန် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် တည်ထားခြင်းဖြစ်ပါကြောင်း နှင့် မတ္တရာမြို့နယ် စကျင်တောင်မှသည်တည်ထား ကိုးကွယ်မည့်နေရာအထိ သယ်ယူပင့်ဆောင်လာ ခဲ့ပုံအဆင့် ဆင့်နှင့် တည်ထားဆောက်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို တင်ပြလျှောက်ထားခဲ့ပါသည်။
ပြည်တော်ပြန်များ ပြန်လည်ခေါ်ဆောင် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားရေလုပ်သားများအား တပ်မတော်မှ စစ်ရေယာဉ် (တပင်ရွှေထီး) ဖြင့် မြန်မာနိုင်ငံသို့ မတ်လ ၁၀ ရက်နေ့တွင် ပြန်လည်ခေါ်ဆောင် ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္က၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်အတိုင်း မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရ သည့် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းမှ မြန်မာ နိုင်ငံသား ရေလုပ်သားများကို မြန်မာ့တပ်မတော် (ရေ) မှ ဗိုလ်မှူးကြီးကျော်လင်းဇော် ဦးဆောင်သော စစ်ရေယာဉ်(တပင်ရွှေထီး)ဖြင့် မတ်လ ၆ ရက်နေ့ တွင် သွားရောက်ခေါ်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသား ရေလုပ်သား ၇၀ ခန့်ကို အိန္ဒိယနိုင်ငံ တာဝန်ရှိသူများထံမှ စနစ်တကျ လွှဲပြောင်းလက်ခံပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ ကြိုဆိုနေရာချပေးခြင်းများ ဆောင်ရွက်ကာ မတ်လ ၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ပို့ဘလဲယား ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာလာခဲ့ရာ မတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ အမှတ် (၃) ရေတပ် ဆိပ်ကမ်းသို့ ရေမိုင်အသွားအပြန် ၈၃၀ ခန့် ခုတ်မောင်း၍ ပြန်လည်ရောက်ရှိခေါ်ဆောင်လာနိုင် ခဲ့သည်မှာလည်း ပြည်ပရောက်မြန်မာနိုင်ငံသား များအရေးကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။
ပြည်သူများသတင်းမှန်သိရှိနိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သည် မတ်လ ၂၆ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ပြည်သူ့ကောင်စီဥက္ကဋ္ဌနှင့် သမ္မတ၏ သတင်း ပြန်ကြားရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်ဖြစ်သူ Mr. Pavel GUSEV နှင့် ရုရှားနိုင်ငံမှ သတင်းဌာန များအား နေပြည်တော်ရှိ ဆင်ဖြူရှင်ဧည့်ရိပ်သာ၌ သီးခြားစီတွေ့ဆုံ၍ သတင်းဌာနများက မေးမြန်း သည့် မြန်မာ့နိုင်ငံရေး၊ လက်ရှိအခြေအနေနှင့် အနာဂတ် အစီအမံများကို ပြည့်ပြည့်စုံစုံ ရှင်းလင်း ဖြေကြားပေးခဲ့သည်မှာ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေကို ကမ္ဘာ့မီဒီ ယာများအထိ ရှင်းလင်း ပြတ်သားစွာ ဖော်ထုတ်ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။
(၁၈) ကြိမ်မြောက် အာဆီယံပြန်ကြားရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကို မတ်လ ၁၀ ရက်နေ့တွင် အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ထိုင်းနိုင်ငံမှ တာဝန်ယူကျင်းပခဲ့ပြီး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်မှ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။ အာဆီယံပြည်သူ များအကြား ဒစ်ဂျစ်တယ်သိနားလည်မှုဆိုင်ရာ ဆောင်ရွက်မှုများကို ထည့်သွင်း ဆွေးနွေးခဲ့ကြပြီး အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ရုပ်ရှင် ကဏ္ဍပူးပေါင်း ဆောင်ရွက် နိုင်ရေး အပါအဝင် ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးတွဲဆောင်ရွက်ချက် များ ပြုလုပ် နိုင်ရန်အတွက် ရည်ရွယ် ဆွေးနွေးခဲ့ကြ သည်ကိုလည်း သိရှိရပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့က လက်ရှိနိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေ အနေများနှင့်စပ်လျဉ်း၍ သတင်း ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက ဦးဆောင် | သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို မတ်လ ( ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပါသည်။ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများနှင့် တွေ့ဆုံ ၍ ယခင်အစိုးရလက်ထက် တာဝန်ရှိသူများအနေ ဖြင့် အဂတိလိုက်စားမှုများနှင့် ဗြိစွန်းကြောင်း စိစစ် တွေ့ရှိရသဖြင့် စစ်ဆေးဖော်ထုတ်သည့် အခြေ အနေများ၊ ယခင်မဲရလဒ်ကြေညာချက်များနှင့် ရွေးကောက်ပွဲ ကော်မရှင်အသစ်မှ စစ်ဆေးဖော် ထုတ်ချက်များအရ ကွာဟချက်များ ယခင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး၏ ပြည်သူ လူထုသိရှိစေရန် ပြောဆိုချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည့် သက်သေ အထောက်အထားများကို ရှင်းလင်းပြသခြင်း၊ မီဒီယာ | သမားများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ပေးနိုင်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့သည် မတ်လ ၂၃ ရက်နေ့တွင် ၃/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။ နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဦးဆောင်သည့် တာဝန်ရှိသူများက သတင်းမီဒီယာများသိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်စပ်လျဉ်း၍လည်း တပ်မတော် နေ့အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံခြား စစ်သံမှူးများအား တာဝန်ရှိသူများက ရှင်းလင်းပြောကြားခြင်းအစီအစဉ်ကို မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်ဧည့်ခန်းမဆောင်၌ ကျင်းပနိုင်ခဲ့ခြင်းဖြင့် ပြည်တွင်းအခြေအနေသရုပ်မှန်ကို ဖော်ထုတ်ပြသ နိုင်ခဲ့ပါသည်။
ထိုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ တစ်နိုင်ငံ လုံးတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများ၊ မဲလိမ်မဲခိုးမှုများကြောင့် နိုင်ငံတော်တာဝန်ကို ရယူ ထိန်းသိမ်းခဲ့ရသည့် အခြေအနေ၊တပ်မတော်အနေဖြင့် မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်း ပေးရန်၊ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ စေ့စပ်ညှိနှိုင်း အဖြေရှာနိုင်ရေး တောင်းဆိုခဲ့သော်လည်း လျစ်လျူရှု ခဲ့ပြီး ယခုအခြေအနေသို့ ရောက်ရှိမှသာလျှင် စေ့စပ် ညှိနှိုင်းမှုများပြုလုပ်ရန် ပြောဆိုလျက်ရှိသည့် အခြေ အနေများ၊ နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ငြိမ်းချမ်းစွာဆန္ဒပြမှုအသွင်မှ အကြမ်းဖက်ဆူပူမှု အသွင်၊ ယင်းမှ မင်းမဲ့စရိုက်ဆန်သော လူအုပ်စုအသွင်၊ ထိုမှတစ်ဖန် လက်နက်ကိုင်အကြမ်းဖက်သည့်အသွင် သို့ အဆင့်ဆင့်ကူးပြောင်းလာသည့် အခြေအနေများ၊ မင်းမဲ့စရိုက်အသွင် လက်နက်ကိုင်အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ရာတွင် ပြည်သူပိုင်ရုံးများ၊ ရဲစခန်းများ၊ စာသင်ကျောင်းများ၊ စက်ရုံများ စသည်ဖြင့် မီးရှိ ဖျက်ဆီးမှုများ၊ လမ်းတံတားများ ဖောက်ခွဲဖျက်ဆီးမှု
များ ဆောင်ရွက်နေကြသည့်အခြေအနေ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့် လက်ရှိကိုင်တွယ်ဖြေရှင်းနေ ခြင်းတို့အပေါ် နိုင်ငံတကာမှသိရှိစေရန် ရည်ရွယ် ကာ အကျယ်တဝင့် ရှင်းလင်းပြောကြားနိုင်ခဲ့သည် ကိုလည်း မြင်တွေ့ရပါသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည်နိုင်ငံတော်လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်း သာယာရေးတို့ကို ထိခိုက်စေသည့်အကြောင်းအရာ များ၊ ပြစ်မှုကျူးလွန်သူများကို အားပေးကူညီရာ ရောက်သည့် အကြောင်းအရာများကို ရေးသား ထုတ်လွှင့်ဖော်ပြနေကြသည့် ယခင်ကထုတ်ဝေခွင့် ပြုပေးခဲ့သော မဇ္ဈိမ DVB၊ ခေတ်သစ်မီဒီယာ Myanmar Now နှင့် 7 Day သတင်းဌာနတို့၏ ထုတ်ဝေခြင်းလုပ်ငန်း အသီးသီးကို မတ်လ ၈ ရက် နေ့မှစ၍ ပိတ်သိမ်းလိုက်သည်ကို မြင်တွေ့ ရသည်။ မတ်လမှသည် ပြည်သူများရည်မှန်းချက်ဆီ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ရှေးရှု၍ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည့် ကိစ္စရပ်များကို အချိန်မဆိုင်းဘဲ အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါသည်။ တာဝန်ယူပြီးချိန် ဒုတိယတစ်လတာအတွင်းဆောင်ရွက်ချက်များသည် အလွန်ပင်များပြားလှ သည်ကို လည်း မြင်တွေ့ရမည်ဖြစ်ပါသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်တာဝန်များကို ဥက္ကဋ္ဌ၏ လမ်းညွှန် မှာကြားချက်များအတိုင်း ကောင်စီဝင်များက ဒေသအလိုက်အခြေအနေများ၊ တိုင်းပြည်လိုအပ် ချက်အခြေအနေများကို အပြန်အလှန်ညှိနှိုင်း ဆွေးနွေးအကောင်အထည်ဖော်ခဲ့ခြင်းကြောင့်ပင် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု ယူဆ ရမည်ဖြစ် ပါသည်။ ။
မည်သည့်ဒေသ။ မည်သည့်ပါတီ မည်သည့် တိုင်းရင်းသားအဖြစ် ပါဝင်ဆောင်ရွက်နေကြသည်ဖြစ်စေ ကောင်စီဝင် များအားလုံးသည် တိုင်းပြည် အကျိုးအတွက် ကိုယ်စီရှိနှင့်ပြီးသား အတွေ့အကြုံကောင်းများပေါ် အခြေခံကာ စုပေါင်းတိုင်ပင် ဆွေးနွေးခြင်းမှသည် ရှေ့လုပ်ငန်းစဉ်များကို အမြန်ဆုံး အကောင်အထည်ပေါ်လာမည်ဟု ယုံကြည် မိပါကြောင်းဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ဒုတိယတစ်လတာ ဖြတ်သန်းမှုကို ဖော်ပြ လိုက်ရပါသည်။ ။