နေပြည်တော်၊ ဧပြီ- ၉
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၄) သူရတပ်ခွဲ သင်တန်း ဆင်း ဂုဏ်ပြုညစာ စားပွဲကို ယနေ့ညပိုင်း တွင် ဗထူးတပ်မြို့ရှိ အဆိုပါဗိုလ်သင်တန်းကျောင်း စစ်ရာ ထူးခန့် ခန်းမဆောင်၌ ကျင်းပ ပြုလုပ်သည်။
ဂုဏ်ပြုညစာ စားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော် အရာရှိ ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး ၊ ဗထူးတပ်နယ်နှင့်ကလောတပ်နယ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းဆင်းအရာရှိများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အဖွဲ့ဝင်များနှင့်အတူ သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် လာကြ သူများနှင့်အတူ ညစာအတူတစ်ကွ သုံးဆောင်ကြ သည်။ ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များနှင့်အတူ ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့၏ ဂုဏ်ပြုတီးခတ်မှုများ ကို ကြည့်ရှု အားပေးပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။